MyTech Myanmar
  • သတင်း
  • ဗီဒီယိုများ
  • အမြန်နှုန်း
  • စမတ်ဖုန်းများ
ဝင်ရောက်ရန်သတိပေးချက်
ဂျပန်မှာ SkyDrive ရဲ့ မောင်းသူမဲ့ ကားပျံ လာတော့မည်
News
news၂၀၂၆ ဧပြီ ၂၅

ဂျပန်မှာ SkyDrive ရဲ့ မောင်းသူမဲ့ ကားပျံ လာတော့မည်

<p>ဂျပန်နိုင်ငံရဲ့ SkyDrive startup ကုမ္ပဏီဟာ သူတို့ရဲ့ SD-05 ကားပျံကို တိုကျိုပင်လယ်အော်မှာ အောင်အောင်မြင်မြင် စမ်းသပ်ပျံသန်းပြခဲ့ပါတယ်။</p>

ဂျပန်နိုင်ငံရဲ့ SkyDrive startup ကုမ္ပဏီဟာ သူတို့ရဲ့ SD-05 ကားပျံကို တိုကျိုပင်လယ်အော်မှာ အောင်အောင်မြင်မြင် စမ်းသပ်ပျံသန်းပြခဲ့ပါတယ်။ ဒီလျှပ်စစ်ယာဉ်ဟာ ရဟတ်ယာဉ်ထက် ဆူညံသံပိုနည်းပြီး ပတ်ဝန်းကျင်ကို ညစ်ညမ်းစေတဲ့ ဓာတ်ငွေ့လည်း လုံးဝထုတ်လွှတ်မှာ မဟုတ်ပါဘူး။

Suzuki နဲ့ ပူးပေါင်းထုတ်လုပ်ထားတဲ့ ဒီကားဟာ လူစည်ကားတဲ့ မြို့ပြတွေမှာ ယာဉ်ကြောပိတ်ဆို့မှုကို ကျော်ဖြတ်ပြီး အထပ်မြင့်အဆောက်အအုံတွေရဲ့ အိမ်ခေါင်မိုးပေါ်မှာ ဆင်းတက်နိုင်ဖို့ ရည်ရွယ်ထားတာ ဖြစ်ပါတယ်။

Japan accepts SkyDrive's flying car type certification application [Updated]

ဒီစမ်းသပ်မှုမှာ ယာဉ်တင်မကဘဲ ခရီးသည်တွေအတွက် လေဆိပ် terminal အသေးစားလေးကိုပါ ပြသခဲ့ပါတယ်။ မျက်နှာမှတ်မိစနစ် (Facial Recognition) နဲ့ ကိုယ်အလေးချိန် တိုင်းတာတာတွေကို အသုံးပြုပြီး ခရီးသည်စစ်ဆေးမှုတွေကို စက္ကန့်ပိုင်းအတွင်း လုပ်ဆောင်မှာပါ။

SkyDrive ဟာ ၂၀၂၈ ခုနှစ်မှာ အိုဆာကာနဲ့ အိုအီတာဒေသတွေမှာ ခရီးသွားလုပ်ငန်းအတွက် စတင်ပြေးဆွဲဖို့ ပြင်ဆင်နေပြီး၊ ၂၀၃၀ ဝန်းကျင်မှာတော့ တိုကျိုမြို့လယ်ခေါင်အထိ လုပ်ငန်းတွေ တိုးချဲ့ဖို့ မျှော်လင့်ထားပါတယ်။ ဈေးနှုန်းပိုင်းမှာလည်း တက္ကစီခရဲ့ နှစ်ဆလောက်ပဲ ရှိနိုင်မယ်လို့ ခန့်မှန်းထားတာကြောင့် တကယ်ကို စိတ်လှုပ်ရှားစရာပါ။

SkyDrive gives up commercial use of flying car at Osaka Expo|Arab News Japan

ဒါပေမဲ့ နည်းပညာတွေ ဘယ်လောက်တိုးတက်ပါစေ လူထုရဲ့ လက်ခံမှုက အဓိက စိန်ခေါ်မှု ဖြစ်နေပါတယ်။ “အပေါ်ကနေ ပြုတ်ကျမလား” ဆိုတဲ့ စိုးရိမ်စိတ်နဲ့ ဘေးကင်းလုံခြုံမှုအပေါ် ယုံကြည်မှုရအောင် တည်ဆောက်ဖို့ လိုအပ်နေပါသေးတယ်။

ဒါ့အပြင် မြို့ပြရဲ့ လေပြင်းဒဏ်တွေကို ခံနိုင်ရည်ရှိဖို့နဲ့ ခရီးစဉ်တွေ စိတ်ချလက်ချ ပြေးဆွဲနိုင်ဖို့ကလည်း အရေးကြီးပါတယ်။ အနှစ်ချုပ်ရရင်တော့ အနာဂတ်ရဲ့ ကားပျံတွေဟာ ကောင်းကင်ယံမှာတင်မကဘဲ လူတွေရဲ့ စိတ်ထဲမှာပါ နေရာယူနိုင်ဖို့ ကြိုးစားနေရတဲ့ အဆင့်မှာ ရှိနေတာပဲ ဖြစ်ပါတယ်။

Ref: Nation Thailand

ဆက်စပ်သတင်းများ

ဥရောပမှာ မျက်မမြင်တွေ စာပြန်ဖတ်နိုင်အောင် ကူညီပေးနိုင်မယ့် ထူးဆန်းတဲ့ မျက်စိစက်ပစ္စည်း ပေါ်ထွက်လာ

8/2/2026

အမေရိကန်မှာ AI ဒေတာစင်တာတွေကို ကာကွယ်ဖို့ ဒေါ်လာ ၃ သိန်းတန် စက်ရုပ်ခွေးများ စတင်တာဝန်ယူ

8/2/2026

Tesla ကို အလဲထိုးဖို့ ပြင်ဆင်လာတဲ့ BYD ရဲ့ ပထမဆုံး လူတူစက်ရုပ်တွေ သြဂုတ်လမှာ စတင် မြင်တွေ့ရမယ်

8/2/2026

  • ပင်မ
  • သတင်း
  • ဗီဒီယိုများ
  • စမတ်ဖုန်းများ
MyTech Myanmar

နည်းပညာ၊ ဖုန်း နှင့် Gadget သတင်းများ | Reviews & Updates

ဆောင်းပါးကဏ္ဍ

သတင်းဗီဒီယိုများ

ဈေးနှုန်းကဏ္ဍ

ဖုန်းအားလုံးဈေးနှုန်းကျဆင်းမှုအကောင်းဆုံးဈေးနှုန်းဖုန်းနှိုင်းယှဉ်ရန်ဖုန်းဆိုင်များ

ဆက်သွယ်ရန်

FacebookYouTubeInstagramTikTok

© 2026 MyTech Myanmar. မူပိုင်ခွင့်အားလုံး ထိန်းသိမ်းထားသည်။

mytechmyanmar.com