MyTech Myanmar
  • သတင်း
  • ဗီဒီယိုများ
  • အမြန်နှုန်း
  • စမတ်ဖုန်းများ
ဝင်ရောက်ရန်သတိပေးချက်
ဆီတစ်ဂါလန်တည်းနဲ့ မိုင် ၂,၀၀၀ ကျော်မောင်းလို့ရတဲ့ ကမ္ဘာ့အံ့ဖွယ် စမ်းသပ်ကား Supermileage
News
news၂၀၂၆ ဇွန် ၆

ဆီတစ်ဂါလန်တည်းနဲ့ မိုင် ၂,၀၀၀ ကျော်မောင်းလို့ရတဲ့ ကမ္ဘာ့အံ့ဖွယ် စမ်းသပ်ကား Supermileage

<p>တစ်ကမ္ဘာလုံးက လျှပ်စစ်ကား (EV) ခေတ်ဆီ ဦးတည်နေချိန်မှာ အမေရိကန်နိုင်ငံ ယူတာပြည်နယ် Brigham Young တက္ကသိုလ်က</p>

တစ်ကမ္ဘာလုံးက လျှပ်စစ်ကား (EV) ခေတ်ဆီ ဦးတည်နေချိန်မှာ အမေရိကန်နိုင်ငံ ယူတာပြည်နယ် Brigham Young တက္ကသိုလ်က ကျောင်းသားတစ်ဖွဲ့ကတော့ အီသနောတစ်လီတာတည်းနဲ့တင် ကီလိုမီတာ ရာနဲ့ချီ မောင်းနှင်နိုင်တဲ့ အလွန်ဆီစားသက်သာတဲ့ ရုပ်ကြွင်းလောင်စာသုံး ကားတစ်စီးကို တီထွင်ပြီး ကမ္ဘာကို အံ့အားသင့်စေခဲ့ပါတယ်။

“Supermileage” လို့ အမည်ပေးထားတဲ့ အဲဒီဆန်းသစ်တဲ့ မော်တော်ကားဟာ အပေါ့ပါးဆုံး ကာဗွန်ဖိုင်ဘာကိုယ်ထည်နဲ့ ပြုလုပ်ထားလို့ တစ်စီးလုံးမှ အလေးချိန် ၄၉ ကီလိုဂရမ် (၁၀၈ ပေါင်) သာရှိပြီး လေခွင်းအားအကောင်းဆုံးဖြစ်အောင် အထူးဒီဇိုင်းဆင်ထားတာ ဖြစ်ပါတယ်။

ပိုပြီးဆန်းပြားတာကတော့ သူ့ရဲ့ဆီတိုင်ကီဟာ ဓာတ်ခွဲခန်းသုံး ဖန်ပြွန်တစ်ခုနီးပါး သေးငယ်ပြီး ၃၀ မီလီလီတာပဲ ဆံ့တဲ့အတွက် တစ်ခါဆီဖြည့်ရင် ၂၀ မိုင်ခန့်ပဲ မောင်းလို့ရမှာ ဖြစ်ပါတယ်။

Supermileage

ဒီကားကို လောင်စာဆီအနည်းဆုံးသုံးပြီး အဝေးဆုံးမောင်းနှင်ရတဲ့ နာမည်ကြီး Shell Eco-Marathon ပြိုင်ပွဲမှာ စံချိန်တင်ဖို့အတွက် သီးသန့်ဖန်တီးခဲ့တာ ဖြစ်ပါတယ်။

တစ်ဂါလန်ကို ၂,၁၄၅ မိုင်အထိ မောင်းနှင်နိုင်မယ့် အံ့မခန်းဆီစားနှုန်းကို ရရှိဖို့အတွက် ခေတ်ပေါ်ကားတွေမှာပါတဲ့ အသုံးအဆောင်မှန်သမျှကို အကုန်လုံးဖြုတ်ပစ်ခဲ့ရုံတင်မကဘဲ မောင်းနှင်မယ့်သူရဲ့ အရွယ်အစားကိုပါ အစွန်းရောက်ကန့်သတ်ခဲ့ရပါတယ်။

ဒါကြောင့် ဒီကားထဲကို ဝင်မောင်းမယ့်သူဟာ အရပ်အမြင့် ၅ ပေ ၄ လက်မအောက်နဲ့ ကိုယ်အလေးချိန် ၁၁၉ ပေါင်အောက်ပဲရှိတဲ့ လူ ဖြစ်ရမှာပါ။

The fuel tank is tiny, only 30 milliliters.

