MyTech Myanmar
  • သတင်း
  • ဗီဒီယိုများ
  • အမြန်နှုန်း
  • စမတ်ဖုန်းများ
ဝင်ရောက်ရန်သတိပေးချက်
အိန္ဒိယဘီလျံနာကြီးကို ကျော်ဖြတ်ပြီး အာရှရဲ့ ဒုတိယအချမ်းသာဆုံးနေရာကို သိမ်းပိုက်လိုက်တဲ့ TikTok ပိုင်ရှင် ရှန်ယီမင်း
News
news၂၀၂၆ ဇွန် ၆

အိန္ဒိယဘီလျံနာကြီးကို ကျော်ဖြတ်ပြီး အာရှရဲ့ ဒုတိယအချမ်းသာဆုံးနေရာကို သိမ်းပိုက်လိုက်တဲ့ TikTok ပိုင်ရှင် ရှန်ယီမင်း

<p>TikTok ရဲ့ မိခင်ကုမ္ပဏီဖြစ်တဲ့ ByteDance ရဲ့ ရှယ်ယာတန်ဖိုးတွေ ထိုးတက်လာတာနဲ့အတူ AI နည်းပညာပိုင်းမှာပါ အောင်မြင်မှုတွေ</p>

TikTok ရဲ့ မိခင်ကုမ္ပဏီဖြစ်တဲ့ ByteDance ရဲ့ ရှယ်ယာတန်ဖိုးတွေ ထိုးတက်လာတာနဲ့အတူ AI နည်းပညာပိုင်းမှာပါ အောင်မြင်မှုတွေ ဆက်တိုက်ရလာတာကြောင့် တည်ထောင်သူ ရှန်ယီမင်း (Zhang Yiming) ဟာ အိန္ဒိယသူဌေးကြီး မူကတ်ရှ်အမ်ဘာနီ (Mukesh Ambani) ကို ကျော်တက်ပြီး အာရှရဲ့ ဒုတိယမြောက် အချမ်းသာဆုံးပုဂ္ဂိုလ် ဖြစ်လာပါတယ်။ ဘလွန်းဘတ် ဘီလျံနာစာရင်း (Bloomberg Billionaires Index) အရ ရှန်ယီမင်းရဲ့ ဓနပစ္စည်းပိုင်ဆိုင်မှုဟာ အမေရိကန်ဒေါ်လာ ၉၂ ဒသမ ၈ ဘီလီယံအထိ ရှိလာပြီး တရုတ်နိုင်ငံရဲ့ အချမ်းသာဆုံးပုဂ္ဂိုလ်အဖြစ် နေရာကိုပါ ခိုင်ခိုင်မာမာ ဗိုလ်စွဲထားနိုင်ခဲ့ပါတယ်။ ကမ္ဘာကျော် TikTok အပြင် တရုတ်နိုင်ငံမှာ အသုံးပြုသူ သန်း ၃၀၀ ကျော်နဲ့ လူကြိုက်အများဆုံး ဖြစ်နေတဲ့ Doubao AI chatbot ရဲ့ အောင်မြင်မှုတွေကြောင့် သူ့ရဲ့ချမ်းသာကြွယ်ဝမှုဟာ လွန်ခဲ့တဲ့ ၇ နှစ်ကထက်စာရင် ၇ ဆမက ချက်ချင်းခုန်တက်သွားခဲ့တာ ဖြစ်ပါတယ်။

အမေရိကန်လွှတ်တော်က နိုင်ငံတွင်းမှာ TikTok ကို ပိတ်ပစ်ဖို့အထိ ဖိအားပေးခဲ့လို့ ကုမ္ပဏီတန်ဖိုးအပေါ် စွန့်စားရမှု ရာခိုင်နှုန်းတွေ လျှော့ချတွက်ချက်ခံခဲ့ရဖူးပေမယ့် အခုအခါမှာတော့ အမေရိကန်လုပ်ငန်းခွဲအချို့ကို Oracle အပါအဝင် နိုင်ငံတကာ ရင်းနှီးမြှုပ်နှံသူအဖွဲ့ဆီ လွှဲပြောင်းရောင်းချမှု အောင်မြင်စွာ ပြီးဆုံးသွားခဲ့ပြီ ဖြစ်ပါတယ်။ အဲဒီလို အမေရိကန်ရဲ့ နိုင်ငံရေးပိတ်ဆို့မှု မရေရာမှုတွေကို ရှင်းထုတ်နိုင်ခဲ့တာကြောင့် ဘာပူပန်မှုမှမရှိတော့တဲ့ BlackRock ကဲ့သို့ ကမ္ဘာ့ထိပ်သီး ရင်းနှီးမြှုပ်နှံသူတွေရဲ့ ကုမ္ပဏီတန်ဖိုး သတ်မှတ်ချက်အသစ်တွေအရ ရှန်ယီမင်းရဲ့ အသားတင်ပိုင်ဆိုင်မှုဟာ ဒေါ်လာ ၂၄ ဘီလီယံကျော် ချက်ချင်းတိုးပွားလာခဲ့တာ ဖြစ်ပါတယ်။ တစ်ချိန်တည်းမှာပဲ အိန္ဒိယဘီလျံနာကြီး မူကတ်ရှ်အမ်ဘာနီကတော့ ဒေါ်လာ ၈၆ ဒသမ ၉ ဘီလီယံနဲ့ အာရှတတိယနေရာကို လျှောကျသွားခဲ့ပြီး ဂေါတမ်အဒါနီ (Gautam Adani) ကတော့ ဒေါ်လာ ၁၁၇ ဒသမ ၄ ဘီလီယံနဲ့ အာရှရဲ့ အချမ်းသာဆုံးနေရာမှာ ဆက်ပြီး ဘုရင်ခံနေဆဲ ဖြစ်ပါတယ်။

