MyTech Myanmar
  • သတင်း
  • ဗီဒီယိုများ
  • အမြန်နှုန်း
  • စမတ်ဖုန်းများ
ဝင်ရောက်ရန်သတိပေးချက်
စ-စ်သင်္ဘောမောင်းနိုင်တဲ့ တောင်ကိုရီးယားရဲ့ လူတူစက်ရုပ်
News
news၂၀၂၆ ဇူလိုင် ၂၈

စ-စ်သင်္ဘောမောင်းနိုင်တဲ့ တောင်ကိုရီးယားရဲ့ လူတူစက်ရုပ်

<p>စစ်သည်အင်အား နည်းပါးလာတဲ့ ပြဿနာကို နည်းပညာနဲ့ ကျော်လွှားဖို့ ကြိုးပမ်းနေတဲ့ တောင်ကိုရီးယား ရေတပ်ဟာ စစ်သင်္ဘော မောင်းနှင်ရေး</p>

စစ်သည်အင်အား နည်းပါးလာတဲ့ ပြဿနာကို နည်းပညာနဲ့ ကျော်လွှားဖို့ ကြိုးပမ်းနေတဲ့ တောင်ကိုရီးယား ရေတပ်ဟာ စစ်သင်္ဘော မောင်းနှင်ရေး တာဝန်တွေကို ထမ်းဆောင်နိုင်မယ့် AI စနစ်သုံး လူတူစက်ရုပ် PIBOT ကို အောင်မြင်စွာ စမ်းသပ်မောင်းနှင်ခဲ့ပါတယ်။

ချန်းဝမ်မြို့ရှိ ရေတပ်လေ့ကျင့်ရေးဌာနချုပ်မှာ ပုံရိပ်ယောင်စနစ် (Simulator) နဲ့ စမ်းသပ်ခဲ့တာဖြစ်ပြီး PIBOT ဟာ အသံနဲ့ပေးတဲ့ အမိန့်တွေကို တိတိကျကျ လိုက်နာတာ၊ ပြန်လည်အတည်ပြုတာအပြင် ရေကြောင်းကျဉ်းထဲ မောင်းနှင်တာ၊ လှိုင်းလေထန်ချိန်နဲ့ ညဘက်စစ်ဆင်ရေး စတဲ့ ခက်ခဲတဲ့ အခြေအနေတွေမှာပါ သင်္ဘောတက်မကို ကျွမ်းကျင်စွာ ထိန်းချုပ်ပြသွားခဲ့တာပါ။

KAIST သုတေသနပညာရှင်တွေက ၂၀၂၂ ခုနှစ်ကတည်းက စတင်တီထွင်ခဲ့တဲ့ ဒီ PIBOT စီမံကိန်းကို တောင်ကိုရီးယား ကာကွယ်ရေးဌာနအဖွဲ့အစည်းတွေ (ADD နဲ့ DAPA) က ဝမ် ၅ ဒသမ ၇ ဘီလီယံ (အမေရိကန်ဒေါ်လာ ၃ ဒသမ ၈ သန်းနီးပါး) ရင်းနှီးမြှုပ်နှံ ထောက်ပံ့ပေးထားတာ ဖြစ်ပါတယ်။

ရေတပ်ရဲ့ အဓိကရည်ရွယ်ချက်ကတော့ အနာဂတ်မှာ လူနဲ့ စက်ရုပ် ပူးပေါင်းဆောင်ရွက်တဲ့အဖွဲ့တွေ ဖွဲ့စည်းပြီး တပ်ဖွဲ့ဝင်တွေရဲ့ လုပ်ငန်းဝန်ထုပ်ဝန်ပိုးကို လျှော့ချပေးဖို့ပဲ ဖြစ်ပါတယ်။

South Korean Navy tests humanoid robot as ship helmsman - UPI.com

ဒါပေမဲ့လည်း PIBOT ဟာ စစ်သည်တွေရဲ့နေရာမှာ လုံးဝအစားထိုးဝင်ရောက်တာမျိုး မဟုတ်သလို လက်ရှိမှာလည်း တာဝန်ကျစစ်သင်္ဘောတွေပေါ် တိုက်ရိုက်တာဝန်ပေးထားတာ မရှိသေးပါဘူး။

အခုပြုလုပ်တဲ့ စမ်းသပ်မှုတွေဟာ အနာဂတ် ရေတပ်စစ်ဆင်ရေးတွေမှာ AI နဲ့ လူတူစက်ရုပ်တွေကို ဘယ်လိုအထိရောက်ဆုံး ကူညီအသုံးပြုနိုင်မလဲဆိုတာကို လေ့လာနေတဲ့ အဆင့်ပဲ ရှိသေးတာပါ။

Ref: Technology Innovation

ဆက်စပ်သတင်းများ

ဥရောပမှာ မျက်မမြင်တွေ စာပြန်ဖတ်နိုင်အောင် ကူညီပေးနိုင်မယ့် ထူးဆန်းတဲ့ မျက်စိစက်ပစ္စည်း ပေါ်ထွက်လာ

8/2/2026

အမေရိကန်မှာ AI ဒေတာစင်တာတွေကို ကာကွယ်ဖို့ ဒေါ်လာ ၃ သိန်းတန် စက်ရုပ်ခွေးများ စတင်တာဝန်ယူ

8/2/2026

Tesla ကို အလဲထိုးဖို့ ပြင်ဆင်လာတဲ့ BYD ရဲ့ ပထမဆုံး လူတူစက်ရုပ်တွေ သြဂုတ်လမှာ စတင် မြင်တွေ့ရမယ်

8/2/2026

  • ပင်မ
  • သတင်း
  • ဗီဒီယိုများ
  • စမတ်ဖုန်းများ
MyTech Myanmar

နည်းပညာ၊ ဖုန်း နှင့် Gadget သတင်းများ | Reviews & Updates

ဆောင်းပါးကဏ္ဍ

သတင်းဗီဒီယိုများ

ဈေးနှုန်းကဏ္ဍ

ဖုန်းအားလုံးဈေးနှုန်းကျဆင်းမှုအကောင်းဆုံးဈေးနှုန်းဖုန်းနှိုင်းယှဉ်ရန်ဖုန်းဆိုင်များ

ဆက်သွယ်ရန်

FacebookYouTubeInstagramTikTok

© 2026 MyTech Myanmar. မူပိုင်ခွင့်အားလုံး ထိန်းသိမ်းထားသည်။

mytechmyanmar.com
စ-စ်သင်္ဘောမောင်းနိုင်တဲ့ တောင်ကိုရီးယားရဲ့ လူတူစက်ရုပ် | MyTech Myanmar