MyTech Myanmar
  • သတင်း
  • ဗီဒီယိုများ
  • အမြန်နှုန်း
  • စမတ်ဖုန်းများ
ဝင်ရောက်ရန်သတိပေးချက်
လစာကြီးပြီး အလုပ်မဖြစ်တဲ့ စက်ရုပ်ရဲကြီး ရာထူးက ဖယ်ရှားခံရ
News
news၂၀၂၆ ဇွန် ၂၄

လစာကြီးပြီး အလုပ်မဖြစ်တဲ့ စက်ရုပ်ရဲကြီး ရာထူးက ဖယ်ရှားခံရ

<p>အမေရိကန်နိုင်ငံ၊ အိုဟိုင်းယိုးပြည်နယ် ဒပ်ဘလင်ရဲတပ်ဖွဲ့က Rock Cress ကားပါကင်ဝင်းကို စောင့်ရှောက်ဖို့ ခန့်အပ်ခဲ့တဲ့ Knightscope K5</p>

အမေရိကန်နိုင်ငံ၊ အိုဟိုင်းယိုးပြည်နယ် ဒပ်ဘလင်ရဲတပ်ဖွဲ့က Rock Cress ကားပါကင်ဝင်းကို စောင့်ရှောက်ဖို့ ခန့်အပ်ခဲ့တဲ့ Knightscope K5 အမျိုးအစား လုံခြုံရေးစက်ရုပ် “DubBot” ဟာ ၁၀ လနီးပါး တာဝန်ထမ်းဆောင်ပြီးနောက်မှာတော့ အလုပ်ပြုတ်သွားခဲ့ပါတယ်။

နည်းပညာမြင့် စက်ရုပ်ကြီးဟာ ရဲတပ်ဖွဲ့ရဲ့ လုပ်ငန်းခွင်လိုအပ်ချက်တွေကို ဖြည့်ဆည်းပေးနိုင်ခြင်း မရှိတဲ့အတွက် အဲဒီစက်ရုပ်ကို ၂၀၂၆ ခုနှစ် မေလ ၁၂ ရက်နေ့မှာပဲ တာဝန်ကနေ အပြီးအပိုင် အနားပေးလိုက်ပြီလို့ သိရပါတယ်။

တကယ်တော့ ဒီစက်ရုပ်ကြီးမှာ ၃၆၀ ဒီဂရီပတ်လည် ကြည့်နိုင်တဲ့ ကင်မရာတွေ၊ အပြန်အလှန် စကားပြောစနစ်၊ လိုက်ဒါ (Lidar) လမ်းညွှန်စနစ်နဲ့ အရေးပေါ်ခေါ်ဆိုမှု ခလုတ်တွေလို ခေတ်မီနည်းပညာတွေ အပြည့်အစုံ ပါဝင်ပါတယ်။

ဒါပေမဲ့ တာဝန်ထမ်းဆောင်တဲ့ ကာလတစ်လျှောက်လုံးမှာတော့ ဖမ်းဆီးမှု သုည၊ ဒဏ်ရိုက်မှု သုညနဲ့ ရဲခေါ်ရလောက်တဲ့ ဖြစ်စဉ်မျိုး တစ်ခုမှ မရှိခဲ့ဘဲ ဘာအလုပ်မှ မဖြစ်ခဲ့ပါဘူး။

ရာဇဝတ်မှု ဖြစ်ပွားလေ့မရှိတဲ့ အဲဒီကားပါကင်ထဲမှာ စက်ရုပ်ကြီးဟာ လူမြင်သူမြင် လျှောက်သွားပြီး ဟန့်တားတာနဲ့ စောင့်ကြည့်တာလောက်ပဲ လုပ်နိုင်ခဲ့လို့ တကယ့်ရဲလုပ်ငန်းအတွက် တိုင်းတာလို့ရတဲ့ ရလဒ်မျိုး တစ်ခုမှ ပြသနိုင်ခြင်း မရှိပါဘူး။

Ohio Police Fire Robocop for Helping Make Zero Arrests and Failing to Issue a Single Ticket

ပိုပြီး ဆိုးတာကတော့ ထုတ်လုပ်တဲ့ ကုမ္ပဏီဆီကနေ ငွေအချို့ ပြန်အမ်းတာကို ခံယူခဲ့ပြီးနောက်မှာတောင် ဒီစမ်းသပ်စီမံကိန်းအတွက် မြို့တော်ကနေ အမေရိကန်ဒေါ်လာ ၆၇,၅၄၈ (ဒေါ်လာ ၆၇,၀၀၀ ကျော်) ထိ ကုန်ကျသွားခဲ့တာပဲ ဖြစ်ပါတယ်။

မူလကတော့ စက်ရုပ်တွေကို ဒီထက်ပိုပြီး တိုးချဲ့အသုံးပြုဖို့ စီစဉ်ထားခဲ့ပေမယ့် အခုလို ငွေကုန်ကြေးကျများပြီး အသုံးမဝင်တဲ့အတွက် အဲဒီအစီအစဉ်ကို ဖျက်သိမ်းလိုက်ပြီး စက်ရုပ်ရဲစောင့်ကိုလည်း ကားပါကင်ထဲကနေ မောင်းထုတ်လိုက်ပြီ ဖြစ်ပါတယ်။

Ref: Technology Innovation

ဆက်စပ်သတင်းများ

ဥရောပမှာ မျက်မမြင်တွေ စာပြန်ဖတ်နိုင်အောင် ကူညီပေးနိုင်မယ့် ထူးဆန်းတဲ့ မျက်စိစက်ပစ္စည်း ပေါ်ထွက်လာ

8/2/2026

အမေရိကန်မှာ AI ဒေတာစင်တာတွေကို ကာကွယ်ဖို့ ဒေါ်လာ ၃ သိန်းတန် စက်ရုပ်ခွေးများ စတင်တာဝန်ယူ

8/2/2026

Tesla ကို အလဲထိုးဖို့ ပြင်ဆင်လာတဲ့ BYD ရဲ့ ပထမဆုံး လူတူစက်ရုပ်တွေ သြဂုတ်လမှာ စတင် မြင်တွေ့ရမယ်

8/2/2026

  • ပင်မ
  • သတင်း
  • ဗီဒီယိုများ
  • စမတ်ဖုန်းများ
MyTech Myanmar

နည်းပညာ၊ ဖုန်း နှင့် Gadget သတင်းများ | Reviews & Updates

ဆောင်းပါးကဏ္ဍ

သတင်းဗီဒီယိုများ

ဈေးနှုန်းကဏ္ဍ

ဖုန်းအားလုံးဈေးနှုန်းကျဆင်းမှုအကောင်းဆုံးဈေးနှုန်းဖုန်းနှိုင်းယှဉ်ရန်ဖုန်းဆိုင်များ

ဆက်သွယ်ရန်

FacebookYouTubeInstagramTikTok

© 2026 MyTech Myanmar. မူပိုင်ခွင့်အားလုံး ထိန်းသိမ်းထားသည်။

mytechmyanmar.com