Singapore အခြေစိုက် နည်းပညာကုမ္ပဏီ OMOWAY ကနေ ကမ္ဘာ့ပထမဆုံး ကိုယ်တိုင်ဟန်ချက်ထိန်းနိုင်တဲ့ လျှပ်စစ်ဆိုင်ကယ် OMO X ကို အမိုက်စား မိတ်ဆက်လိုက်ပါတယ်။ ဘီးနှစ်ဘီးတပ်ထားပေမယ့် လဲကျသွားဖို့ လုံးဝမပူရတော့တဲ့ အဲဒီဆိုင်ကယ်ကို အခုဆိုရင် အမြောက်အမြား စတင်ထုတ်လုပ်နေပြီဖြစ်ပြီး လာမယ့် ၂၀၂၆ ခုနှစ် ဧပြီလကုန်မှာ Indonesia နိုင်ငံမှာ ကြိုတင်မှာယူနိုင်တော့မှာပါ။ တရားဝင်မိတ်ဆက်ပွဲကိုတော့ မေလကုန်မှာ Jakarta မြို့မှာ ကျင်းပသွားမှာ ဖြစ်ပါတယ်။

The world's first self-balancing electric motorcycle is now entering production | Electrek

OMO X ရဲ့ အသက်သွေးကြောကတော့ ဆိုင်ကယ်တစ်စီးကို ဘီးနှစ်ဘီးတပ် စက်ရုပ်တစ်ရုပ်အဖြစ် အသွင်ပြောင်းပေးလိုက်တဲ့ OMO-ROBOT စနစ်ပဲ ဖြစ်ပါတယ်။ အဲဒီစနစ်မှာ ယာဉ်မောင်းသူကိုချည်း အားမကိုးဘဲ ဆိုင်ကယ်ကို သူ့ဟာသူ မတ်မတ်ရပ်နေစေဖို့ အမြင်အာရုံခံကိရိယာတွေ၊ အမြန်နှုန်းမြင့် တွက်ချက်မှုစနစ်နဲ့ ရုပ်ပိုင်းဆိုင်ရာ တည်ငြိမ်မှုနည်းပညာတွေကို အချိုးကျကျ ပေါင်းစပ်ဖွဲ့စည်းထားတာပါ။

ဒီဆိုင်ကယ်မှာ အံ့သြစရာအကောင်းဆုံးကတော့ ဂြိုဟ်တုတွေမှာ အသုံးပြုတဲ့ Control Moment Gyroscope (CMG) နည်းပညာကို ထည့်သွင်းတပ်ဆင်ထားတာပါပဲ။ ဒါကြောင့် အရှိန်နှေးနေချိန် ဒါမှမဟုတ် လမ်းမှာ ခဏရပ်နေချိန်တွေမှာတောင် ခြေထောက်ချောက်စရာမလိုဘဲ အလိုအလျောက် ဟန်ချက်ထိန်းပေးထားနိုင်လို့ ဆိုင်ကယ်စမောင်းမယ့် လူသစ်တွေအတွက်တောင် အရမ်းကို လုံခြုံစိတ်ချရပါတယ်။

Omoway unveils Omo-Robot architecture and begins mass production of self-balancing OMO X e-motorcycle - NotebookCheck.net News

ဒါ့အပြင် မိုးရွာလို့ လမ်းချော်တာကို ကာကွယ်ပေးတာ၊ အကွေ့တွေမှာ ထိန်းပေးတာနဲ့ အရေးပေါ် အတားအဆီးတွေကို ရှောင်ရှားပေးတာစတဲ့ ဘေးကင်းလုံခြုံရေး လုပ်ဆောင်ချက်တွေလည်း ပါဝင်ပြီး အာရုံခံကိရိယာတွေက မီလီစက္ကန့်အတွင်း ချက်ချင်း တုံ့ပြန်လုပ်ဆောင်ပေးမှာ ဖြစ်ပါတယ်။

OMOWAY ကုမ္ပဏီက အဲဒီ OMO X ဆိုင်ကယ်တွေကို Indonesia နိုင်ငံ ဈေးကွက်မှာ စတင်ရောင်းချသွားမှာဖြစ်ပြီး Jakarta, Bandung, Surabaya နဲ့ Bali စတဲ့ မြို့ကြီးတွေမှာ အရောင်းဆိုင် ၁၀၀ ကျော်အထိ ဖွင့်လှစ်သွားဖို့ စီစဉ်ထားပါတယ်။ ဈေးနှုန်းနဲ့ အသေးစိတ် အချက်အလက်တွေကိုတော့ ဈေးကွက်ထဲ အမှန်တကယ် မဖြန့်ချိခင် အချိန်နီးကပ်မှသာ အထူးအစီအစဉ်အနေနဲ့ ထုတ်ပြန်ကြေညာသွားမှာ ဖြစ်ပါတယ်။

Ref: Technology Innovation