MyTech Myanmar
  • သတင်း
  • ဗီဒီယိုများ
  • အမြန်နှုန်း
  • စမတ်ဖုန်းများ
ဝင်ရောက်ရန်သတိပေးချက်
အီလွန်မတ်စ်ကို ကမ္ဘာ့ပထမဆုံး “ထရီလီယံနာ” ဖြစ်လာစေမယ့် SpaceX ရဲ့ သမိုင်းဝင် စတော့ရှယ်ယာခြေလှမ်း
News
news၂၀၂၆ မေ ၂၂

အီလွန်မတ်စ်ကို ကမ္ဘာ့ပထမဆုံး “ထရီလီယံနာ” ဖြစ်လာစေမယ့် SpaceX ရဲ့ သမိုင်းဝင် စတော့ရှယ်ယာခြေလှမ်း

<p>ကမ္ဘာ့အချမ်းသာဆုံးပုဂ္ဂိုလ် အီလွန်မတ်စ် (Elon Musk) ရဲ့ နည်းပညာအင်ပါယာကြီးတစ်ခုဖြစ်တဲ့ SpaceX ကုမ္ပဏီဟာ အမေရိကန်စတော့ဈေးကွက်မှာ ရှယ်ယာတွေတရားဝင်ထုတ်ရောင်းဖို့</p>

ကမ္ဘာ့အချမ်းသာဆုံးပုဂ္ဂိုလ် အီလွန်မတ်စ် (Elon Musk) ရဲ့ နည်းပညာအင်ပါယာကြီးတစ်ခုဖြစ်တဲ့ SpaceX ကုမ္ပဏီဟာ အမေရိကန်စတော့ဈေးကွက်မှာ ရှယ်ယာတွေတရားဝင်ထုတ်ရောင်းဖို့ (IPO) လျှောက်ထားလိုက်ပြီး ဝေါစထရိ (Wall Street) သမိုင်းမှာ အကြီးမားဆုံး ရှယ်ယာရောင်းချမှုကြီး ဖြစ်လာတော့မှာ ဖြစ်ပါတယ်။

လာမယ့်လမှာ SPCX ဆိုတဲ့ သင်္ကေတနဲ့ စတင်မယ့် ဒီခြေလှမ်းကြောင့် ကုမ္ပဏီရဲ့တန်ဖိုးဟာ အမေရိကန်ဒေါ်လာ ၁.၂၅ ထရီလီယံအထိ ရှိလာနိုင်ပါတယ်။ ဒါဟာ အီလွန်မတ်စ်ရဲ့ တစ်ကိုယ်ရေပိုင်ဆိုင်မှုကို ဒေါ်လာ ၁ ထရီလီယံ (ဘီလီယံ ၁,၀၀၀) ကျော်အထိ တွန်းပို့ပေးမှာဖြစ်လို့ သူဟာ ကမ္ဘာ့သမိုင်းမှာ ပထမဆုံးသော “ထရီလီယံနာ” အဖြစ် မှတ်တမ်းဝင်တော့မှာ ဖြစ်ပါတယ်။

Getty Images Elon Musk wearing a black suit, white shirt, and black tie looking into the distance

အခုလို ရှယ်ယာရောင်းချဖို့ ပြင်ဆင်လာမှုနဲ့အတူ SpaceX ရဲ့ ဘဏ္ဍာရေးစာရင်းဇယား အမှန်တွေကိုလည်း ပထမဆုံးအကြိမ် ချပြခဲ့ရာမှာ ကုမ္ပဏီဟာ ပြီးခဲ့တဲ့နှစ်က ဒေါ်လာ ၄.၉ ဘီလီယံ၊ ဒီနှစ်ပထမ ၃ လပတ်မှာတင် ဒေါ်လာ ၄.၃ ဘီလီယံ ထပ်မံအရှုံးပေါ်ထားတာကို တွေ့ရပါတယ်။

ဒါပေမယ့်လည်း စီးပွားရေးကျွမ်းကျင်သူတွေကတော့ စတားလင့်ခ် (Starlink) ဂြိုဟ်တုအင်တာနက်နဲ့ ဒုံးပျံလုပ်ငန်းတွေလို အနာဂတ်မျှော်မှန်းချက်ကြီးမားတဲ့ လုပ်ငန်းကြီးတွေအတွက် ဒါဟာ ဆန်းပြားတဲ့အရှုံးမျိုးမဟုတ်ဘဲ ရင်ခုန်စရာကောင်းတဲ့ အလားအလာရှိတယ်လို့ သုံးသပ်ကြပါတယ်။

