MyTech Myanmar
  • သတင်း
  • ဗီဒီယိုများ
  • အမြန်နှုန်း
  • စမတ်ဖုန်းများ
ဝင်ရောက်ရန်သတိပေးချက်
AI လောကထဲ ခြေစုံပစ်ဝင်ဖို့ ဝန်ထမ်း ၂ သောင်းကျော်ကို အလုပ်ဖြုတ်လိုက်တဲ့ နည်းပညာဘီလူးကြီး Oracle
News
news၂၀၂၆ ဇွန် ၂၄

AI လောကထဲ ခြေစုံပစ်ဝင်ဖို့ ဝန်ထမ်း ၂ သောင်းကျော်ကို အလုပ်ဖြုတ်လိုက်တဲ့ နည်းပညာဘီလူးကြီး Oracle

<p>ကမ္ဘာကျော် နည်းပညာကုမ္ပဏီကြီးဖြစ်တဲ့ Oracle ဟာ ဉာဏ်ရည်တု (AI) နည်းပညာပိုင်းကို ပိုပြီးအာရုံစိုက်ဖို့အတွက် ပြီးခဲ့တဲ့နှစ်အတွင်း ကမ္ဘာတစ်ဝှမ်းက</p>

ကမ္ဘာကျော် နည်းပညာကုမ္ပဏီကြီးဖြစ်တဲ့ Oracle ဟာ ဉာဏ်ရည်တု (AI) နည်းပညာပိုင်းကို ပိုပြီးအာရုံစိုက်ဖို့အတွက် ပြီးခဲ့တဲ့နှစ်အတွင်း ကမ္ဘာတစ်ဝှမ်းက ဝန်ထမ်းအင်အားရဲ့ ၁၃ ရာခိုင်နှုန်း (အလုပ်အကိုင်ပေါင်း ၂၁,၀၀၀ ခန့်) ကို ဖြုတ်ချလိုက်ပါတယ်။

ကုမ္ပဏီရဲ့ နောက်ဆုံးထွက်နှစ်ပတ်လည်အစီရင်ခံစာအရ ပြီးခဲ့တဲ့နှစ်က ဝန်ထမ်း ၁၆၂,၀၀၀ ရှိခဲ့ရာကနေ အခုနှစ် ၂၀၂၆ ခုနှစ် မေလကုန်မှာတော့ အချိန်ပြည့်ဝန်ထမ်း ၁၄၁,၀၀၀ အထိ သိသိသာသာ လျော့ကျသွားတာ ဖြစ်ပါတယ်။

လုပ်ငန်းစဉ်တွေမှာ AI နည်းပညာတွေကို အစားထိုးအသုံးပြုလာတာက ဝန်ထမ်းအင်အား လျှော့ချရတဲ့ အဓိကအကြောင်းရင်းဖြစ်တယ်လို့ ကုမ္ပဏီဘက်က ပွင့်ပွင့်လင်းလင်း ဝန်ခံထားပါတယ်။

Oracle CEO Larry Ellison steps down, will be replaced by Mark Hurd and Safra Catz

ဒီလို အကြီးအကျယ် လူလျှော့ပြီး လုပ်ငန်းပြန်လည်ဖွဲ့စည်းခဲ့တာကြောင့် Oracle ဟာ ပြီးခဲ့တဲ့ဘဏ္ဍာရေးနှစ်မှာ ဝန်ထမ်းနစ်နာကြေးနဲ့ အခြားကုန်ကျစရိတ်တွေအတွက် အမေရိကန်ဒေါ်လာ ၁.၈ ဘီလီယံ (ဗြိတိန်ပေါင် ၁.၃၆ ဘီလီယံ) အထိ အကုန်အကျခံခဲ့ရပါတယ်။ ဒါဟာ အရင်နှစ်က ကုန်ကျခဲ့တဲ့ ဒေါ်လာ ၃၇၄ သန်းနဲ့ယှဉ်ရင် အဆမတန် မြင့်တက်လာတာ ဖြစ်ပါတယ်။

