MyTech Myanmar
  • သတင်း
  • ဗီဒီယိုများ
  • အမြန်နှုန်း
  • စမတ်ဖုန်းများ
ဝင်ရောက်ရန်သတိပေးချက်
Apple Vision Pro သုံးပြီး တင်းပါးခွဲစိတ်မှု အောင်မြင်ခဲ့
News
news၂၀၂၆ စက်တင်ဘာ ၆

Apple Vision Pro သုံးပြီး တင်းပါးခွဲစိတ်မှု အောင်မြင်ခဲ့

<p>ဆေးဘက်ဆိုင်ရာနည်းပညာကုမ္ပဏီ Stryker ရဲ့ Apple Vision Pro  အတွက်ထုတ်လုပ်ထားတဲ့ SportSuite Vision အက်ပ်ကို</p>

ဆေးဘက်ဆိုင်ရာနည်းပညာကုမ္ပဏီ Stryker ရဲ့ Apple Vision Pro  အတွက်ထုတ်လုပ်ထားတဲ့ SportSuite Vision အက်ပ်ကို Duke Health မှာ တင်ပါးဆုံရိုးခွဲစိတ်မှုတစ်ခုမှာ အောင်မြင်စွာ အသုံးပြုနိုင်ခဲ့ပါတယ်။ အဲဒီဆော့ဖ်ဝဲဟာ ပြီးခဲ့တဲ့ ဇူလိုင်လမှာ FDA ရဲ့ De Novo အသိအမှတ်ပြုချက်ကို ရရှိခဲ့တာဖြစ်ပြီး အခုလို လက်တွေ့ခွဲစိတ်မှုမှာ ပထမဆုံးအကြိမ် အသုံးပြုခဲ့တာဖြစ်ပါတယ်။

Why Surgeons Are Wearing The Apple Vision Pro

အဲဒီ Mixed reality နည်းပညာကြောင့် ဆရာဝန်တွေဟာ လူနာနဲ့ လက်တွေ့ကမ္ဘာကို မြင်တွေ့နေရတဲ့တစ်ချိန်တည်းမှာပဲ ဒစ်ဂျစ်တယ်ပုံရိပ်တွေကိုပါ အလွယ်တကူ ကြည့်ရှုနိုင်ပါတယ်။ ခွဲစိတ်ဆရာဝန် ဒေါက်တာ Chad Mather III က Spatial computing နည်းပညာကို အသုံးပြုတာကြောင့် ခွဲစိတ်မှုလုပ်ငန်းစဉ်မှာ လိုအပ်တဲ့ အချက်အလက်တွေနဲ့ ဓာတ်မှန်ပုံရိပ်တွေကို မိမိအဆင်ပြေသလို စီစဉ်ထားနိုင်ပြီး ပိုမိုသက်တောင့်သက်သာရှိတဲ့ ခွဲစိတ်ခန်းအနေအထားကို ဖန်တီးပေးနိုင်တယ်လို့ ဆိုပါတယ်။

Apple Vision Pro is a bargain, say surgeons

ခေါင်းစွပ်မျက်မှန်ရဲ့ စျေးနှုန်းမြင့်မားမှုနဲ့ ဆော့ဖ်ဝဲရေးဆွဲရခက်ခဲမှုတွေကြောင့် သာမန်လူတွေ တွင်ကျယ်စွာ အသုံးပြုနိုင်ဖို့ကတော့ အလှမ်းဝေးနေဆဲဖြစ်ပါတယ်။ မကြာသေးမီက Apple ရဲ့ Vision Pro အဖွဲ့ဝင်တချို့ အလုပ်ဖြုတ်ခံရတဲ့ သတင်းတွေထွက်ပေါ်နေပေမယ့် အခုလို ရှုပ်ထွေးတဲ့ ဆေးဘက်ဆိုင်ရာခွဲစိတ်မှုတွေမှာ အသုံးပြုနိုင်တာဟာ ဒီနည်းပညာရဲ့ အနာဂတ်အလားအလာကောင်းကို ပြသနေပါတယ်။

Ref : Engadget

ဆက်စပ်သတင်းများ

AI က လူသားမျိုးနွယ်တစ်ခုလုံးကို ဘယ်လို သတ်နိုင်သလဲ?

9/23/2026

တရုတ် စက်ရုပ်အကအဖွဲ့ America's Got Talent ဗိုလ်လုပွဲကို တက်လှမ်း

9/23/2026

AI စည်းမျဉ်းသစ်တွေကို ပိတ်ပင်ဖို့ နည်းပညာအကျော်အမော်တွေဖြစ်တဲ့ Musk နဲ့ Zuckerberg တို့ Trump နဲ့ သွားရောက်တွေ့ဆုံ

9/23/2026

  • ပင်မ
  • သတင်း
  • ဗီဒီယိုများ
  • စမတ်ဖုန်းများ
MyTech Myanmar

နည်းပညာ၊ ဖုန်း နှင့် Gadget သတင်းများ | Reviews & Updates

ဆောင်းပါးကဏ္ဍ

သတင်းဗီဒီယိုများ

ဈေးနှုန်းကဏ္ဍ

ဖုန်းအားလုံးဈေးနှုန်းကျဆင်းမှုအကောင်းဆုံးဈေးနှုန်းဖုန်းနှိုင်းယှဉ်ရန်ဖုန်းဆိုင်များ

ဆက်သွယ်ရန်

FacebookYouTubeInstagramTikTok

© 2026 MyTech Myanmar. မူပိုင်ခွင့်အားလုံး ထိန်းသိမ်းထားသည်။

mytechmyanmar.com