ထူးခြားချက်အနေနဲ့ မကြာသေးခင်ကမှ SpaceX လက်အောက်ကို ရောက်ရှိသွားတဲ့ အီလွန်မတ်စ်ရဲ့ xAI နည်းပညာအဖွဲ့ဟာ ပြိုင်ဘက် Anthropic ကုမ္ပဏီဆီကနေ ဒေတာစင်တာအသုံးပြုခအဖြစ် တစ်နှစ်ကို ဒေါ်လာ ၁၅ ဘီလီယံ ရရှိမယ့် စာချုပ်ကြီးကိုလည်း ချုပ်ဆိုနိုင်ခဲ့ပါတယ်။

SpaceX files for IPO that could make Elon Musk first trillionaire – WFTV

အလားအလာကောင်းတွေ ရှိနေပေမယ့်လည်း တစ်ဖက်မှာတော့ အီလွန်မတ်စ်အတွက် ခေါင်းခဲစရာ တရားစွဲဆိုမှု အခက်အခဲတွေ ဝင်ရောက်လို့နေပါတယ်။

xAI ရဲ့ Grok Chatbot ကို အသုံးပြုပြီး အမျိုးသမီးတွေရဲ့ ကိုယ်လုံးတီးပုံရိပ်တု (Deepfakes) တွေ ဖန်တီးခဲ့မှုကြောင့် တရားစွဲခံထားရခြင်း၊ သီချင်းမူပိုင်ခွင့် ချိုးဖောက်ခြင်းနဲ့ အီးယူ (EU) ရဲ့ စည်းမျဉ်းတွေကို မလိုက်နာခြင်း စတဲ့ အမှုပေါင်းစုံအတွက် ဒေါ်လာသန်း ရာနဲ့ချီ ကုန်ကျမယ့် အခြေအနေနဲ့ ရင်ဆိုင်နေရပါတယ်။

ဒါ့အပြင် OpenAI ရဲ့ အကြီးအကဲ ဆမ်အော့တ်မန်း (Sam Altman) ကို တရားစွဲခဲ့တဲ့အမှုမှာလည်း အီလွန်မတ်စ် ရှုံးနိမ့်ခဲ့ရပြီး၊ လုပ်ငန်းခွင်အတွင်း ဝန်ထမ်းတွေရဲ့ ဘေးအန္တရာယ်ကင်းရှင်းရေး အားနည်းမှုတွေကြောင့်ပါ ဝေဖန်မှုတွေ ဆက်တိုက်မြင့်တက်နေပါတယ်။

Ref: bbc

ဆက်စပ်သတင်းများ

ဥရောပမှာ မျက်မမြင်တွေ စာပြန်ဖတ်နိုင်အောင် ကူညီပေးနိုင်မယ့် ထူးဆန်းတဲ့ မျက်စိစက်ပစ္စည်း ပေါ်ထွက်လာ

8/2/2026

အမေရိကန်မှာ AI ဒေတာစင်တာတွေကို ကာကွယ်ဖို့ ဒေါ်လာ ၃ သိန်းတန် စက်ရုပ်ခွေးများ စတင်တာဝန်ယူ

8/2/2026

Tesla ကို အလဲထိုးဖို့ ပြင်ဆင်လာတဲ့ BYD ရဲ့ ပထမဆုံး လူတူစက်ရုပ်တွေ သြဂုတ်လမှာ စတင် မြင်တွေ့ရမယ်

8/2/2026

  • ပင်မ
  • သတင်း
  • ဗီဒီယိုများ
  • စမတ်ဖုန်းများ
MyTech Myanmar

နည်းပညာ၊ ဖုန်း နှင့် Gadget သတင်းများ | Reviews & Updates

ဆောင်းပါးကဏ္ဍ

သတင်းဗီဒီယိုများ

ဈေးနှုန်းကဏ္ဍ

ဖုန်းအားလုံးဈေးနှုန်းကျဆင်းမှုအကောင်းဆုံးဈေးနှုန်းဖုန်းနှိုင်းယှဉ်ရန်ဖုန်းဆိုင်များ

ဆက်သွယ်ရန်

FacebookYouTubeInstagramTikTok

© 2026 MyTech Myanmar. မူပိုင်ခွင့်အားလုံး ထိန်းသိမ်းထားသည်။

mytechmyanmar.com