MyTech Myanmar
  • သတင်း
  • ဗီဒီယိုများ
  • အမြန်နှုန်း
  • စမတ်ဖုန်းများ
ဝင်ရောက်ရန်သတိပေးချက်
ပိုကောင်းတဲ့ Chipset ပါလာတဲ့ Samsung Galaxy Z Flip8 ကို တရားဝင် မိတ်ဆက်
News
news၂၀၂၆ ဇူလိုင် ၂၃

ပိုကောင်းတဲ့ Chipset ပါလာတဲ့ Samsung Galaxy Z Flip8 ကို တရားဝင် မိတ်ဆက်

<p>လအတော်ကြာ သတင်းတွေနဲ့ ပေါက်ကြားမှုတွေ ထွက်ပေါ်ခဲ့ပြီးနောက် Samsung ဟာ London မှာ ပြုလုပ်ခဲ့တဲ့ Unpacked</p>

လအတော်ကြာ သတင်းတွေနဲ့ ပေါက်ကြားမှုတွေ ထွက်ပေါ်ခဲ့ပြီးနောက် Samsung ဟာ London မှာ ပြုလုပ်ခဲ့တဲ့ Unpacked ပွဲမှာ မော်ဒယ်သစ် Galaxy Z Flip8  အပါအဝင် နောက်ဆုံးပေါ် Galaxy Z ခေါက်ဖုန်းတွေကို တရားဝင် မိတ်ဆက်လိုက်ပါတယ်။ Samsung ရဲ့ Z Flip8 ခေါက်ဖုန်းသစ်မှာ Chipset အသစ်နဲ့အတူ One UI 9   ဆော့ဖ်ဝဲလ်လည်း ပါဝင်လာပါတယ်။

Samsung Galaxy Z Flip8 goes official with an upgraded chipset

Galaxy Z Flip8 ရဲ့ ဒီဇိုင်းပိုင်းဟာ အရင်မော်ဒယ်နဲ့ အတူတူပဲ ဖြစ်ပေမယ့် အမေရိကန်မှာ Snapdragon 8 Elite Gen 5 for Galaxy နဲ့ တခြားဒေသတွေမှာ Exynos 2600 Chipset ကို အသုံးပြုထားပါတယ်။

Samsung Galaxy Z Flip8 goes official with an upgraded chipset

မျက်နှာပြင် Specs တွေကလည်း Galaxy Z Flip7 အတိုင်းပဲ ဖြစ်ပါတယ်။ ဒီခေါက်ဖုန်းသစ်ရဲ့ အတွင်းဘက်မှာ 120Hz refresh rate နဲ့ Full-HD+ resolution ထောက်ပံ့ပေးတဲ့ ၆.၉ လက်မ Dynamic AMOLED 2X မျက်နှာပြင် ပါဝင်ပါတယ်။ အပြင်ဘက်မှာတော့ 120Hz refresh rate အထိ ထောက်ပံ့ပေးတဲ့ ၄.၁ လက်မ AMOLED မျက်နှာပြင် ပါဝင်ပါတယ်။

ဓာတ်ပုံရိုက်ကူးမှုအတွက် OIS ပါဝင်တဲ့ 50MP ပင်မ အနောက်ကင်မရာနဲ့ 12MP ultrawide ကင်မရာတို့ကို တွဲဖက်ပေးထားပါတယ်။ ဆဲလ်ဖီအတွက်ကတော့ အတွင်းမျက်နှာပြင်မှာ 10MP ကင်မရာ ပါဝင်ပါတယ်။

Samsung Galaxy Z Flip8 မှာ မနှစ်ကလိုပဲ 4,300mAh ဘက်ထရီ ပါဝင်ပြီး 25W ကြိုးနဲ့ အားသွင်းစနစ်နဲ့ 15W ကြိုးမဲ့ အားသွင်းစနစ်တို့ကို ထောက်ပံ့ပေးထားပါတယ်။ ဆော့ဖ်ဝဲလ်အပိုင်းမှာတော့ Android 17 အခြေခံ One UI 9 နဲ့ မောင်းနှင်မှာဖြစ်ပြီး ဖုန်နဲ့ ရေဝင်ရောက်မှုကို ကာကွယ်ပေးနိုင်တဲ့ IP48 rating လည်း ရရှိထားပါတယ်။

အဲဒီဖုန်းကို Cream, Graphite နဲ့ Pink အရောင်တွေနဲ့ 12GB/256GB နဲ့ 12GB/512GB ဗားရှင်းတွေ ရရှိနိုင်ပါတယ်။ Mint အရောင် ဗားရှင်းကိုတော့ Samsung အွန်လိုင်းစတိုးမှာပဲ သီးသန့် ရရှိနိုင်မှာ ဖြစ်ပါတယ်။ ဈေးနှုန်းက ၁,၁၉၉ ဒေါ်လာကစပါတယ်။

Ref: gsmarena

ဆက်စပ်သတင်းများ

ဥရောပမှာ မျက်မမြင်တွေ စာပြန်ဖတ်နိုင်အောင် ကူညီပေးနိုင်မယ့် ထူးဆန်းတဲ့ မျက်စိစက်ပစ္စည်း ပေါ်ထွက်လာ

8/2/2026

အမေရိကန်မှာ AI ဒေတာစင်တာတွေကို ကာကွယ်ဖို့ ဒေါ်လာ ၃ သိန်းတန် စက်ရုပ်ခွေးများ စတင်တာဝန်ယူ

8/2/2026

Tesla ကို အလဲထိုးဖို့ ပြင်ဆင်လာတဲ့ BYD ရဲ့ ပထမဆုံး လူတူစက်ရုပ်တွေ သြဂုတ်လမှာ စတင် မြင်တွေ့ရမယ်

8/2/2026

  • ပင်မ
  • သတင်း
  • ဗီဒီယိုများ
  • စမတ်ဖုန်းများ
MyTech Myanmar

နည်းပညာ၊ ဖုန်း နှင့် Gadget သတင်းများ | Reviews & Updates

ဆောင်းပါးကဏ္ဍ

သတင်းဗီဒီယိုများ

ဈေးနှုန်းကဏ္ဍ

ဖုန်းအားလုံးဈေးနှုန်းကျဆင်းမှုအကောင်းဆုံးဈေးနှုန်းဖုန်းနှိုင်းယှဉ်ရန်ဖုန်းဆိုင်များ

ဆက်သွယ်ရန်

FacebookYouTubeInstagramTikTok

© 2026 MyTech Myanmar. မူပိုင်ခွင့်အားလုံး ထိန်းသိမ်းထားသည်။

mytechmyanmar.com