ကျောင်းသားတွေရဲ့ တွက်ချက်မှုအရ ဒီကားနဲ့ဆိုရင် ယူတာပြည်နယ်ကနေ နယူးယောက်အထိကို လောင်စာဆီ ၁ ဂါလန် (၃ ဒသမ ၈ လီတာ) တည်းနဲ့ ရောက်အောင် မောင်းနိုင်မှာ ဖြစ်ပါတယ်။

ဒါပေမဲ့ အမြင့်ဆုံးအမြန်နှုန်းက တစ်နာရီ ၂၃ မိုင် (၃၇ ကီလိုမီတာ) သာရှိတဲ့အပြင် မိုင် ၂၀ မောင်းတိုင်း ဆီတိုင်ကီသေးသေးလေးထဲကို ခဏခဏဆီပြန်ဖြည့်နေရမှာဖြစ်လို့ တကယ့်လမ်းမတွေပေါ်မှာ ခရီးဝေးမောင်းမယ်ဆိုရင်တော့ တော်တော်လေး ကျောချမ်းစရာ ကောင်းလောက်အောင် ပင်ပန်းမယ့် ခရီးစဉ် ဖြစ်ပါလိမ့်မယ်။

ဒါကြောင့် ဒီ Supermileage ကားဟာ လမ်းပေါ်မှာ တကယ်စီးဖို့ မဟုတ်ဘဲ အစွန်းရောက်အခြေအနေတွေအောက်မှာ ရုပ်ကြွင်းလောင်စာသုံး အင်ဂျင်တွေဟာလည်း ဘယ်လောက်အထိ စွမ်းဆောင်ရည် အမြင့်မားဆုံး ချွေတာနိုင်လဲဆိုတာကို ကမ္ဘာသိအောင် သက်သေပြလိုက်တဲ့ စမ်းသပ်ချက်တစ်ခုပဲ ဖြစ်ပါတယ်။

Ref: Odditycentral

ဆက်စပ်သတင်းများ

AI က လူသားမျိုးနွယ်တစ်ခုလုံးကို ဘယ်လို သတ်နိုင်သလဲ?

9/23/2026

တရုတ် စက်ရုပ်အကအဖွဲ့ America's Got Talent ဗိုလ်လုပွဲကို တက်လှမ်း

9/23/2026

AI စည်းမျဉ်းသစ်တွေကို ပိတ်ပင်ဖို့ နည်းပညာအကျော်အမော်တွေဖြစ်တဲ့ Musk နဲ့ Zuckerberg တို့ Trump နဲ့ သွားရောက်တွေ့ဆုံ

9/23/2026

  • ပင်မ
  • သတင်း
  • ဗီဒီယိုများ
  • စမတ်ဖုန်းများ
MyTech Myanmar

နည်းပညာ၊ ဖုန်း နှင့် Gadget သတင်းများ | Reviews & Updates

ဆောင်းပါးကဏ္ဍ

သတင်းဗီဒီယိုများ

ဈေးနှုန်းကဏ္ဍ

ဖုန်းအားလုံးဈေးနှုန်းကျဆင်းမှုအကောင်းဆုံးဈေးနှုန်းဖုန်းနှိုင်းယှဉ်ရန်ဖုန်းဆိုင်များ

ဆက်သွယ်ရန်

FacebookYouTubeInstagramTikTok

© 2026 MyTech Myanmar. မူပိုင်ခွင့်အားလုံး ထိန်းသိမ်းထားသည်။

mytechmyanmar.com
ဆီတစ်ဂါလန်တည်းနဲ့ မိုင် ၂,၀၀၀ ကျော်မောင်းလို့ရတဲ့ ကမ္ဘာ့အံ့ဖွယ် စမ်းသပ်ကား Supermileage | MyTech Myanmar