MyTech Myanmar
  • သတင်း
  • ဗီဒီယိုများ
  • အမြန်နှုန်း
  • စမတ်ဖုန်းများ
ဝင်ရောက်ရန်သတိပေးချက်
ကလေးတွေ ဆိုရှယ်မီဒီယာ သုံးတာဟာ ဆေးလိပ်သောက်သလို အန္တရာယ်ရှိ
News
news၂၀၂၆ မေ ၂၇

ကလေးတွေ ဆိုရှယ်မီဒီယာ သုံးတာဟာ ဆေးလိပ်သောက်သလို အန္တရာယ်ရှိ

<p>ကလေးတွေအတွက် ဆိုရှယ်မီဒီယာဟာ ဆေးလိပ်သောက်တာလိုပဲ အန္တရာယ်ရှိတယ်လို့ ဗြိတိန်ရဲ့ ထိပ်တန်းဆရာဝန်ကြီးတွေက သတိပေးလိုက်ပြီး ကလေးငယ်တွေ အွန်လိုင်းအသုံးပြုချိန် များပြားတာကြောင့်</p>

ကလေးတွေအတွက် ဆိုရှယ်မီဒီယာဟာ ဆေးလိပ်သောက်တာလိုပဲ အန္တရာယ်ရှိတယ်လို့ ဗြိတိန်ရဲ့ ထိပ်တန်းဆရာဝန်ကြီးတွေက သတိပေးလိုက်ပြီး ကလေးငယ်တွေ အွန်လိုင်းအသုံးပြုချိန် များပြားတာကြောင့် ဖြစ်ပေါ်လာတဲ့ ဆိုးကျိုးတွေကို ဖြေရှင်းပေးဖို့ ဥပဒေပြုအမတ်တွေကို တိုက်တွန်းလိုက်ပါတယ်။

ဆရာဝန်တွေရဲ့ လေ့လာမှုအရ ကလေးတွေဟာ အွန်လိုင်းမှာ အကြမ်းဖက်မှုတွေနဲ့ အစွန်းရောက် ညစ်ညမ်းရုပ်ပုံစာပေတွေကို မြင်တွေ့ရတာကြောင့် စိတ်ဒဏ်ရာရတာနဲ့ ကိုယ်ခန္ဓာထိခိုက်ဒဏ်ရာရတာတွေအထိ ကြုံတွေ့နေရတယ်လို့ ဆိုပါတယ်။

စစ်တမ်းကောက်ယူခဲ့တဲ့ ဆရာဝန်တွေထဲက ထက်ဝက်ကျော်ဟာ နည်းပညာနဲ့ စက်ပစ္စည်းတွေကြောင့် ကလေးတွေ ကျန်းမာရေးထိခိုက်ရတဲ့ ဖြစ်စဉ်တွေကို အပတ်စဉ် တွေ့ကြုံနေရတယ်လို့ ရှင်းပြထားပါတယ်။

A teenager looks at her mobile phone in Sydney, Australia, where a law banning social media for users under 16 took effect last year. (Photo: Reuters)

အဲဒီပြဿနာကို ဖြေရှင်းဖို့အတွက် ဗြိတိန်အစိုးရဟာ အသက် ၁၆ နှစ်အောက် ကလေးတွေကို ဆိုရှယ်မီဒီယာ အသုံးပြုခွင့် ပိတ်ပင်ဖို့၊ အသုံးပြုချိန် ကန့်သတ်ဖို့နဲ့ စွဲလမ်းစေမယ့် နည်းပညာတွေကို တားမြစ်ဖို့ အများပြည်သူရဲ့ သဘောထားတွေကို ကောက်ခံနေပါတယ်။

