MyTech Myanmar
  • သတင်း
  • ဗီဒီယိုများ
  • အမြန်နှုန်း
  • စမတ်ဖုန်းများ
ဝင်ရောက်ရန်သတိပေးချက်
အမေရိကန်မှာ အကြီးဆုံး လေစွမ်းအင်သုံး လျှပ်စစ်ထုတ်လုပ်ရေးစက်ရုံ စတင်လည်ပတ်
News
news၂၀၂၆ ဇူလိုင် ၂၉

အမေရိကန်မှာ အကြီးဆုံး လေစွမ်းအင်သုံး လျှပ်စစ်ထုတ်လုပ်ရေးစက်ရုံ စတင်လည်ပတ်

<p>အမေရိကန်ပြည်ထောင်စုရဲ့ အကြီးဆုံး လေစွမ်းအင်သုံး လျှပ်စစ်ထုတ်လုပ်ရေးစက်ရုံ ဖြစ်တဲ့ SunZia Wind စီမံကိန်းဟာ နယူးမက်ဆီကိုပြည်နယ်မှာ စီးပွားဖြစ်</p>

အမေရိကန်ပြည်ထောင်စုရဲ့ အကြီးဆုံး လေစွမ်းအင်သုံး လျှပ်စစ်ထုတ်လုပ်ရေးစက်ရုံ ဖြစ်တဲ့ SunZia Wind စီမံကိန်းဟာ နယူးမက်ဆီကိုပြည်နယ်မှာ စီးပွားဖြစ် စတင်လည်ပတ်နေပြီဖြစ်တာကြောင့် ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင် ကဏ္ဍအတွက် မှတ်တိုင်သစ်တစ်ခု စိုက်ထူနိုင်ခဲ့ပါတယ်။ ဒီစီမံကိန်းမှာ စုစုပေါင်း လျှပ်စစ်ထုတ်လုပ်နိုင်စွမ်း မဂ္ဂါဝပ် ၃,၆၅၀ ရှိတဲ့ လေတာဘိုင် ၉၁၆ လုံး ပါဝင်တာမို့ အမေရိကန်မှာ ထုတ်လုပ်နိုင်စွမ်း ပမာဏ အမြင့်ဆုံး လေစွမ်းအင်စက်ရုံအဖြစ် စံချိန်တင်ခဲ့ပါတယ်။ နယူးမက်ဆီကိုပြည်နယ် အလယ်ပိုင်းမှာ တည်ရှိပြီး တစ်နှစ်ကို အိမ်ထောင်စုပေါင်း ၁ သန်းနီးပါးစာ လျှပ်စစ်ဓာတ်အား ထုတ်လုပ်ပေးနိုင်မှာ ဖြစ်ပါတယ်။

Top 20 Largest Wind Farms in the United States | Certrec

အဆိုပါ ထုတ်လုပ်လိုက်တဲ့ လျှပ်စစ်ဓာတ်အားတွေကို မိုင်ပေါင်း ၅၅၀ (၈၈၅ ကီလိုမီတာ) အရှည်ရှိတဲ့ ဗို့အားမြင့် ဓာတ်အားလိုင်းစနစ်ဖြစ်တဲ့ SunZia Transmission Project ကနေတစ်ဆင့် အရီဇိုးနားနဲ့ ကာလီဖိုးနီးယား ပြည်နယ်တွေရှိ စွမ်းအင်ဈေးကွက်တွေဆီ ပေးပို့ဖြန့်ဖြူးပေးသွားမှာ ဖြစ်ပါတယ်။

US wind energy capacity now over 100 gigawatts, says new report

ဒီစီမံကိန်းကို Pattern Energy ကုမ္ပဏီက နှစ်ပေါင်း ၂၀ နီးပါးကြာ စီမံကိန်းရေးဆွဲ ရေးဆွဲတည်ဆောက်ခဲ့တာဖြစ်ပြီး စုစုပေါင်း အမေရိကန်ဒေါ်လာ ၁၁ ဘီလီယံနီးပါး ရင်းနှီးမြှုပ်နှံထားတာမို့ အမေရိကန်သမိုင်းမှာ ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင်ဆိုင်ရာ အကြီးမားဆုံး ရင်းနှီးမြှုပ်နှံမှုတွေထဲက တစ်ခုလည်း ဖြစ်ပါတယ်။

Ref : Technology Innovation

ဆက်စပ်သတင်းများ

ဥရောပမှာ မျက်မမြင်တွေ စာပြန်ဖတ်နိုင်အောင် ကူညီပေးနိုင်မယ့် ထူးဆန်းတဲ့ မျက်စိစက်ပစ္စည်း ပေါ်ထွက်လာ

8/2/2026

အမေရိကန်မှာ AI ဒေတာစင်တာတွေကို ကာကွယ်ဖို့ ဒေါ်လာ ၃ သိန်းတန် စက်ရုပ်ခွေးများ စတင်တာဝန်ယူ

8/2/2026

Tesla ကို အလဲထိုးဖို့ ပြင်ဆင်လာတဲ့ BYD ရဲ့ ပထမဆုံး လူတူစက်ရုပ်တွေ သြဂုတ်လမှာ စတင် မြင်တွေ့ရမယ်

8/2/2026

  • ပင်မ
  • သတင်း
  • ဗီဒီယိုများ
  • စမတ်ဖုန်းများ
MyTech Myanmar

နည်းပညာ၊ ဖုန်း နှင့် Gadget သတင်းများ | Reviews & Updates

ဆောင်းပါးကဏ္ဍ

သတင်းဗီဒီယိုများ

ဈေးနှုန်းကဏ္ဍ

ဖုန်းအားလုံးဈေးနှုန်းကျဆင်းမှုအကောင်းဆုံးဈေးနှုန်းဖုန်းနှိုင်းယှဉ်ရန်ဖုန်းဆိုင်များ

ဆက်သွယ်ရန်

FacebookYouTubeInstagramTikTok

© 2026 MyTech Myanmar. မူပိုင်ခွင့်အားလုံး ထိန်းသိမ်းထားသည်။

mytechmyanmar.com
အမေရိကန်မှာ အကြီးဆုံး လေစွမ်းအင်သုံး လျှပ်စစ်ထုတ်လုပ်ရေးစက်ရုံ စတင်လည်ပတ် | MyTech Myanmar