MyTech Myanmar
  • သတင်း
  • ဗီဒီယိုများ
  • အမြန်နှုန်း
  • စမတ်ဖုန်းများ
ဝင်ရောက်ရန်သတိပေးချက်
တရုတ်ထုတ် လူတူစက်ရုပ်တွေ အမေရိကန်ထဲ ဝင်ရောက်ခွင့် ထရန့်အစိုးရ တရားဝင် ပိတ်ပင်
News
news၂၀၂၆ ဇူလိုင် ၃၀

တရုတ်ထုတ် လူတူစက်ရုပ်တွေ အမေရိကန်ထဲ ဝင်ရောက်ခွင့် ထရန့်အစိုးရ တရားဝင် ပိတ်ပင်

<p>အမေရိကန် စျေးကွက်အတွင်း တရုတ်နိုင်ငံထုတ် လူတူစက်ရုပ် (Humanoid Robots) အသစ်တွေ ဝင်ရောက်ရောင်းချခွင့်ကို ဒေါ်နယ်ထရန့် အစိုးရအဖွဲ့က</p>

အမေရိကန် စျေးကွက်အတွင်း တရုတ်နိုင်ငံထုတ် လူတူစက်ရုပ် (Humanoid Robots) အသစ်တွေ ဝင်ရောက်ရောင်းချခွင့်ကို ဒေါ်နယ်ထရန့် အစိုးရအဖွဲ့က တရားဝင် ပိတ်ပင်လိုက်ပါတယ်။

အမေရိကန် ဖက်ဒရယ် ဆက်သွယ်ရေး ကော်မရှင် (FCC) ရဲ့ စည်းမျဉ်းသစ်အရ အမျိုးသား လုံခြုံရေးနဲ့ ဆိုင်ဘာလုံခြုံရေးကို ကာကွယ်ဖို့အတွက် အခုလို ထိန်းချုပ်လိုက်တာပါ။

ဒီပိတ်ပင်မှုထဲမှာ လူတူစက်ရုပ်တွေတင် မကဘဲ တရုတ်ထုတ် စက်ရုပ်ခွေးတွေနဲ့ ဒေတာစင်တာ၊ ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင်စနစ်တွေမှာ သုံးတဲ့ စွမ်းအင်ပြောင်း အင်ဗာတာတွေပါ ပါဝင်နေပြီး အဲဒီစက်ပစ္စည်းတွေကို စပိုင်လုပ်တာ၊ ဆိုင်ဘာတိုက်ခိုက်တာနဲ့ အချက်အလက် ခိုးယူတာတွေမှာ အသုံးပြုသွားနိုင်တယ်လို့ အမေရိကန် တာဝန်ရှိသူတွေက သတိပေးထားပါတယ်။

Trump administration bans new Chinese humanoid robots - AOL

အခု ပိတ်ပင်မှုဟာ အမေရိကန်ထဲ စျေးကွက်တင်ဖို့ ဒါမှမဟုတ် တင်သွင်းဖို့ ခွင့်ပြုချက် အသစ်လျှောက်ထားတဲ့ ထုတ်ကုန်တွေအတွက်ပဲ အကျုံးဝင်မှာပါ။

အရင်ကတည်းက ခွင့်ပြုချက် ရပြီးသား စက်ပစ္စည်းတွေကိုတော့ ထိခိုက်မှု မရှိပေမဲ့ လိုအပ်လာရင် ခွင့်ပြုမိန့် ပြန်ရုပ်သိမ်းပိုင်ခွင့်ရှိတယ်လို့ FCC က ဆိုပါတယ်။

US bans humanoid robots from China, citing 'unacceptable risks' | Trump administration | The Guardian

ဒီ အရေးယူပိတ်ပင်မှုကြောင့် ထိခိုက်မှုနဲ့ ရင်ဆိုင်ရတော့မယ့် ကုမ္ပဏီတွေထဲမှာ တရုတ်နိုင်ငံရဲ့ နာမည်ကြီး လူတူစက်ရုပ် ထုတ်လုပ်ရေး ကုမ္ပဏီတစ်ခုဖြစ်တဲ့ Unitree Robotics လည်း အပါအဝင် ဖြစ်ပါတယ်။

တရုတ်အစိုးရဘက်ကတော့ အမေရိကန်ရဲ့ ဆုံးဖြတ်ချက်ကို ပြင်းပြင်းထန်ထန် ဝေဖန်လိုက်ပြီး   နိုင်ငံရဲ့ စက်မှုလုပ်ငန်းတွေနဲ့ ကုမ္ပဏီတွေရဲ့ အကျိုးစီးပွားကို အပြည့်အဝ ကာကွယ်သွားမယ်လို့ တုံ့ပြန်လိုက်ပါတယ်။

Ref: Technology Innovation

ဆက်စပ်သတင်းများ

AI က လူသားမျိုးနွယ်တစ်ခုလုံးကို ဘယ်လို သတ်နိုင်သလဲ?

9/23/2026

တရုတ် စက်ရုပ်အကအဖွဲ့ America's Got Talent ဗိုလ်လုပွဲကို တက်လှမ်း

9/23/2026

AI စည်းမျဉ်းသစ်တွေကို ပိတ်ပင်ဖို့ နည်းပညာအကျော်အမော်တွေဖြစ်တဲ့ Musk နဲ့ Zuckerberg တို့ Trump နဲ့ သွားရောက်တွေ့ဆုံ

9/23/2026

  • ပင်မ
  • သတင်း
  • ဗီဒီယိုများ
  • စမတ်ဖုန်းများ
MyTech Myanmar

နည်းပညာ၊ ဖုန်း နှင့် Gadget သတင်းများ | Reviews & Updates

ဆောင်းပါးကဏ္ဍ

သတင်းဗီဒီယိုများ

ဈေးနှုန်းကဏ္ဍ

ဖုန်းအားလုံးဈေးနှုန်းကျဆင်းမှုအကောင်းဆုံးဈေးနှုန်းဖုန်းနှိုင်းယှဉ်ရန်ဖုန်းဆိုင်များ

ဆက်သွယ်ရန်

FacebookYouTubeInstagramTikTok

© 2026 MyTech Myanmar. မူပိုင်ခွင့်အားလုံး ထိန်းသိမ်းထားသည်။

mytechmyanmar.com