ဒီလိုအပြောင်းအလဲတွေကြောင့် ကျွမ်းကျင်ဝန်ထမ်းရှားပါးမှုနဲ့ ကုန်ထုတ်လုပ်မှုပိုင်း ထိခိုက်တာမျိုးတွေ ရှိလာနိုင်ပေမယ့် ကမ္ဘာတစ်ဝှမ်းက သုံးစွဲသူတွေဆီ အကောင်းဆုံး Cloud နဲ့ AI ထုတ်ကုန်တွေ ပေးအပ်နိုင်ဖို့အတွက် အခုလို ရုန်းထွက်ပြင်ဆင်ရတာဖြစ်တယ်လို့ Oracle က ပြောပါတယ်။

Larry Ellison - Wikipedia

တကယ်တော့ အခုလို ဝန်ထမ်းလျှော့ချပြီး AI ဘက်ကို လှည့်နေတာ Oracle တစ်ခုတည်းတော့ မဟုတ်ပါဘူး။ Amazon၊ Google နဲ့ Meta တို့လို နည်းပညာထိပ်သီးကုမ္ပဏီကြီးတွေဟာလည်း AI အခြေခံအဆောက်အအုံတွေ တည်ဆောက်ဖို့ ဒေါ်လာဘီလီယံပေါင်းများစွာ ရင်းနှီးမြှုပ်နှံနေကြပြီး အလုပ်အကိုင်တွေကို လျှော့ချနေကြတာ ဖြစ်ပါတယ်။

နည်းပညာလောကရဲ့ အသုံးစရိတ်အများဆုံးဖြစ်တဲ့ ဝန်ထမ်းအင်အားကို လျှော့ချပြီး AI ပြိုင်ပွဲထဲ ဒိုင်ဗင်ထိုးဆင်းနေကြတာကြောင့် ပြီးခဲ့တဲ့နှစ်အတွင်းမှာတင် နည်းပညာလောကက ဝန်ထမ်းပေါင်း ၁ သိန်းကျော် အလုပ်ပြုတ်ခဲ့ရတယ်လို့ စောင့်ကြည့်လေ့လာရေးအဖွဲ့တွေက ဆိုပါတယ်။

Ref: bbc

ဆက်စပ်သတင်းများ

ဥရောပမှာ မျက်မမြင်တွေ စာပြန်ဖတ်နိုင်အောင် ကူညီပေးနိုင်မယ့် ထူးဆန်းတဲ့ မျက်စိစက်ပစ္စည်း ပေါ်ထွက်လာ

8/2/2026

အမေရိကန်မှာ AI ဒေတာစင်တာတွေကို ကာကွယ်ဖို့ ဒေါ်လာ ၃ သိန်းတန် စက်ရုပ်ခွေးများ စတင်တာဝန်ယူ

8/2/2026

Tesla ကို အလဲထိုးဖို့ ပြင်ဆင်လာတဲ့ BYD ရဲ့ ပထမဆုံး လူတူစက်ရုပ်တွေ သြဂုတ်လမှာ စတင် မြင်တွေ့ရမယ်

8/2/2026

  • ပင်မ
  • သတင်း
  • ဗီဒီယိုများ
  • စမတ်ဖုန်းများ
MyTech Myanmar

နည်းပညာ၊ ဖုန်း နှင့် Gadget သတင်းများ | Reviews & Updates

ဆောင်းပါးကဏ္ဍ

သတင်းဗီဒီယိုများ

ဈေးနှုန်းကဏ္ဍ

ဖုန်းအားလုံးဈေးနှုန်းကျဆင်းမှုအကောင်းဆုံးဈေးနှုန်းဖုန်းနှိုင်းယှဉ်ရန်ဖုန်းဆိုင်များ

ဆက်သွယ်ရန်

FacebookYouTubeInstagramTikTok

© 2026 MyTech Myanmar. မူပိုင်ခွင့်အားလုံး ထိန်းသိမ်းထားသည်။

mytechmyanmar.com