MyTech Myanmar
  • သတင်း
  • ဗီဒီယိုများ
  • အမြန်နှုန်း
  • စမတ်ဖုန်းများ
ဝင်ရောက်ရန်သတိပေးချက်
ကမ္ဘာ့အချမ်းသာဆုံး သူဌေးကြီး အီလွန်မတ်စ် က လက်ရှိမှာ နောက်တွဲယာဉ်ထဲမှာ နေထိုင်နေတယ်လို့ ပြော
News
news၂၀၂၆ စက်တင်ဘာ ၁၆

ကမ္ဘာ့အချမ်းသာဆုံး သူဌေးကြီး အီလွန်မတ်စ် က လက်ရှိမှာ နောက်တွဲယာဉ်ထဲမှာ နေထိုင်နေတယ်လို့ ပြော

<p>ကမ္ဘာ့အချမ်းသာဆုံး ဘီလီယံနာကြီး အီလွန်မတ်စ် (Elon Musk) တစ်ယောက် လက်ရှိမှာ နေထိုင်နေတဲ့ နေရာကတော့ အံ့သြစရာကောင်းလောက်အောင်</p>

ကမ္ဘာ့အချမ်းသာဆုံး ဘီလီယံနာကြီး အီလွန်မတ်စ် (Elon Musk) တစ်ယောက် လက်ရှိမှာ နေထိုင်နေတဲ့ နေရာကတော့ အံ့သြစရာကောင်းလောက်အောင် သာမန်နောက်တွဲယာဉ် (trailer) လေးတစ်ခုပဲ ဖြစ်ပါတယ်။

တန်နက်ဆီပြည်နယ်၊ မန်းဖစ် (Memphis) မြို့မှာရှိတဲ့ xAI ရဲ့ Macrohard ဒေတာစင်တာ တည်ဆောက်ရေးကို မျက်ခြေမပြတ် ကြီးကြပ်နိုင်ဖို့အတွက် ဆာဗာတွေနဲ့ ခြေတစ်လှမ်းစာအကွာမှာပဲ အိပ်စက်နေတာဖြစ်တယ်လို့ All-In Summit ပွဲမှာ သူကိုယ်တိုင် ဖွင့်ဟပြောကြားခဲ့ပါတယ်။

Elon Musk

အဲဒီ Airstream နောက်တွဲယာဉ်လေးကို သူ့ရဲ့ နန်းတော်ပါလို့ သူက နောက်ပြောင်ပြောဆိုခဲ့ပါသေးတယ်။ SpaceX ရဲ့ ဥက္ကဋ္ဌ Gwynne Shotwell ကလည်း မတ်စ်ဟာ စက်ရုံကြမ်းပြင်မှာ အိပ်စက်လေ့ရှိပြီး အဆောက်အအုံတွေ တည်ဆောက်ရာမှာ ကိုယ်တိုင်ဝင်ရောက် ကူညီပေးနေတယ်လို့ အတည်ပြုခဲ့ပါတယ်။

ဒေါ်လာဘီလီယံချီ ချမ်းသာပေမယ့် သူ့အတွက်တော့ ဒါဟာ ဆန်းကြယ်တဲ့ကိစ္စ မဟုတ်ပါဘူး။ အရင်ကလည်း တွစ်တာ (Twitter) ရုံးချုပ်မှာ အိပ်စက်ခဲ့ဖူးသလို တက္ကဆက်ပြည်နယ်က တန်ဖိုးနည်း အိမ်ငှားမှာလည်း နေထိုင်ခဲ့ဖူးသူ ဖြစ်ပါတယ်။

Elon Musk Reveals He Lives in a Trailer

အခုလို အချိန်ပြည့် အလုပ်လုပ်ပြီး အိပ်ချိန်နည်းနည်းနဲ့ ပင်ပင်ပန်းပန်း နေထိုင်နေတာဟာ ဧရာမ AI အခြေခံအဆောက်အအုံတွေကို အမြန်ဆုံး တိုးချဲ့နိုင်ဖို့ ကြိုးပမ်းနေတာပဲ ဖြစ်ပါတယ်။

စိတ်ဝင်စားစရာကောင်းတာ နောက်တစ်ချက်က အဲဒီပွဲမှာပဲ လတ်တလော ထွက်ပေါ်နေတဲ့ Tesla နဲ့ SpaceX ကုမ္ပဏီနှစ်ခု ပေါင်းစည်းနိုင်ခြေရှိတယ်ဆိုတဲ့ သတင်းတွေနဲ့ ပတ်သက်ပြီး ငြင်းဆိုခဲ့တာမျိုးမရှိဘဲ ကုမ္ပဏီနှစ်ခုကြား ပူးပေါင်းဆောင်ရွက်မှုတွေ အများကြီးရှိနေတယ်လို့ ဖြေကြားသွားခဲ့ပါတယ်။

Ref: Businessinsider

ဆက်စပ်သတင်းများ

AI က လူသားမျိုးနွယ်တစ်ခုလုံးကို ဘယ်လို သတ်နိုင်သလဲ?

9/23/2026

တရုတ် စက်ရုပ်အကအဖွဲ့ America's Got Talent ဗိုလ်လုပွဲကို တက်လှမ်း

9/23/2026

AI စည်းမျဉ်းသစ်တွေကို ပိတ်ပင်ဖို့ နည်းပညာအကျော်အမော်တွေဖြစ်တဲ့ Musk နဲ့ Zuckerberg တို့ Trump နဲ့ သွားရောက်တွေ့ဆုံ

9/23/2026

  • ပင်မ
  • သတင်း
  • ဗီဒီယိုများ
  • စမတ်ဖုန်းများ
MyTech Myanmar

နည်းပညာ၊ ဖုန်း နှင့် Gadget သတင်းများ | Reviews & Updates

ဆောင်းပါးကဏ္ဍ

သတင်းဗီဒီယိုများ

ဈေးနှုန်းကဏ္ဍ

ဖုန်းအားလုံးဈေးနှုန်းကျဆင်းမှုအကောင်းဆုံးဈေးနှုန်းဖုန်းနှိုင်းယှဉ်ရန်ဖုန်းဆိုင်များ

ဆက်သွယ်ရန်

FacebookYouTubeInstagramTikTok

© 2026 MyTech Myanmar. မူပိုင်ခွင့်အားလုံး ထိန်းသိမ်းထားသည်။

mytechmyanmar.com