MyTech Myanmar
  • သတင်း
  • ဗီဒီယိုများ
  • အမြန်နှုန်း
  • စမတ်ဖုန်းများ
ဝင်ရောက်ရန်သတိပေးချက်
နည်းပညာကုမ္ပဏီကြီးတွေဟာ လူသားတွေရဲ့ အသက်ကို လောင်းကြေးထပ်နေတယ်လို့ AI သုတေသီ သတိပေး
News
news၂၀၂၆ စက်တင်ဘာ ၁၀

နည်းပညာကုမ္ပဏီကြီးတွေဟာ လူသားတွေရဲ့ အသက်ကို လောင်းကြေးထပ်နေတယ်လို့ AI သုတေသီ သတိပေး

<p>OpenAI နဲ့ Anthropic ကုမ္ပဏီတွေမှာ အလုပ်လုပ်ခဲ့တဲ့ အသက် ၂၇ နှစ်အရွယ် AI သုတေသီ</p>

OpenAI နဲ့ Anthropic ကုမ္ပဏီတွေမှာ အလုပ်လုပ်ခဲ့တဲ့ အသက် ၂၇ နှစ်အရွယ် AI သုတေသီ ဂျေးကော့ ကော့ဆင် (Jacob Coxon) ဟာ AI နယ်ပယ်ကနေ ထွက်ခွာတော့မှာ ဖြစ်ပါတယ်။ အဲဒီ အမေရိကန် ကုမ္ပဏီနှစ်ခုစလုံးဟာ လူသားတွေရဲ့ အသက်အန္တရာယ်ကို လောင်းကြေးထပ်ပြီး ကိုယ့်ကိုယ်ကိုယ် တိုးတက်အောင် လုပ်နိုင်စွမ်းရှိမယ့် စူပါအသိဉာဏ် (Superintelligence) ဉာဏ်ရည်တုနည်းပညာကို အပြိုင်အဆိုင် ဖန်တီးနေကြတာဟာ တာဝန်မဲ့ရာကျတယ်လို့ သူက စွပ်စွဲထားပါတယ်။

Researcher Jacob Coxon says he is leaving the AI industry after working on pretraining AI models at OpenAI and Anthropic. (Photo: AFP)

Anthropic ရဲ့ လုံခြုံရေးဆိုင်ရာ အမှုဆောင်အရာရှိ အီဗန် ဟူဘင်ဂါ (Evan Hubinger) ကလည်း AI ကြောင့် လူသားတွေ သေဆုံးနိုင်ခြေရှိတယ်ဆိုတာကို ထောက်ခံထားပါတယ်။ Anthropic ကုမ္ပဏီအနေနဲ့ အန္တရာယ်တွေကို မထိန်းချုပ်နိုင်ရင် လုပ်ငန်းစဉ်တွေကို ရပ်တန့်မယ်ဆိုတဲ့ ကတိကဝတ်ကို ဖျက်သိမ်းခဲ့တာဟာ ပြိုင်ဘက်တွေက ဈေးကွက်ကို လွှမ်းမိုးသွားမှာ စိုးရိမ်လို့ ဖြစ်ပါတယ်။ ကော့ဆင်ကတော့ အစိုးရရဲ့ ဝင်ရောက်စွက်ဖက်မှု ဒါမှမဟုတ် ပူးပေါင်းဆောင်ရွက်မှု မရှိဘဲ လူသားတွေထက် သာလွန်တဲ့ AI ကို ဘယ်ကုမ္ပဏီကမှ တာဝန်ယူမှုရှိရှိ ဖန်တီးနိုင်မှာ မဟုတ်ဘူးလို့ ယုံကြည်နေပါတယ်။

Ensuring AI Doesn't Become a Clever Devil

အခုလို အခြေအနေတွေကြောင့် နည်းပညာနယ်ပယ်က ဝန်ထမ်း ၁,၀၀၀ ကျော်ဟာ အဆင့်မြင့် AI စနစ်တွေ ဖန်တီးနေတာကို နှေးကွေးသွားအောင် လုပ်ဆောင်ဖို့ အမေရိကန်အစိုးရကို တောင်းဆိုထားကြပါတယ်။ OpenAI ဘက်ကလည်း မော်ဒယ်သစ်တွေ လေ့ကျင့်နေတာကို ဩဂုတ်လမှာ နှစ်ပတ်ကြာ ရပ်နားခဲ့ပြီး ထိန်းချုပ်မှုတွေ တင်းကျပ်ပြီးမှ ပြန်လည်စတင်ခဲ့ပါတယ်။ လက်ရှိမှာ အမေရိကန် နိုင်ငံရေးသမားတွေကလည်း ဖက်ဒရယ် ထိန်းကျောင်းရေးအဖွဲ့ မဖွဲ့စည်းမချင်း AI ဖွံ့ဖြိုးတိုးတက်မှုတွေကို ရပ်ဆိုင်းထားဖို့ ဥပဒေကြမ်းတစ်ရပ်ကို တင်သွင်းထားပါတယ်။

Ref : bangkokpost

ဆက်စပ်သတင်းများ

AI က လူသားမျိုးနွယ်တစ်ခုလုံးကို ဘယ်လို သတ်နိုင်သလဲ?

9/23/2026

တရုတ် စက်ရုပ်အကအဖွဲ့ America's Got Talent ဗိုလ်လုပွဲကို တက်လှမ်း

9/23/2026

AI စည်းမျဉ်းသစ်တွေကို ပိတ်ပင်ဖို့ နည်းပညာအကျော်အမော်တွေဖြစ်တဲ့ Musk နဲ့ Zuckerberg တို့ Trump နဲ့ သွားရောက်တွေ့ဆုံ

9/23/2026

  • ပင်မ
  • သတင်း
  • ဗီဒီယိုများ
  • စမတ်ဖုန်းများ
MyTech Myanmar

နည်းပညာ၊ ဖုန်း နှင့် Gadget သတင်းများ | Reviews & Updates

ဆောင်းပါးကဏ္ဍ

သတင်းဗီဒီယိုများ

ဈေးနှုန်းကဏ္ဍ

ဖုန်းအားလုံးဈေးနှုန်းကျဆင်းမှုအကောင်းဆုံးဈေးနှုန်းဖုန်းနှိုင်းယှဉ်ရန်ဖုန်းဆိုင်များ

ဆက်သွယ်ရန်

FacebookYouTubeInstagramTikTok

© 2026 MyTech Myanmar. မူပိုင်ခွင့်အားလုံး ထိန်းသိမ်းထားသည်။

mytechmyanmar.com