နည်းပညာဝန်ကြီး လစ်ဇ်ကန်းဒေါလ်ကလည်း အသက် ၁၆ နှစ်အောက် ကလေးတွေကို ဆိုရှယ်မီဒီယာ ပိတ်ပင်တာ ဒါမှမဟုတ် တခြားလုပ်ဆောင်ချက်တွေကို ကန့်သတ်တာမျိုးကို မဖြစ်မနေ လုပ်ဆောင်သွားမယ်လို့ ပြောကြားခဲ့ပါတယ်။

လက်ရှိမှာ ဗြိတိန်က မိသားစုအတော်များများဟာ ဆိုရှယ်မီဒီယာ ပိတ်ပင်တာနဲ့ အချိန်ကန့်သတ်တာတွေက ကလေးတွေရဲ့ အိပ်စက်မှု၊ မိသားစုဘဝနဲ့ ကျောင်းစာတွေအပေါ် ဘယ်လိုသက်ရောက်မှုရှိလဲဆိုတာကို စမ်းသပ်ကြည့်နေကြပါတယ်။

Pros and Cons of Parents Monitoring Social Media: What You Need to Know

ဒါပေမဲ့ အဲဒီလို လုံးဝပိတ်ပင်လိုက်တာမျိုးက ဘယ်လောက်အထိ ထိရောက်မှုရှိမလဲဆိုတဲ့အပေါ် ကျွမ်းကျင်သူတွေကြားမှာ သဘောထားကွဲလွဲမှုတွေ ရှိနေပါတယ်။

ဒါ့အပြင် လန်ဒန်မြို့က လူငယ်တစ်စုကလည်း အဲဒီလို ကန့်သတ်ချက်တွေအပေါ် သဘောမတူဘဲ ကန့်ကွက်ကြောင်း ရိုက်တာသတင်းဌာနကို ပြောပြခဲ့ပါတယ်။

ကမ္ဘာ့နိုင်ငံတွေထဲမှာတော့ ဩစတြေးလျနိုင်ငံဟာ ပြီးခဲ့တဲ့နှစ်က အသက် ၁၆ နှစ်အောက် ကလေးတွေကို ဆိုရှယ်မီဒီယာ အသုံးပြုခွင့် ပထမဆုံး ပိတ်ပင်ခဲ့တဲ့ နိုင်ငံဖြစ်ခဲ့ပြီး ဥရောပနိုင်ငံတွေကလည်း အဲဒီလိုမျိုး ကန့်သတ်ဖို့ စဉ်းစားနေကြပါတယ်။

Ref: Bangkokpost

ဆက်စပ်သတင်းများ

AI က လူသားမျိုးနွယ်တစ်ခုလုံးကို ဘယ်လို သတ်နိုင်သလဲ?

9/23/2026

တရုတ် စက်ရုပ်အကအဖွဲ့ America's Got Talent ဗိုလ်လုပွဲကို တက်လှမ်း

9/23/2026

AI စည်းမျဉ်းသစ်တွေကို ပိတ်ပင်ဖို့ နည်းပညာအကျော်အမော်တွေဖြစ်တဲ့ Musk နဲ့ Zuckerberg တို့ Trump နဲ့ သွားရောက်တွေ့ဆုံ

9/23/2026

  • ပင်မ
  • သတင်း
  • ဗီဒီယိုများ
  • စမတ်ဖုန်းများ
MyTech Myanmar

နည်းပညာ၊ ဖုန်း နှင့် Gadget သတင်းများ | Reviews & Updates

ဆောင်းပါးကဏ္ဍ

သတင်းဗီဒီယိုများ

ဈေးနှုန်းကဏ္ဍ

ဖုန်းအားလုံးဈေးနှုန်းကျဆင်းမှုအကောင်းဆုံးဈေးနှုန်းဖုန်းနှိုင်းယှဉ်ရန်ဖုန်းဆိုင်များ

ဆက်သွယ်ရန်

FacebookYouTubeInstagramTikTok

© 2026 MyTech Myanmar. မူပိုင်ခွင့်အားလုံး ထိန်းသိမ်းထားသည်။

mytechmyanmar.com