MyTech Myanmar
  • သတင်း
  • ဗီဒီယိုများ
  • အမြန်နှုန်း
  • စမတ်ဖုန်းများ
ဝင်ရောက်ရန်သတိပေးချက်
Tesla ရဲ့ Full Self-Driving စနစ်ဟာ လူမောင်းတာထက် ၁၀ ဆ ပိုဘေးကင်းတယ်လို့ Elon Musk ကြေညာ
News
news၂၀၂၆ ဧပြီ ၁၃

Tesla ရဲ့ Full Self-Driving စနစ်ဟာ လူမောင်းတာထက် ၁၀ ဆ ပိုဘေးကင်းတယ်လို့ Elon Musk ကြေညာ

<p>Tesla ရဲ့ CEO Elon Musk က သူတို့ရဲ့ Full Self-Driving (FSD)</p>

Tesla ရဲ့ CEO Elon Musk က သူတို့ရဲ့ Full Self-Driving (FSD) စနစ်ဟာ လူမောင်းနှင်တာထက် ၁၀ ဆ ပိုမိုဘေးကင်းပြီး တစ်နှစ်ကို လူတစ်သန်းနီးပါး သေဆုံးနေရတဲ့ ကမ္ဘာလုံးဆိုင်ရာ ယာဉ်တိုက်မှု သေဆုံးနှုန်းကို ၉၀ ရာခိုင်နှုန်းအထိ လျှော့ချပေးနိုင်မယ်လို့ ပြောဆိုလိုက်ပါတယ်။ ဒါပေမဲ့ Tesla ဘက်ကတော့ ဒီပြောကြားချက်ကို ထောက်ခံပေးမယ့် အချက်အလက်တွေကို အတိအကျ ထုတ်ပြန်ခြင်း မရှိသေးပါဘူး။

Musk falsely claims Tesla FSD is 10X safer than humans, complains about lawsuits | Electrek

ကျွမ်းကျင်သူတွေကတော့ Elon Musk ရဲ့ နှိုင်းယှဉ်ချက်တွေဟာ လမ်းအမျိုးအစား၊ ကားသက်တမ်းနဲ့ မောင်းနှင်သူရဲ့ အခြေအနေတွေအပေါ် မူတည်ပြီး ကွာခြားချက်တွေ ရှိနေတာကြောင့် မှားယွင်းနိုင်တယ်လို့ ဝေဖန်နေကြပါတယ်။ သီးခြား လွတ်လပ်တဲ့ လေ့လာဆန်းစစ်ချက်တွေအရလည်း Tesla ရဲ့ ဘေးကင်းမှုဟာ ၁၀ ဆအထိ သာလွန်နေတယ်ဆိုတာ သက်သေမပြနိုင်သေးသလို အဲဒီပမာဏထက် အများကြီး လျော့နည်းနေတာကို တွေ့ရပါတယ်။

Elon Musk's '10X Safer' Tesla FSD claim sparks debate; limited transparency and lawsuits raise concerns over safety claims

တစ်ဖက်မှာလည်း FSD စနစ်ကြောင့် ယာဉ်တိုက်မှုတွေ ဖြစ်ပွားခဲ့ရသလို မောင်းနှင်သူတွေကို မှားယွင်းတဲ့ အချက်အလက်တွေ ပေးခဲ့တယ်ဆိုတဲ့ တရားစွဲဆိုမှုတွေနဲ့လည်း ရင်ဆိုင်နေရပါတယ်။ ဒါဟာ ဘေးကင်းမှုတွေ တိုးတက်လာတယ်ဆိုတဲ့ Elon Musk ရဲ့ ပြောဆိုချက်နဲ့ ဆန့်ကျင်ဘက် ဖြစ်နေပါတယ်။

Ref: Fossbytes

ဆက်စပ်သတင်းများ

ဥရောပမှာ မျက်မမြင်တွေ စာပြန်ဖတ်နိုင်အောင် ကူညီပေးနိုင်မယ့် ထူးဆန်းတဲ့ မျက်စိစက်ပစ္စည်း ပေါ်ထွက်လာ

8/2/2026

အမေရိကန်မှာ AI ဒေတာစင်တာတွေကို ကာကွယ်ဖို့ ဒေါ်လာ ၃ သိန်းတန် စက်ရုပ်ခွေးများ စတင်တာဝန်ယူ

8/2/2026

Tesla ကို အလဲထိုးဖို့ ပြင်ဆင်လာတဲ့ BYD ရဲ့ ပထမဆုံး လူတူစက်ရုပ်တွေ သြဂုတ်လမှာ စတင် မြင်တွေ့ရမယ်

8/2/2026

  • ပင်မ
  • သတင်း
  • ဗီဒီယိုများ
  • စမတ်ဖုန်းများ
MyTech Myanmar

နည်းပညာ၊ ဖုန်း နှင့် Gadget သတင်းများ | Reviews & Updates

ဆောင်းပါးကဏ္ဍ

သတင်းဗီဒီယိုများ

ဈေးနှုန်းကဏ္ဍ

ဖုန်းအားလုံးဈေးနှုန်းကျဆင်းမှုအကောင်းဆုံးဈေးနှုန်းဖုန်းနှိုင်းယှဉ်ရန်ဖုန်းဆိုင်များ

ဆက်သွယ်ရန်

FacebookYouTubeInstagramTikTok

© 2026 MyTech Myanmar. မူပိုင်ခွင့်အားလုံး ထိန်းသိမ်းထားသည်။

mytechmyanmar.com