MyTech Myanmar
  • သတင်း
  • ဗီဒီယိုများ
  • အမြန်နှုန်း
  • စမတ်ဖုန်းများ
ဝင်ရောက်ရန်သတိပေးချက်
နေရောင်ခြည်ကို ညဘက် ကမ္ဘာပေါ် ပြန်ဟပ်ပေးမယ့် အာကာသကြေးမုံဂြိုဟ်တုကို အမေရိကန် FCC စမ်းသပ်ခွင့်ပြု
News
news၂၀၂၆ ဇူလိုင် ၁၈

နေရောင်ခြည်ကို ညဘက် ကမ္ဘာပေါ် ပြန်ဟပ်ပေးမယ့် အာကာသကြေးမုံဂြိုဟ်တုကို အမေရိကန် FCC စမ်းသပ်ခွင့်ပြု

<p>နေဝင်ပြီးနောက် ကမ္ဘာပေါ်က နေရာတချို့ဆီကို နေရောင်ခြည် အနည်းငယ် ပြန်လည် ထင်ဟပ်ပေးနိုင်မယ့် ပေ ၆၀ (၁၈</p>

နေဝင်ပြီးနောက် ကမ္ဘာပေါ်က နေရာတချို့ဆီကို နေရောင်ခြည် အနည်းငယ် ပြန်လည် ထင်ဟပ်ပေးနိုင်မယ့် ပေ ၆၀ (၁၈ မီတာ) အရွယ်အစားရှိ အာကာသကြေးမုံပါဝင်တဲ့ Eärendil-1 ဂြိုဟ်တုကို စမ်းသပ်လွှတ်တင်ဖို့အတွက် Reflect Orbital ကုမ္ပဏီကို အမေရိကန် ဆက်သွယ်ရေးကော်မရှင် (FCC) က ခွင့်ပြုချက် ပေးလိုက်ပါတယ်။

ဒီဂြိုဟ်တုဟာ ညကို နေ့အဖြစ် ပြောင်းလဲပေးဖို့ ရည်ရွယ်တာ မဟုတ်ဘဲ နေဝင်ချိန်မှာ လိုအပ်တဲ့ နေရာတွေကို သဘာဝနေရောင်ခြည် အနည်းငယ် အချိန်တိုအတွင်း ရရှိစေဖို့ ဖန်တီးထားတာ ဖြစ်ပါတယ်။ အဲဒီ နည်းပညာဟာ အရေးပေါ် ကယ်ဆယ်ရေးလုပ်ငန်းတွေ၊ ညဘက် ဆောက်လုပ်ရေးတွေနဲ့ သတ္တုတူးဖော်ရေးလုပ်ငန်းတွေမှာ မီးရောင်အသုံးပြုရမှုကို လျှော့ချပေးနိုင်မယ်လို့ ကုမ္ပဏီက ဆိုပါတယ်။

The U.S. Federal Communications Commission (FCC) has approved Reflect Orbital's Eärendil-1 satellite, allowing the company to test a 60-foot (18- meter) space mirror that can briefly reflect sunlight onto small areas of Earth

ဒါပေမဲ့ FCC ရဲ့ အခုခွင့်ပြုချက်ဟာ ဒီတစ်ကြိမ် စမ်းသပ်မှုအတွက်သာ ဖြစ်ပြီး ကုမ္ပဏီရဲ့ အနာဂတ်မှာ ဂြိုဟ်တုကွန်ရက် အများအပြား လွှတ်တင်မယ့် အစီအစဉ်အတွက်တော့ ခွင့်ပြုထားခြင်း မရှိသေးပါဘူး။ နက္ခတ္တဗေဒပညာရှင်တွေနဲ့ ပတ်ဝန်းကျင်ရေးရာ ကျွမ်းကျင်သူတွေကတော့ အခုလို အလင်းပြန်ဂြိုဟ်တု အမြောက်အမြား လွှတ်တင်လာပါက အလင်းရောင် ညစ်ညမ်းမှုကို ဖြစ်ပေါ်စေပြီး အာကာသ ကြည့်ရှုလေ့လာမှုတွေနဲ့ တောရိုင်းတိရစ္ဆာန်တွေရဲ့ သဘာဝကို ထိခိုက်စေနိုင်တယ်လို့ စိုးရိမ်မှုတွေ ရှိနေကြပါတယ်။

FCC Grants Approval For Sun-Reflecting Space Mirror That's Been Widely Criticized By Astronomers

Reflect Orbital ကုမ္ပဏီဘက်ကတော့ ဒီစမ်းသပ်မှုဟာ အဲဒီ သက်ရောက်မှုတွေကို လေ့လာဖို့ အထောက်အကူဖြစ်စေမှာဖြစ်ပြီး သိပ္ပံပညာရှင်တွေနဲ့ ပူးပေါင်းလုပ်ဆောင်သွားမယ်လို့ ပြောဆိုထားပါတယ်။

အကယ်၍ ဒီစမ်းသပ်မှုသာ အောင်မြင်ခဲ့မယ်ဆိုရင် Eärendil-1 ဟာ ညဘက်မှာ နေရောင်ခြည်ကို ယာယီရရှိအောင် အာကာသကြေးမုံ အသုံးပြုတဲ့ နည်းပညာကို လက်တွေ့ သက်သေပြနိုင်မယ့် ကမ္ဘာ့ပထမဆုံး ခြေလှမ်းတွေထဲက တစ်ခု ဖြစ်လာမှာ ဖြစ်ပါတယ်။

Ref: Technology Innovation

ဆက်စပ်သတင်းများ

ဥရောပမှာ မျက်မမြင်တွေ စာပြန်ဖတ်နိုင်အောင် ကူညီပေးနိုင်မယ့် ထူးဆန်းတဲ့ မျက်စိစက်ပစ္စည်း ပေါ်ထွက်လာ

8/2/2026

အမေရိကန်မှာ AI ဒေတာစင်တာတွေကို ကာကွယ်ဖို့ ဒေါ်လာ ၃ သိန်းတန် စက်ရုပ်ခွေးများ စတင်တာဝန်ယူ

8/2/2026

Tesla ကို အလဲထိုးဖို့ ပြင်ဆင်လာတဲ့ BYD ရဲ့ ပထမဆုံး လူတူစက်ရုပ်တွေ သြဂုတ်လမှာ စတင် မြင်တွေ့ရမယ်

8/2/2026

  • ပင်မ
  • သတင်း
  • ဗီဒီယိုများ
  • စမတ်ဖုန်းများ
MyTech Myanmar

နည်းပညာ၊ ဖုန်း နှင့် Gadget သတင်းများ | Reviews & Updates

ဆောင်းပါးကဏ္ဍ

သတင်းဗီဒီယိုများ

ဈေးနှုန်းကဏ္ဍ

ဖုန်းအားလုံးဈေးနှုန်းကျဆင်းမှုအကောင်းဆုံးဈေးနှုန်းဖုန်းနှိုင်းယှဉ်ရန်ဖုန်းဆိုင်များ

ဆက်သွယ်ရန်

FacebookYouTubeInstagramTikTok

© 2026 MyTech Myanmar. မူပိုင်ခွင့်အားလုံး ထိန်းသိမ်းထားသည်။

mytechmyanmar.com