MyTech Myanmar
  • သတင်း
  • ဗီဒီယိုများ
  • အမြန်နှုန်း
  • စမတ်ဖုန်းများ
ဝင်ရောက်ရန်သတိပေးချက်
AI Chatbot တွေပါတဲ့ Sharp ရဲ့ တီဗီတွေ လာပြီ
News
news၂၀၂၆ မေ ၁၅

AI Chatbot တွေပါတဲ့ Sharp ရဲ့ တီဗီတွေ လာပြီ

<p>တီဗွီကြည့်ရုံတင်မကဘဲ တီဗွီထဲက လူနဲ့တူတဲ့ AI ဇာတ်ကောင်တွေနဲ့ပါ အပြန်အလှန် စကားပြောနိုင်တော့မယ့် ခေတ်ကို Sharp ကုမ္ပဏီက</p>

တီဗွီကြည့်ရုံတင်မကဘဲ တီဗွီထဲက လူနဲ့တူတဲ့ AI ဇာတ်ကောင်တွေနဲ့ပါ အပြန်အလှန် စကားပြောနိုင်တော့မယ့် ခေတ်ကို Sharp ကုမ္ပဏီက စတင်လိုက်ပါပြီ။

Sharp ရဲ့ AQUOS မော်ဒယ်သစ် ၁၅ မျိုးမှာ Daiki နဲ့ Ayumi လို့ခေါ်တဲ့ AI ဇာတ်ကောင်တွေ ပါဝင်လာမှာဖြစ်ပြီး သူတို့ဟာ ဖန်သားပြင်ပေါ်မှာ ပေါ်လာကာ သင့်ကို အဖော်လုပ် စကားပြောပေးမှာပါ။

လာမယ့် မေလ ၂၃ ရက်နေ့မှာ စတင်ဖြန့်ချိမယ့် ဒီတီဗွီတွေဟာ ယန်း ၂၇၅,၀၀၀ ကနေ ၉၃၅,၀၀၀ ကြား (မြန်မာငွေ သိန်းရာချီ) တန်ကြေးရှိတဲ့ အဆင့်မြင့် နည်းပညာထုတ်ကုန်တွေ ဖြစ်ပါတယ်။

ဒီတီဗွီတွေက သင့်ကို စကားပြန်ပြောရုံတင်မကဘဲ သင့်ရဲ့ ဝါသနာနဲ့ အဲဒီအချိန်မှာ ဖြစ်ပေါ်နေတဲ့ စိတ်ခံစားချက် (Mood) ကိုပါ နားလည်ပေးနိုင်ပါတယ်။

ဥပမာ- သင် စိတ်ညစ်နေတဲ့အချိန် ဒါမှမဟုတ် ပျော်နေတဲ့အချိန်မှာ သင့်ရဲ့ စိတ်အခြေအနေနဲ့ အကိုက်ညီဆုံးဖြစ်မယ့် ရုပ်ရှင် ဒါမှမဟုတ် အစီအစဉ်တွေကို AI ကနေ ရွေးချယ်အကြံပြုပေးမှာပါ။

ဒီစနစ်ဟာ ကမ္ဘာကျော် ChatGPT နည်းပညာကို အခြေခံထားတာဖြစ်လို့ တီဗွီနဲ့ စကားပြောရတာဟာ လူတစ်ယောက်နဲ့ ပြောနေရသလိုမျိုး အတွေ့အကြုံသစ်ကို ပေးစွမ်းနိုင်မှာ ဖြစ်ပါတယ်။

Sharp's AI Partner – Providing Various Services to Suit Your Personal Lifestyle : SHARP Blog

အသုံးပြုသူတွေအနေနဲ့ တစ်လကို အကြိမ် ၅၀ အထိ AI နဲ့ အခမဲ့ စကားပြောနိုင်မှာဖြစ်ပြီး၊ တစ်လကို ၄၉၅ ယန်း (၁ ဒေါ်လာခွဲခန့်) ထပ်မံပေးဆောင်ရင်တော့ အကြိမ် ၄၀၀ အထိ အဝပြောနိုင်မှာပါ။

Sharp ကုမ္ပဏီကတော့ အခုလို AI နည်းပညာကို အသုံးပြုပြီး တီဗွီတွေကို ဖျော်ဖြေရေးပစ္စည်းသက်သက်ထက် ပိုတဲ့၊ မိသားစုဝင်တစ်ယောက်လို အဖော်ပြုပေးနိုင်တဲ့ အသုံးအဆောင်တွေအဖြစ် ပြောင်းလဲပစ်ဖို့ ရည်မှန်းထားပါတယ်။

Ref: Nation Thailand

ဆက်စပ်သတင်းများ

AI က လူသားမျိုးနွယ်တစ်ခုလုံးကို ဘယ်လို သတ်နိုင်သလဲ?

9/23/2026

တရုတ် စက်ရုပ်အကအဖွဲ့ America's Got Talent ဗိုလ်လုပွဲကို တက်လှမ်း

9/23/2026

AI စည်းမျဉ်းသစ်တွေကို ပိတ်ပင်ဖို့ နည်းပညာအကျော်အမော်တွေဖြစ်တဲ့ Musk နဲ့ Zuckerberg တို့ Trump နဲ့ သွားရောက်တွေ့ဆုံ

9/23/2026

  • ပင်မ
  • သတင်း
  • ဗီဒီယိုများ
  • စမတ်ဖုန်းများ
MyTech Myanmar

နည်းပညာ၊ ဖုန်း နှင့် Gadget သတင်းများ | Reviews & Updates

ဆောင်းပါးကဏ္ဍ

သတင်းဗီဒီယိုများ

ဈေးနှုန်းကဏ္ဍ

ဖုန်းအားလုံးဈေးနှုန်းကျဆင်းမှုအကောင်းဆုံးဈေးနှုန်းဖုန်းနှိုင်းယှဉ်ရန်ဖုန်းဆိုင်များ

ဆက်သွယ်ရန်

FacebookYouTubeInstagramTikTok

© 2026 MyTech Myanmar. မူပိုင်ခွင့်အားလုံး ထိန်းသိမ်းထားသည်။

mytechmyanmar.com