MyTech Myanmar
  • သတင်း
  • ဗီဒီယိုများ
  • အမြန်နှုန်း
  • စမတ်ဖုန်းများ
ဝင်ရောက်ရန်သတိပေးချက်
Tesla ရဲ့ ကိုယ်တိုင်မောင်းစနစ်ဟာ လုံးဝအဆင်မပြေဘူးလို့ ကုမ္ပဏီအတွင်းလူတွေ ဝန်ခံ
News
news၂၀၂၆ မေ ၃၁

Tesla ရဲ့ ကိုယ်တိုင်မောင်းစနစ်ဟာ လုံးဝအဆင်မပြေဘူးလို့ ကုမ္ပဏီအတွင်းလူတွေ ဝန်ခံ

<p>Tesla ရဲ့ ကိုယ်တိုင်မောင်းစနစ်ဟာ လုံးဝကို အလွဲလွဲအချော်ချော် ဖြစ်နေတယ်လို့ ကုမ္ပဏီတွင်းက လူတွေကိုယ်တိုင် ဖွင့်ချလိုက်ပြီ ဖြစ်ပါတယ်။</p>

Tesla ရဲ့ ကိုယ်တိုင်မောင်းစနစ်ဟာ လုံးဝကို အလွဲလွဲအချော်ချော် ဖြစ်နေတယ်လို့ ကုမ္ပဏီတွင်းက လူတွေကိုယ်တိုင် ဖွင့်ချလိုက်ပြီ ဖြစ်ပါတယ်။ Tesla ရဲ့ ကိုယ်တိုင်မောင်းနည်းပညာ (FSD) နဲ့ ပတ်သက်ပြီး အီလွန်မတ်စ်ရဲ့ ကြွားဝါပြောဆိုချက်တွေကို ဒီနည်းပညာကို ကိုယ်တိုင်ဖန်တီးပေးနေတဲ့ ဝန်ထမ်းတွေကတောင် မယုံကြည်ကြပါဘူး။

ရိုက်တာသတင်းဌာနက Tesla ရဲ့ အချက်အလက်စစ်ဆေးပေးသူဟောင်း ကိုးဦးနဲ့ အင်ဂျင်နီယာဟောင်းတစ်ဦးတို့ကို မေးမြန်းခဲ့ရာမှာတော့ ဝန်ထမ်းဟောင်းတစ်ဦးကဆိုရင် “ပိုက်ဆံပေးရင်တောင် Tesla ရဲ့ ရိုဘိုတက္ကစီ (Robotaxi) ကို မစီးဘူး” လို့အထိ ပြင်းပြင်းထန်ထန် ဝန်ခံခဲ့တာ ဖြစ်ပါတယ်။

Tesla Insiders Admit Self-Driving Is a Complete Disaster

အဲဒီဝန်ထမ်းတွေရဲ့ ပြောပြချက်အရ ဆော့ဖ်ဝဲလ် ပိုကောင်းလာအောင် ဗီဒီယိုမှတ်တမ်းတွေကို ပြန်လည်စစ်ဆေးတဲ့အခါ Tesla ကားတွေဟာ သတ်မှတ်မိုင်နှုန်းထက် ကျော်လွန်မောင်းနှင်နေတာတွေကို မကြာခဏဆိုသလို တွေ့ရတတ်တယ်လို့ ဆိုပါတယ်။

ဒါပေမဲ့ အင်ဂျင်နီယာတွေနဲ့ မန်နေဂျာတွေကတော့ ဒီပြဿနာကို သိပ်ပြီး အရေးမကြီးသလိုမျိုးပဲ သဘောထားခဲ့ကြတာ ဖြစ်ပါတယ်။ ကုမ္ပဏီရဲ့ အတွင်းရေးအချက်အလက်တွေကို တိုက်ရိုက်ကိုင်တွယ်ခဲ့ရတဲ့ အဲဒီလူတွေရဲ့ ဝန်ခံချက်တွေကြောင့် Tesla ရဲ့ ကိုယ်တိုင်မောင်းစနစ်ဟာ လမ်းမတွေပေါ်မှာ အမှန်တကယ် ဘေးကင်းလုံခြုံဖို့ဆိုတာ ဘယ်တော့မှ ဖြစ်လာမှာမဟုတ်ဘူးဆိုတဲ့ စိုးရိမ်မှုတွေ ပိုပြီးကြီးထွားလာနေပါတယ်။

Tesla Says Its Full Self-Driving Is Ten Times Safer Than a Human Driver. The People Who Train It Just Admitted They Wouldn't Get in a Robotaxi 'Even If You Paid Me'

အမှန်တကယ်လည်း ပြီးခဲ့တဲ့ လပိုင်းတွေအတွင်းမှာ FSD စနစ် ဖွင့်မောင်းလာတဲ့ Tesla ကားတွေဟာ ရေကန်ထဲ မောင်းချမိတာ၊ တံတားပေါ်က ပြုတ်ကျတာနဲ့ မျက်နှာချင်းဆိုင်က လာနေတဲ့ ရထားလမ်းကြောင်းထဲ မောင်းဝင်မိတာမျိုးတွေအထိ ဆိုးဆိုးရွားရွား ကြုံတွေ့ခဲ့ရပါတယ်။

သတင်းတွေမှာ ဖော်ပြတာထက် ပိုများပြားတဲ့ အချက်အလက်တွေကို မျက်မြင်တွေ့ခဲ့ရတဲ့ ဝန်ထမ်းတွေရဲ့ ဝန်ခံချက်တွေအရ အီလွန်မတ်စ် ပြောသလို လူကြီးကြပ်စရာမလိုဘဲ ဘေးကင်းကင်းနဲ့ မောင်းနှင်နိုင်ဖို့ဆိုတာ လက်ရှိမှာ လုံးဝမဖြစ်နိုင်သေးတဲ့ အခြေအနေမှာ ရှိနေတာ ဖြစ်ပါတယ်။

Ref: Futurism

ဆက်စပ်သတင်းများ

AI က လူသားမျိုးနွယ်တစ်ခုလုံးကို ဘယ်လို သတ်နိုင်သလဲ?

9/23/2026

တရုတ် စက်ရုပ်အကအဖွဲ့ America's Got Talent ဗိုလ်လုပွဲကို တက်လှမ်း

9/23/2026

AI စည်းမျဉ်းသစ်တွေကို ပိတ်ပင်ဖို့ နည်းပညာအကျော်အမော်တွေဖြစ်တဲ့ Musk နဲ့ Zuckerberg တို့ Trump နဲ့ သွားရောက်တွေ့ဆုံ

9/23/2026

  • ပင်မ
  • သတင်း
  • ဗီဒီယိုများ
  • စမတ်ဖုန်းများ
MyTech Myanmar

နည်းပညာ၊ ဖုန်း နှင့် Gadget သတင်းများ | Reviews & Updates

ဆောင်းပါးကဏ္ဍ

သတင်းဗီဒီယိုများ

ဈေးနှုန်းကဏ္ဍ

ဖုန်းအားလုံးဈေးနှုန်းကျဆင်းမှုအကောင်းဆုံးဈေးနှုန်းဖုန်းနှိုင်းယှဉ်ရန်ဖုန်းဆိုင်များ

ဆက်သွယ်ရန်

FacebookYouTubeInstagramTikTok

© 2026 MyTech Myanmar. မူပိုင်ခွင့်အားလုံး ထိန်းသိမ်းထားသည်။

mytechmyanmar.com