MyTech Myanmar
  • သတင်း
  • ဗီဒီယိုများ
  • အမြန်နှုန်း
  • စမတ်ဖုန်းများ
ဝင်ရောက်ရန်သတိပေးချက်
အာကာသထဲမှာ ဒေတာစင်တာတွေ တည်ဆောက်ဖို့ ကုမ္ပဏီကြီးတွေ ပြင်ဆင်လာ
News
news၂၀၂၆ ဇူလိုင် ၁၉

အာကာသထဲမှာ ဒေတာစင်တာတွေ တည်ဆောက်ဖို့ ကုမ္ပဏီကြီးတွေ ပြင်ဆင်လာ

<p>AI နည်းပညာ အလျင်အမြန် တိုးတက်လာတာနဲ့အမျှ ကုမ္ပဏီတွေဟာ စိတ်ကူးသစ်တစ်ခုဖြစ်တဲ့ အာကာသထဲမှာ ဒေတာစင်တာ (Data Center)</p>

AI နည်းပညာ အလျင်အမြန် တိုးတက်လာတာနဲ့အမျှ ကုမ္ပဏီတွေဟာ စိတ်ကူးသစ်တစ်ခုဖြစ်တဲ့ အာကာသထဲမှာ ဒေတာစင်တာ (Data Center) တွေ တည်ဆောက်ဖို့အတွက်ပါ ခြေလှမ်းပြင် လေ့လာနေကြပြီဖြစ်ပါတယ်။

လက်ရှိမှာ Axiom Space၊ NVIDIA နဲ့ အာကာသစတားအပ် (Startup) ကုမ္ပဏီတစ်ခုဖြစ်တဲ့ Starcloud တို့ဟာ အာကာသပတ်လမ်းထဲမှာ ကွန်ပျူတာစနစ်တွေ မောင်းနှင်လည်ပတ်နိုင်မယ့် နည်းပညာတွေကို အပြိုင်အဆိုင် တီထွင်ဖန်တီးနေကြပါတယ်။

ဒီအနာဂတ် အာကာသအခြေစိုက် ဒေတာစင်တာတွေဟာ AI လုပ်ငန်းစဉ်တွေ တွက်ချက်တာ၊ အချက်အလက် သိုလှောင်တာနဲ့ အခြားအာကာသဆိုင်ရာ ကွန်ပျူတာလိုအပ်ချက်တွေကို အကောင်းဆုံး ပံ့ပိုးပေးနိုင်လိမ့်မယ်လို့ မျှော်လင့်ရပါတယ်။

Google to test building AI data centres in space - The Economic Times

ဒီနည်းပညာကို ထောက်ခံသူတွေရဲ့ အဆိုအရ အာကာသထဲမှာ ဒေတာစင်တာတွေ ဆောက်လုပ်ခြင်းအားဖြင့် နေရောင်ခြည်စွမ်းအင်ကို အချိန်ပြည့် တရစပ်ရရှိနိုင်မယ့် အားသာချက်ရှိပြီး AI ကြောင့် တစ်နေ့ထက်တစ်နေ့ မြင့်မားလာတဲ့ ကွန်ပျူတာစနစ် လိုအပ်ချက်တွေကိုလည်း အထိရောက်ဆုံး ကူညီဖြေရှင်းပေးနိုင်မှာဖြစ်ပါတယ်။

ဒါပေမဲ့လည်း ဒီနည်းပညာဟာ အစောပိုင်းကာလမှာပဲ ရှိသေးတာကြောင့် အင်ဂျင်နီယာတွေအနေနဲ့ ကြီးမားတဲ့ စိန်ခေါ်မှုတွေကို ကျော်ဖြတ်ရဦးမှာဖြစ်ပါတယ်။

အဲဒါတွေကတော့ အာကာသထဲ ဒုံးပျံလွှတ်တင်ခ ကုန်ကျစရိတ် ကြီးမားတာ၊ အာကာသရောင်ခြည်သင့်မှုဒဏ် ခံရနိုင်တာ၊ ပြုပြင်ထိန်းသိမ်းရ ခက်ခဲတာ၊ ဆက်သွယ်ရေး ကန့်သတ်ချက်တွေရှိတာနဲ့ ရေခဲမှတ်အောက်အထိ အေးစက်တဲ့ အာကာသထဲမှာ အပူချိန်ထိန်းညှိတဲ့စနစ် (Cooling System) တွေ လိုအပ်တာပဲ ဖြစ်ပါတယ်။

Can Data Centers in Space Ease AI's Growing Power Demands?

လောလောဆယ်မှာတော့ အာကာသအခြေစိုက် AI ဒေတာစင်တာတွေဟာ လက်တွေ့ကမ္ဘာမြေပြင်က ဒေတာစင်တာတွေကို အစားထိုးနိုင်မယ့် အဆင့်မျိုးမဟုတ်သေးဘဲ ဖွံ့ဖြိုးတိုးတက်ဆဲ အယူအဆတစ်ခုအဖြစ်သာ ရှိနေပါသေးတယ်။

ဒါပေမဲ့ ကုမ္ပဏီကြီးတွေကတော့ အနာဂတ်ရဲ့ နည်းပညာအခြေခံအဆောက်အအုံတွေအတွက် အာကာသဟင်းလင်းပြင်ကြီးဟာ နေရာသစ်တစ်ခု ဖြစ်လာနိုင်မလားဆိုတာကို မျက်ခြေမပြတ် ဆက်လက်သုတေသနပြု စူးစမ်းနေကြပါတယ်။

Ref: Technology Innovation

ဆက်စပ်သတင်းများ

ဥရောပမှာ မျက်မမြင်တွေ စာပြန်ဖတ်နိုင်အောင် ကူညီပေးနိုင်မယ့် ထူးဆန်းတဲ့ မျက်စိစက်ပစ္စည်း ပေါ်ထွက်လာ

8/2/2026

အမေရိကန်မှာ AI ဒေတာစင်တာတွေကို ကာကွယ်ဖို့ ဒေါ်လာ ၃ သိန်းတန် စက်ရုပ်ခွေးများ စတင်တာဝန်ယူ

8/2/2026

Tesla ကို အလဲထိုးဖို့ ပြင်ဆင်လာတဲ့ BYD ရဲ့ ပထမဆုံး လူတူစက်ရုပ်တွေ သြဂုတ်လမှာ စတင် မြင်တွေ့ရမယ်

8/2/2026

  • ပင်မ
  • သတင်း
  • ဗီဒီယိုများ
  • စမတ်ဖုန်းများ
MyTech Myanmar

နည်းပညာ၊ ဖုန်း နှင့် Gadget သတင်းများ | Reviews & Updates

ဆောင်းပါးကဏ္ဍ

သတင်းဗီဒီယိုများ

ဈေးနှုန်းကဏ္ဍ

ဖုန်းအားလုံးဈေးနှုန်းကျဆင်းမှုအကောင်းဆုံးဈေးနှုန်းဖုန်းနှိုင်းယှဉ်ရန်ဖုန်းဆိုင်များ

ဆက်သွယ်ရန်

FacebookYouTubeInstagramTikTok

© 2026 MyTech Myanmar. မူပိုင်ခွင့်အားလုံး ထိန်းသိမ်းထားသည်။

mytechmyanmar.com