MyTech Myanmar
  • သတင်း
  • ဗီဒီယိုများ
  • အမြန်နှုန်း
  • စမတ်ဖုန်းများ
ဝင်ရောက်ရန်သတိပေးချက်
Samsung ကို ဒေါ်လာ ၅ သန်းနဲ့ တရားစွဲလိုက်တဲ့ ကမ္ဘာကျော် အဆိုတော် Dua Lipa
News
news၂၀၂၆ မေ ၁၂

Samsung ကို ဒေါ်လာ ၅ သန်းနဲ့ တရားစွဲလိုက်တဲ့ ကမ္ဘာကျော် အဆိုတော် Dua Lipa

<p>နာမည်ကျော် ကမ္ဘာကျော်အဆိုတော် Dua Lipa ဟာ သူမရဲ့ ပုံရိပ်ကို ခွင့်ပြုချက်မရှိဘဲ တီဗီဗူးခွံတွေပေါ်မှာ အသုံးပြုခဲ့တဲ့အတွက်</p>

နာမည်ကျော် ကမ္ဘာကျော်အဆိုတော် Dua Lipa ဟာ သူမရဲ့ ပုံရိပ်ကို ခွင့်ပြုချက်မရှိဘဲ တီဗီဗူးခွံတွေပေါ်မှာ အသုံးပြုခဲ့တဲ့အတွက် ကိုရီးယားနည်းပညာ ကုမ္ပဏီကြီး Samsung ကို တရားစွဲဆိုလိုက်ပါတယ်။

၂၀၂၄ ခုနှစ်က တက္ကဆက်ပြည်နယ် ဂီတပွဲတော်တစ်ခုမှာ ရိုက်ထားတဲ့ သူမရဲ့ နောက်ကွယ်က ဓာတ်ပုံတစ်ပုံကို Samsung က ခွင့်ပြုချက်မတောင်းဘဲ တီဗီထုပ်ပိုးမှုတွေမှာ အသုံးပြုခဲ့တာဖြစ်ပြီး၊ ဒါဟာ မူပိုင်ခွင့်နဲ့ ပုဂ္ဂိုလ်ရေးဆိုင်ရာ အခွင့်အရေးတွေကို ပြောင်ပြောင်တင်းတင်း ချိုးဖောက်တာလို့ စွပ်စွဲထားပါတယ်။

Dua Lipa sues Samsung for $15 million over alleged unauthorised use of image on TV packaging - Storyboard18

အမေရိကန်တစ်ဝန်းမှာ သူမရဲ့ ပုံပါတဲ့ “Dua Lipa TV Box” တွေ ရောင်းချနေတာကို ၂၀၂၅ ခုနှစ် ဇွန်လမှာ သိရှိခဲ့ရတာ ဖြစ်ပါတယ်။ ဒီကိစ္စနဲ့ပတ်သက်ပြီး အသုံးပြုတာ ရပ်တန့်ဖို့ ကုမ္ပဏီကို အကြောင်းကြားခဲ့ပေမဲ့ Samsung ဘက်က အလေးမထားဘဲ လျစ်လျူရှုခဲ့တာကြောင့် အခုလို ဒေါ်လာ ၅ သန်း နစ်နာကြေးတောင်းကာ တရားရင်ဆိုင်ဖို့ ဆုံးဖြတ်ခဲ့တာပါ။

Dua Lipa ဘက်ကတော့ သူမအနေနဲ့ ဒီလိုမျိုး အသုံးပြုဖို့ ဘယ်တုန်းကမှ ခွင့်မပြုခဲ့သလို၊ အနာဂတ်မှာလည်း ခွင့်ပြုမှာမဟုတ်ဘူးလို့ အခိုင်အမာ ပြောထားပါတယ်။

Dua Lipa sues Samsung The $15 million TV box lawsuit explained - India Today

အဆိုးဆုံးကတော့ Samsung ဟာ Dua Lipa ကို အသုံးပြုပြီး ထုတ်ကုန်ကို ကြော်ငြာသလိုမျိုး ပရိသတ်တွေကို အထင်မှားအောင် လုပ်ဆောင်ခဲ့တာပဲ ဖြစ်ပါတယ်။

လူမှုကွန်ရက် X ပေါ်မှာဆိုရင် ပရိသတ်အချို့က “တီဗီဝယ်ဖို့ အစီအစဉ်မရှိပေမဲ့ ဗူးပေါ်မှာ Dua Lipa ပုံပါနေလို့ ဝယ်လိုက်တာ” ဆိုပြီး ရေးသားနေကြတဲ့အတွက် ကုမ္ပဏီဟာ သူမရဲ့ ပုံရိပ်ကို အသုံးချပြီး အကျိုးအမြတ်တွေ ရယူခဲ့တယ်လို့ တရားစွဲဆိုမှုမှာ အလေးပေး ဖော်ပြထားပါတယ်။

Ref: Bangkokpost

ဆက်စပ်သတင်းများ

ဥရောပမှာ မျက်မမြင်တွေ စာပြန်ဖတ်နိုင်အောင် ကူညီပေးနိုင်မယ့် ထူးဆန်းတဲ့ မျက်စိစက်ပစ္စည်း ပေါ်ထွက်လာ

8/2/2026

အမေရိကန်မှာ AI ဒေတာစင်တာတွေကို ကာကွယ်ဖို့ ဒေါ်လာ ၃ သိန်းတန် စက်ရုပ်ခွေးများ စတင်တာဝန်ယူ

8/2/2026

Tesla ကို အလဲထိုးဖို့ ပြင်ဆင်လာတဲ့ BYD ရဲ့ ပထမဆုံး လူတူစက်ရုပ်တွေ သြဂုတ်လမှာ စတင် မြင်တွေ့ရမယ်

8/2/2026

  • ပင်မ
  • သတင်း
  • ဗီဒီယိုများ
  • စမတ်ဖုန်းများ
MyTech Myanmar

နည်းပညာ၊ ဖုန်း နှင့် Gadget သတင်းများ | Reviews & Updates

ဆောင်းပါးကဏ္ဍ

သတင်းဗီဒီယိုများ

ဈေးနှုန်းကဏ္ဍ

ဖုန်းအားလုံးဈေးနှုန်းကျဆင်းမှုအကောင်းဆုံးဈေးနှုန်းဖုန်းနှိုင်းယှဉ်ရန်ဖုန်းဆိုင်များ

ဆက်သွယ်ရန်

FacebookYouTubeInstagramTikTok

© 2026 MyTech Myanmar. မူပိုင်ခွင့်အားလုံး ထိန်းသိမ်းထားသည်။

mytechmyanmar.com