MyTech Myanmar
  • သတင်း
  • ဗီဒီယိုများ
  • အမြန်နှုန်း
  • စမတ်ဖုန်းများ
ဝင်ရောက်ရန်သတိပေးချက်
Sony ရဲ့ Ace စက်ရုပ်က စားပွဲတင်တင်းနစ်လောကကို ကိုင်လှုပ်လိုက်ပြီဖြစ်ပြီး ပရော်ဖက်ရှင်နယ်ကစားသမားတွေကိုပါ အနိုင်ယူပြနိုင်ခဲ့
News
news၂၀၂၆ ဧပြီ ၂၄

Sony ရဲ့ Ace စက်ရုပ်က စားပွဲတင်တင်းနစ်လောကကို ကိုင်လှုပ်လိုက်ပြီဖြစ်ပြီး ပရော်ဖက်ရှင်နယ်ကစားသမားတွေကိုပါ အနိုင်ယူပြနိုင်ခဲ့

<p>Sony AI သုတေသနအဖွဲ့ဟာ စားပွဲတင်တင်းနစ် (Ping-pong) ရိုက်နိုင်တဲ့ “Ace” ဆိုတဲ့ စက်ရုပ်ကို တီထွင်လိုက်ပြီး</p>

Sony AI သုတေသနအဖွဲ့ဟာ စားပွဲတင်တင်းနစ် (Ping-pong) ရိုက်နိုင်တဲ့ “Ace” ဆိုတဲ့ စက်ရုပ်ကို တီထွင်လိုက်ပြီး ဒါဟာ လူသားထိပ်တန်းကစားသမားတွေကို ယှဉ်ပြိုင်အနိုင်ယူနိုင်တဲ့ ပထမဆုံး စက်ရုပ်အဖြစ် မှတ်တမ်းဝင်သွားပါတယ်။

ဒီစက်ရုပ်ဟာ အလွန်လျင်မြန်တဲ့ ဆုံးဖြတ်ချက်ချနိုင်စွမ်းနဲ့ တိကျတဲ့ လှုပ်ရှားမှုတွေ ပေါင်းစပ်ထားတာကြောင့် ပြီးခဲ့တဲ့ ဒီဇင်ဘာလနဲ့ အခုလပိုင်းတွေမှာ ပရော်ဖက်ရှင်နယ် ကစားသမားတွေကိုပါ အနိုင်ယူပြနိုင်ခဲ့တာပါ။

Ping-pong robot Ace makes history by beating top-level human players | Reuters

Ace စက်ရုပ်ဟာ ဘောလုံးရဲ့ လည်ပတ်နှုန်းနဲ့ လမ်းကြောင်းကို မျက်စိတစ်မှိတ်အတွင်း သိနိုင်ဖို့ ကင်မရာ ၉ လုံးနဲ့ အာရုံခံစနစ် ၃ ခုကို သုံးထားသလို၊ လူသားတွေလိုပဲ အဆစ် ၈ ခုပါတဲ့ လက်တံနဲ့ ရိုက်ချက်တွေကို ပြင်းပြင်းထန်ထန် ပြန်လည်ရိုက်ခတ်နိုင်ပါတယ်။

သူ့နဲ့ ယှဉ်ပြိုင်ခဲ့တဲ့ ပရော်ဖက်ရှင်နယ် ကစားသမားတွေရဲ့ ပြောကြားချက်အရ ဒီစက်ရုပ်ဟာ ခန့်မှန်းရခက်တဲ့အပြင် စိတ်လှုပ်ရှားမှုလည်း ပြသခြင်းမရှိတာကြောင့် ဘယ်လိုရိုက်ချက်တွေကို အားနည်းသလဲဆိုတာကို သိဖို့ ခက်ခဲစေတယ်လို့ ဆိုပါတယ်။

စက်ရုပ်ဟာ Simulation စနစ်နဲ့ ကိုယ့်ဘာကိုယ် လေ့ကျင့်ထားတာကြောင့် လူသားတွေ မလုပ်နိုင်တဲ့ ထူးခြားတဲ့ တုံ့ပြန်မှုတွေကိုလည်း ပြုလုပ်နိုင်ပါတယ်။

Sony AI's robot Ace scores against pro ping-pong players

လက်ရှိမှာတော့ Ace ဟာ ကစားသမားတွေရဲ့ အားနည်းချက်ကို ရှာဖွေပြီး နည်းဗျူဟာပြောင်းလဲတဲ့အပိုင်းမှာ တိုးတက်ဖို့ လိုနေသေးပေမဲ့ ဒီနည်းပညာက အားကစားတစ်ခုတည်းအတွက် မဟုတ်ပါဘူး။

အခုလို အလွန်လျင်မြန်ပြီး တိကျတဲ့ တုံ့ပြန်မှု နည်းပညာတွေကို ကုန်ထုတ်လုပ်မှုလုပ်ငန်းတွေ၊ ဝန်ဆောင်မှုပေးတဲ့ စက်ရုပ်တွေနဲ့ ဘေးအန္တရာယ်ကင်းရှင်းရေးအတွက် အရေးကြီးတဲ့ နေရာတွေမှာပါ ကျယ်ကျယ်ပြန့်ပြန့် အသုံးပြုသွားနိုင်ဖို့ Sony က ရည်မှန်းထားပါတယ်။

စက်ရုပ်တွေက လူသားတွေရဲ့ အမြန်နှုန်းအတိုင်း လိုက်ပါလုပ်ဆောင်နိုင်စွမ်း ရှိလာတာဟာ နည်းပညာလောကအတွက် ကြီးမားတဲ့ ခြေလှမ်းသစ်တစ်ခုပဲ ဖြစ်ပါတယ်။

Ref: Nation Thailand

ဆက်စပ်သတင်းများ

ဥရောပမှာ မျက်မမြင်တွေ စာပြန်ဖတ်နိုင်အောင် ကူညီပေးနိုင်မယ့် ထူးဆန်းတဲ့ မျက်စိစက်ပစ္စည်း ပေါ်ထွက်လာ

8/2/2026

အမေရိကန်မှာ AI ဒေတာစင်တာတွေကို ကာကွယ်ဖို့ ဒေါ်လာ ၃ သိန်းတန် စက်ရုပ်ခွေးများ စတင်တာဝန်ယူ

8/2/2026

Tesla ကို အလဲထိုးဖို့ ပြင်ဆင်လာတဲ့ BYD ရဲ့ ပထမဆုံး လူတူစက်ရုပ်တွေ သြဂုတ်လမှာ စတင် မြင်တွေ့ရမယ်

8/2/2026

  • ပင်မ
  • သတင်း
  • ဗီဒီယိုများ
  • စမတ်ဖုန်းများ
MyTech Myanmar

နည်းပညာ၊ ဖုန်း နှင့် Gadget သတင်းများ | Reviews & Updates

ဆောင်းပါးကဏ္ဍ

သတင်းဗီဒီယိုများ

ဈေးနှုန်းကဏ္ဍ

ဖုန်းအားလုံးဈေးနှုန်းကျဆင်းမှုအကောင်းဆုံးဈေးနှုန်းဖုန်းနှိုင်းယှဉ်ရန်ဖုန်းဆိုင်များ

ဆက်သွယ်ရန်

FacebookYouTubeInstagramTikTok

© 2026 MyTech Myanmar. မူပိုင်ခွင့်အားလုံး ထိန်းသိမ်းထားသည်။

mytechmyanmar.com