MyTech Myanmar
  • သတင်း
  • ဗီဒီယိုများ
  • အမြန်နှုန်း
  • စမတ်ဖုန်းများ
ဝင်ရောက်ရန်သတိပေးချက်
Trump Phone ၅၀ ရာခိုင်နှုန်း ဈေးတက်
News
news၂၀၂၆ စက်တင်ဘာ ၁၂

Trump Phone ၅၀ ရာခိုင်နှုန်း ဈေးတက်

<p>ပြီးခဲ့တဲ့နှစ်ကတည်းက ဟိုးလေးတကျော်ဖြစ်ခဲ့တဲ့ Trump Mobile T1 Phone  ဟာ ဇွန်လတုန်းက ဒေါ်လာ ၄၉၉</p>

ပြီးခဲ့တဲ့နှစ်ကတည်းက ဟိုးလေးတကျော်ဖြစ်ခဲ့တဲ့ Trump Mobile T1 Phone  ဟာ ဇွန်လတုန်းက ဒေါ်လာ ၄၉၉ နဲ့ စတင်ရောင်းချခဲ့ပေမယ့် အခုတော့ ဘယ်သူမှမသိအောင် ဈေးနှုန်းကို ဒေါ်လာ ၇၄၉ အထိ အကြီးအကျယ် မြှင့်တင်လိုက်ပါတယ်။ မူလဈေးထက် ၅၀ ရာခိုင်နှုန်းတောင် ပိုများသွားတဲ့အတွက် အတော်လေးကို အံ့အားသင့်စရာကောင်းနေပါတယ်။

T1 Phone: Trump's mobile phone is ready and being delivered | heise online

ပိုပြီး စိတ်ဝင်စားစရာကောင်းတာက အဲဒီဖုန်းဟာ အသစ်တီထွင်ထားတာမဟုတ်ဘဲ ၂၀၂၄ ခုနှစ်ထုတ် HTC ဖုန်း ကို ရွှေရောင်ဆေးသုတ်ပြီး Trump တံဆိပ် ကပ်ထားရုံသက်သက် ဖြစ်နေတာပါပဲ။ ဒီလိုဖုန်းမျိုးကို ဒီလောက် ဈေးကြီးပေးဝယ်ဖို့ဆိုတာ Trump ကို အသေအလဲ အားပေးတဲ့ ပရိသတ်တွေကလွဲရင် တခြားသူတွေအတွက်တော့ စဉ်းစားစရာပါပဲ။ တကယ်တော့ အခုပေါက်ဈေးနဲ့ဆိုရင် ဈေးကွက်ထဲမှာ ဒီထက် အများကြီးသာတဲ့ ဖုန်းတွေကို စိတ်ကြိုက် ရွေးချယ်နိုင်နေပြီ ဖြစ်ပါတယ်။

The Trump phone just got 50% more expensive

ဖုန်းရဲ့ ပါဝင်ဖွဲ့စည်းမှုတွေကို ကြည့်မယ်ဆိုရင် ၆.၇၈ လက်မရှိတဲ့ AMOLED မျက်နှာပြင်၊ Snapdragon 7 Gen 3 ချစ်ပ် နဲ့ 512GB Storage တို့ ပါဝင်ပါတယ်။ ဓာတ်ပုံဝါသနာရှင်တွေအတွက် 50MP ပင်မကင်မရာ အပါအဝင် ကျောဘက်ကင်မရာ ၃ လုံးနဲ့ ရှေ့ဘက် 50MP ဆဲလ်ဖီးကင်မရာတို့ တပ်ဆင်ပေးထားပြီး ဘက်ထရီအတွက် 5,000 mAh ကို အသုံးပြုထားပါတယ်။ Android 15 စနစ်နဲ့ အလုပ်လုပ်မယ်ဆိုပေမယ့် ဆော့ဖ်ဝဲလ် အဆင့်မြှင့်တင်ပေးမယ့်ကိစ္စကို ဘာမှ တရားဝင် ကြေညာထားတာ မရှိတဲ့အတွက် နောက်ပိုင်းမှာ Update ရဖို့ကတော့ လုံးဝ ရေရာမှု မရှိပါဘူး။

Ref : gsmarena

ဆက်စပ်သတင်းများ

AI က လူသားမျိုးနွယ်တစ်ခုလုံးကို ဘယ်လို သတ်နိုင်သလဲ?

9/23/2026

တရုတ် စက်ရုပ်အကအဖွဲ့ America's Got Talent ဗိုလ်လုပွဲကို တက်လှမ်း

9/23/2026

AI စည်းမျဉ်းသစ်တွေကို ပိတ်ပင်ဖို့ နည်းပညာအကျော်အမော်တွေဖြစ်တဲ့ Musk နဲ့ Zuckerberg တို့ Trump နဲ့ သွားရောက်တွေ့ဆုံ

9/23/2026

  • ပင်မ
  • သတင်း
  • ဗီဒီယိုများ
  • စမတ်ဖုန်းများ
MyTech Myanmar

နည်းပညာ၊ ဖုန်း နှင့် Gadget သတင်းများ | Reviews & Updates

ဆောင်းပါးကဏ္ဍ

သတင်းဗီဒီယိုများ

ဈေးနှုန်းကဏ္ဍ

ဖုန်းအားလုံးဈေးနှုန်းကျဆင်းမှုအကောင်းဆုံးဈေးနှုန်းဖုန်းနှိုင်းယှဉ်ရန်ဖုန်းဆိုင်များ

ဆက်သွယ်ရန်

FacebookYouTubeInstagramTikTok

© 2026 MyTech Myanmar. မူပိုင်ခွင့်အားလုံး ထိန်းသိမ်းထားသည်။

mytechmyanmar.com