MyTech Myanmar
  • သတင်း
  • ဗီဒီယိုများ
  • အမြန်နှုန်း
  • စမတ်ဖုန်းများ
ဝင်ရောက်ရန်သတိပေးချက်
အာကာသထဲမှာ AI ဒေတာစင်တာဆောက်ဖို့ ဂြိုဟ်တု တစ်သန်းလွှတ်တင်မယ့် အီလွန်မတ်စ်ရဲ့ မဟာစီမံကိန်း
News
news၂၀၂၆ ဇွန် ၁၀

အာကာသထဲမှာ AI ဒေတာစင်တာဆောက်ဖို့ ဂြိုဟ်တု တစ်သန်းလွှတ်တင်မယ့် အီလွန်မတ်စ်ရဲ့ မဟာစီမံကိန်း

<p>နည်းပညာလောကရဲ့ ထိပ်သီး အီလွန်မတ်စ်ရဲ့ SpaceX ကုမ္ပဏီဟာ ဉာဏ်ရည်တု (AI) စနစ်တွေကို အာကာသထဲကနေ စွမ်းအားပေးနိုင်ဖို့အတွက်</p>

နည်းပညာလောကရဲ့ ထိပ်သီး အီလွန်မတ်စ်ရဲ့ SpaceX ကုမ္ပဏီဟာ ဉာဏ်ရည်တု (AI) စနစ်တွေကို အာကာသထဲကနေ စွမ်းအားပေးနိုင်ဖို့အတွက် ဂြိုဟ်တုပေါင်း တစ်သန်းအထိ လွှတ်တင်ခွင့်ပြုဖို့ အမေရိကန် ဖက်ဒရယ် ဆက်သွယ်ရေး ကော်မရှင် (FCC) ထံ အံ့အားသင့်ဖွယ် လျှောက်ထားလိုက်ပါတယ်။

ကမ္ဘာမြေပေါ်မှာ ဒေတာစင်တာတွေဆောက်ရင် လျှပ်စစ်မီး၊ မြေနေရာနဲ့ အအေးခံဖို့ ရေအမြောက်အမြား လိုအပ်တာကြောင့် SpaceX က နေရောင်ခြည်စွမ်းအင်သုံး အာကာသအခြေစိုက် ဒေတာစင်တာတွေကို ပတ်လမ်းကြောင်းထဲမှာ တည်ဆောက်ပြီး AI စနစ်တွေကို ပိုမိုထိရောက်မြန်ဆန်စွာ မောင်းနှင်ဖို့ ပြင်ဆင်နေတာ ဖြစ်ပါတယ်။

SpaceX seeks FCC nod for solar-powered satellite data centers for AI | Reuters

ဒီမဟာစီမံကိန်းဟာ လက်ရှိ ဂြိုဟ်တုပေါင်း တစ်သောင်းနီးပါး ရှိနေတဲ့ Starlink ကွန်ရက်ကို အကြီးအကျယ် တိုးချဲ့သွားမှာဖြစ်ပြီး ၂၀၂၈ ခုနှစ်ဝန်းကျင်မှာ Starship ဒုံးပျံကြီးတွေကို သုံးပြီး ကမ္ဘာ့မြေပြင်အထက် ကီလိုမီတာ ၅၀၀ နဲ့ ၂,၀၀၀ ကြားထဲကို စတင်လွှတ်တင်သွားမှာ ဖြစ်ပါတယ်။

SpaceX ရဲ့ ရည်မှန်းချက်ကတော့ ကမ္ဘာပေါ်က အသုံးပြုသူ ဘီလီယံပေါင်းများစွာအတွက် ဧရာမ ကွန်ပျူတာစွမ်းအားတွေ ပေးနိုင်ဖို့တင်မကဘဲ လူသားမျိုးနွယ်စုတွေကို နေရဲ့စွမ်းအင်တစ်ခုလုံးကို အပြည့်အဝအသုံးချနိုင်မယ့် “Kardashev Type II” အဆင့်မြင့် ယဉ်ကျေးမှုခေတ်ဆီ ခေါ်ဆောင်သွားဖို့အထိ ရည်ရွယ်ထားတာ ဖြစ်ပါတယ်။

Amazon Urges FCC to Deny SpaceX Plan to Launch 1 Million Satellites | PCMag

ဒါပေမဲ့ အာကာသထဲ ဂြိုဟ်တုတွေ အပြုံလိုက်လွှတ်တင်မယ့် အစီအစဉ်အပေါ် သိပ္ပံပညာရှင်တွေကတော့ စိုးရိမ်နေကြပါတယ်။ အခုလို ကြီးမားလွန်းတဲ့ ဂြိုဟ်တုအုပ်စုကြီးဟာ အာကာသထဲမှာ ပိတ်ဆို့မှုတွေကို ပိုဆိုးစေပြီး နက္ခတ္တဗေဒပညာရှင်တွေရဲ့ အာကာသလေ့လာရေးလုပ်ငန်းတွေကို အကြီးအကျယ် နှောင့်ယှက်လိမ့်မယ်လို့ သတိပေးထားပါတယ်။

အီလွန်မတ်စ်ကတော့ အာကာသပိတ်ဆို့မှု ဖြစ်လာမယ်ဆိုတဲ့ ဝေဖန်ချက်တွေကို ငြင်းဆိုထားပြီး သူ့ရဲ့ အာကာသ AI အိပ်မက်ကို ရှေ့ဆက်ဖို့ ပြင်ဆင်နေပါတယ်။

Ref: Technology Innovation

ဆက်စပ်သတင်းများ

ဥရောပမှာ မျက်မမြင်တွေ စာပြန်ဖတ်နိုင်အောင် ကူညီပေးနိုင်မယ့် ထူးဆန်းတဲ့ မျက်စိစက်ပစ္စည်း ပေါ်ထွက်လာ

8/2/2026

အမေရိကန်မှာ AI ဒေတာစင်တာတွေကို ကာကွယ်ဖို့ ဒေါ်လာ ၃ သိန်းတန် စက်ရုပ်ခွေးများ စတင်တာဝန်ယူ

8/2/2026

Tesla ကို အလဲထိုးဖို့ ပြင်ဆင်လာတဲ့ BYD ရဲ့ ပထမဆုံး လူတူစက်ရုပ်တွေ သြဂုတ်လမှာ စတင် မြင်တွေ့ရမယ်

8/2/2026

  • ပင်မ
  • သတင်း
  • ဗီဒီယိုများ
  • စမတ်ဖုန်းများ
MyTech Myanmar

နည်းပညာ၊ ဖုန်း နှင့် Gadget သတင်းများ | Reviews & Updates

ဆောင်းပါးကဏ္ဍ

သတင်းဗီဒီယိုများ

ဈေးနှုန်းကဏ္ဍ

ဖုန်းအားလုံးဈေးနှုန်းကျဆင်းမှုအကောင်းဆုံးဈေးနှုန်းဖုန်းနှိုင်းယှဉ်ရန်ဖုန်းဆိုင်များ

ဆက်သွယ်ရန်

FacebookYouTubeInstagramTikTok

© 2026 MyTech Myanmar. မူပိုင်ခွင့်အားလုံး ထိန်းသိမ်းထားသည်။

mytechmyanmar.com