MyTech Myanmar
  • သတင်း
  • ဗီဒီယိုများ
  • အမြန်နှုန်း
  • စမတ်ဖုန်းများ
ဝင်ရောက်ရန်သတိပေးချက်
တရုတ်ရဲ့ နေရောင်ခြည်စွမ်းအင် အသုံးပြုမှု တစ်ကမ္ဘာလုံးထက် သာလွန်နေ
News
news၂၀၂၆ ဇွန် ၂၅

တရုတ်ရဲ့ နေရောင်ခြည်စွမ်းအင် အသုံးပြုမှု တစ်ကမ္ဘာလုံးထက် သာလွန်နေ

<p>၂၀၂၅ ခုနှစ်မှာ နေရောင်ခြည်စွမ်းအင်သုံးစွဲမှုဟာ သမိုင်းတစ်လျှောက် ဘယ်တုန်းကနဲ့မှမတူအောင် အရှိန်အဟုန်နဲ့ ထိုးတက်သွားခဲ့ပြီး ကမ္ဘာ့နေရောင်ခြည်စွမ်းအင် သုံးစွဲမှုအားလုံးရဲ့ ၅၃</p>

၂၀၂၅ ခုနှစ်မှာ နေရောင်ခြည်စွမ်းအင်သုံးစွဲမှုဟာ သမိုင်းတစ်လျှောက် ဘယ်တုန်းကနဲ့မှမတူအောင် အရှိန်အဟုန်နဲ့ ထိုးတက်သွားခဲ့ပြီး ကမ္ဘာ့နေရောင်ခြည်စွမ်းအင် သုံးစွဲမှုအားလုံးရဲ့ ၅၃ ရာခိုင်နှုန်းကို တရုတ်နိုင်ငံတစ်ခုတည်းကတင် လက်ဝါးကြီးအုပ် ခဲ့တာ ဖြစ်ပါတယ်။

တရုတ်နိုင်ငံဟာ ၂၀၂၅ ခုနှစ်မှာ နေရောင်ခြည်စွမ်းအင်ကနေ လျှပ်စစ်ထုတ်လုပ်မှုအသစ် ၃၃၆ တယ်ရာဝပ်နာရီအထိ အံ့မခန်း ထပ်တိုးနိုင်ခဲ့ပြီး ဒါဟာ ကမ္ဘာ့ကျန်တဲ့နိုင်ငံတွေအားလုံး စုပေါင်းထည့်ဝင်ခဲ့တဲ့ ၃၀၀ တယ်ရာဝပ်နာရီထက်တောင် ကျော်လွန်ပြီး တစ်ကိုယ်တော် ဗိုလ်စွဲသွားခဲ့တာ ဖြစ်ပါတယ်။

China Solar Additions Surge to Record in May Ahead of Deadline - Bloomberg

အဲဒီလို မဟာဗျူဟာမြောက် မှတ်တိုင်စိုက်ထူနိုင်မှုဟာ ကမ္ဘာ့နေရောင်ခြည်စွမ်းအင် ထုတ်လုပ်မှုကို စံချိန်တင် အမြင့်ဆုံးပမာဏအထိ တွန်းတင်ပေးလိုက်သလို တရုတ်နိုင်ငံကိုလည်း ကမ္ဘာ့အင်အားအကြီးဆုံး ဆိုလာပန်နယ်တပ်ဆင်တဲ့ အရှင်သခင်နဲ့ ပြန်ပြည့်မြဲစွမ်းအင်ကဏ္ဍရဲ့ အဓိက အရင်းနှီးမြှုပ်နှံသူအဖြစ် နေရာကို ပိုပြီး ခိုင်ခိုင်မာမာ သရဖူဆောင်းပေးလိုက်ပါတယ်။

ဒါ့အပြင် တရုတ်နိုင်ငံဟာ နေရောင်ခြည်စွမ်းအင်တပ်ဆင်မှုပမာဏ ၁ တယ်ရာဝပ်ကို ပထမဆုံးကျော်လွန်တဲ့ သမိုင်းဝင်နိုင်ငံ ဖြစ်လာခဲ့သလို ပိုမိုကြီးမားတဲ့ သန့်စင်စွမ်းအင် အခြေခံအဆောက်အအုံတွေကိုလည်း ဆက်လက်တိုးချဲ့နေပါတယ်။

China's ageing solar panels are going to be a big environmental problem | South China Morning Post

Ember အဖွဲ့အစည်းရဲ့ ၂၀၂၆ ကမ္ဘာ့လျှပ်စစ်ဓာတ်အားသုံးသပ်ချက်အရ ၂၀၂၅ ခုနှစ်မှာ နေရောင်ခြည်စွမ်းအင်ဟာ ကမ္ဘာတစ်ဝန်းက လျှပ်စစ်ဓာတ်အား လိုအပ်ချက်အသစ်တွေရဲ့ ၇၅ ရာခိုင်နှုန်းအထိ ဝင်ရောက်ဖြည့်ဆည်းပေးခဲ့ပါတယ်။

အဲဒီလို ဖြည့်ဆည်းပေးနိုင်ခဲ့တာကြောင့် နှစ်ပေါင်း ၁၀၀ နီးပါးကာလအတွင်းမှာ ပထမဆုံးအကြိမ်အဖြစ် ပြန်ပြည့်မြဲစွမ်းအင်ကဏ္ဍက ရိုးရာကျောက်မီးသွေးသုံးစွဲမှုကို ကျော်လွန်သွားနိုင်ခဲ့ပါတယ်။

Ref: Fossbytes

ဆက်စပ်သတင်းများ

ဥရောပမှာ မျက်မမြင်တွေ စာပြန်ဖတ်နိုင်အောင် ကူညီပေးနိုင်မယ့် ထူးဆန်းတဲ့ မျက်စိစက်ပစ္စည်း ပေါ်ထွက်လာ

8/2/2026

အမေရိကန်မှာ AI ဒေတာစင်တာတွေကို ကာကွယ်ဖို့ ဒေါ်လာ ၃ သိန်းတန် စက်ရုပ်ခွေးများ စတင်တာဝန်ယူ

8/2/2026

Tesla ကို အလဲထိုးဖို့ ပြင်ဆင်လာတဲ့ BYD ရဲ့ ပထမဆုံး လူတူစက်ရုပ်တွေ သြဂုတ်လမှာ စတင် မြင်တွေ့ရမယ်

8/2/2026

  • ပင်မ
  • သတင်း
  • ဗီဒီယိုများ
  • စမတ်ဖုန်းများ
MyTech Myanmar

နည်းပညာ၊ ဖုန်း နှင့် Gadget သတင်းများ | Reviews & Updates

ဆောင်းပါးကဏ္ဍ

သတင်းဗီဒီယိုများ

ဈေးနှုန်းကဏ္ဍ

ဖုန်းအားလုံးဈေးနှုန်းကျဆင်းမှုအကောင်းဆုံးဈေးနှုန်းဖုန်းနှိုင်းယှဉ်ရန်ဖုန်းဆိုင်များ

ဆက်သွယ်ရန်

FacebookYouTubeInstagramTikTok

© 2026 MyTech Myanmar. မူပိုင်ခွင့်အားလုံး ထိန်းသိမ်းထားသည်။

mytechmyanmar.com