MyTech Myanmar
  • သတင်း
  • ဗီဒီယိုများ
  • အမြန်နှုန်း
  • စမတ်ဖုန်းများ
ဝင်ရောက်ရန်သတိပေးချက်
တရုတ် ကုမ္ပဏီတွေကို မယှဉ်နိုင်လို့ တရုတ် အိမ်သုံးလျှပ်စစ်ပစ္စည်းဈေးကွက် ကို နှုတ်ဆက်လိုက်တဲ့ Samsung
News
news၂၀၂၆ မေ ၁၁

တရုတ် ကုမ္ပဏီတွေကို မယှဉ်နိုင်လို့ တရုတ် အိမ်သုံးလျှပ်စစ်ပစ္စည်းဈေးကွက် ကို နှုတ်ဆက်လိုက်တဲ့ Samsung

<p>တရုတ်ပြည်တွင်း ကုမ္ပဏီတွေရဲ့ ထိုးစစ်ကို မခံနိုင်တော့တဲ့အဆုံး Samsung ကတော့ တရုတ်အိမ်သုံးလျှပ်စစ်ပစ္စည်းဈေးကွက်ကနေ လက်မြှောက်အရှုံးပေးပြီး ထွက်ခွာလိုက်ပြီ ဖြစ်ပါတယ်။</p>

တရုတ်ပြည်တွင်း ကုမ္ပဏီတွေရဲ့ ထိုးစစ်ကို မခံနိုင်တော့တဲ့အဆုံး Samsung ကတော့ တရုတ်အိမ်သုံးလျှပ်စစ်ပစ္စည်းဈေးကွက်ကနေ လက်မြှောက်အရှုံးပေးပြီး ထွက်ခွာလိုက်ပြီ ဖြစ်ပါတယ်။

တရုတ်ကုမ္ပဏီတွေက ဈေးနှုန်းချိုချိုနဲ့ နည်းပညာအလန်းစားတွေ ထုတ်လာနိုင်တာကြောင့် Samsung ရဲ့ အိမ်သုံးပစ္စည်းနဲ့ တီဗီရောင်းအားဟာ တရိပ်ရိပ်ထိုးကျသွားခဲ့တာပါ။

ဒါပေမဲ့ ဝယ်ပြီးသားပစ္စည်းတွေအတွက် ပြုပြင်ထိန်းသိမ်းရေးဝန်ဆောင်မှုတွေကိုတော့ စားသုံးသူတွေ စိတ်မပူရအောင် ဆက်လက်ပေးအပ်သွားဦးမှာပါ။

Photos: Reuters

တရုတ်ဈေးကွက်မှာ အိမ်သုံးပစ္စည်းတွေ ရောင်းတာရပ်လိုက်ပေမဲ့ ဆူကျိုးက Samsung စက်ရုံကြီးကတော့ ဆက်ရှိနေဦးမှာပါ။ ဒါပေမဲ့ အဲဒီစက်ရုံကထွက်တဲ့ ပစ္စည်းတွေကို တရုတ်ပြည်ထဲမှာ မရောင်းတော့ဘဲ တခြားနိုင်ငံတွေကို တင်ပို့ဖို့အတွက်ပဲ သီးသန့်ထုတ်လုပ်တော့မှာ ဖြစ်ပါတယ်။

အခုတော့ Samsung ဟာ တရုတ်ပြည်မှာ အရှုံးပေါ်နေတဲ့ အိမ်သုံးပစ္စည်းတွေဘက်ကနေ လှည့်ထွက်ပြီး အမြတ်ရနိုင်တဲ့ စမတ်ဖုန်းနဲ့ ဆီမီးကွန်ဒတ်တာ (Chip) လုပ်ငန်းတွေအပေါ်မှာပဲ အင်တိုက်အားတိုက် အာရုံစိုက်သွားတော့မှာပါ။

Samsung Electronics Exits China's Appliance Market; Domestic Leaders Accelerate High-End Dominance — BigGo Finance

ဒီလို ဈေးကွက်ပြောင်းလဲမှုဟာ တရုတ်မှာတင်မကဘဲ တစ်ကမ္ဘာလုံးက Samsung ရဲ့ အိမ်သုံးပစ္စည်းလုပ်ငန်းတွေအထိပါ ရိုက်ခတ်လာနိုင်ပါတယ်။

ရေခဲသေတ္တာနဲ့ အဝတ်လျှော်စက်လို အဓိကပစ္စည်းတွေကိုတော့ Samsung ကိုယ်တိုင် ဆက်ထုတ်မှာဖြစ်ပေမဲ့ ပန်းကန်ဆေးစက်နဲ့ မိုက်ခရိုဝေ့ဖ်မီးဖိုလို ပစ္စည်းတွေကိုတော့ တခြားကုမ္ပဏီတွေဆီ အပ်ပြီးထုတ်ခိုင်းတဲ့ စနစ်ကို ပြောင်းဖို့ ပြင်ဆင်နေပါတယ်။

ဒါဟာ နည်းပညာလောကရဲ့ ထိပ်သီးကြီး Samsung အတွက်တော့ လုပ်ငန်းလည်ပတ်ပုံကို အကြီးအကျယ် ခွဲစိတ်ပြုပြင်လိုက်တာပဲ ဖြစ်ပါတယ်။

Ref: Bangkokpost

ဆက်စပ်သတင်းများ

ဥရောပမှာ မျက်မမြင်တွေ စာပြန်ဖတ်နိုင်အောင် ကူညီပေးနိုင်မယ့် ထူးဆန်းတဲ့ မျက်စိစက်ပစ္စည်း ပေါ်ထွက်လာ

8/2/2026

အမေရိကန်မှာ AI ဒေတာစင်တာတွေကို ကာကွယ်ဖို့ ဒေါ်လာ ၃ သိန်းတန် စက်ရုပ်ခွေးများ စတင်တာဝန်ယူ

8/2/2026

Tesla ကို အလဲထိုးဖို့ ပြင်ဆင်လာတဲ့ BYD ရဲ့ ပထမဆုံး လူတူစက်ရုပ်တွေ သြဂုတ်လမှာ စတင် မြင်တွေ့ရမယ်

8/2/2026

  • ပင်မ
  • သတင်း
  • ဗီဒီယိုများ
  • စမတ်ဖုန်းများ
MyTech Myanmar

နည်းပညာ၊ ဖုန်း နှင့် Gadget သတင်းများ | Reviews & Updates

ဆောင်းပါးကဏ္ဍ

သတင်းဗီဒီယိုများ

ဈေးနှုန်းကဏ္ဍ

ဖုန်းအားလုံးဈေးနှုန်းကျဆင်းမှုအကောင်းဆုံးဈေးနှုန်းဖုန်းနှိုင်းယှဉ်ရန်ဖုန်းဆိုင်များ

ဆက်သွယ်ရန်

FacebookYouTubeInstagramTikTok

© 2026 MyTech Myanmar. မူပိုင်ခွင့်အားလုံး ထိန်းသိမ်းထားသည်။

mytechmyanmar.com