TikTok founder Zhang Yiming becomes China's richest man with almost $50bn  fortune | World News | Sky News

အခုဆိုရင် ဘေဂျင်းအခြေစိုက် ရှန်ယီမင်းရဲ့ ByteDance ကုမ္ပဏီဟာ ကမ္ဘာ့ AI စျေးကွက်ကို မုန်တိုင်းဆင်ဖို့နဲ့ အမေရိကန်ရဲ့ နည်းပညာဘီလူးကြီးတွေကို စိန်ခေါ်ဖို့အတွက် အကြီးအကျယ် ပြင်ဆင်နေပါတယ်။ တရုတ် AI စျေးကွက်မှာ ထိပ်ဆုံးကနေ အပိုင်စီးနိုင်ဖို့ ဒီနှစ်ထဲမှာတင် ဒေါ်လာ ၇၀ ဘီလီယံအထိ သုံးစွဲသွားဖို့ စီစဉ်နေပြီး အဲဒီရင်းနှီးမြှုပ်နှံမှု အများစုကို ပြီးခဲ့တဲ့နှစ်က ရှာဖွေပေးခဲ့တဲ့ အမြတ်ငွေ ဒေါ်လာ ၅၀ ဘီလီယံကနေ စိုက်ထုတ်သုံးစွဲသွားမှာ ဖြစ်ပါတယ်။ ကုမ္ပဏီရဲ့ အခြေခံကောင်းမွန်မှုတွေကြောင့် အခုလို ရှယ်ယာတန်ဖိုးတွေ အရှိန်အဟုန်နဲ့ ပြန်တက်လာတာဖြစ်ပြီး အွန်လိုင်းဝန်ဆောင်မှုတွေကို ပိုက်ဆံမပေးချင်ကြတဲ့ တရုတ်နိုင်ငံမှာ Doubao အက်ပ်ကနေ လစဉ်ကြေးကောက်ခံဖို့အထိပါ ပြင်ဆင်နေတဲ့အတွက် ကုမ္ပဏီကို စတော့စျေးကွက်ထဲ အများပိုင်အဖြစ် ပထမဆုံးအကြိမ် ရောင်းချမယ့် (IPO) ပွဲကြီးကလည်း ကမ္ဘာ့စီးပွားရေးလောကမှာ စိတ်လှုပ်ရှားစရာ အကောင်းဆုံးအဖြစ် စောင့်ကြည့်ခံနေရပါတယ်။

Ref : Yahoo

ဆက်စပ်သတင်းများ

ဥရောပမှာ မျက်မမြင်တွေ စာပြန်ဖတ်နိုင်အောင် ကူညီပေးနိုင်မယ့် ထူးဆန်းတဲ့ မျက်စိစက်ပစ္စည်း ပေါ်ထွက်လာ

8/2/2026

အမေရိကန်မှာ AI ဒေတာစင်တာတွေကို ကာကွယ်ဖို့ ဒေါ်လာ ၃ သိန်းတန် စက်ရုပ်ခွေးများ စတင်တာဝန်ယူ

8/2/2026

Tesla ကို အလဲထိုးဖို့ ပြင်ဆင်လာတဲ့ BYD ရဲ့ ပထမဆုံး လူတူစက်ရုပ်တွေ သြဂုတ်လမှာ စတင် မြင်တွေ့ရမယ်

8/2/2026

  • ပင်မ
  • သတင်း
  • ဗီဒီယိုများ
  • စမတ်ဖုန်းများ
MyTech Myanmar

နည်းပညာ၊ ဖုန်း နှင့် Gadget သတင်းများ | Reviews & Updates

ဆောင်းပါးကဏ္ဍ

သတင်းဗီဒီယိုများ

ဈေးနှုန်းကဏ္ဍ

ဖုန်းအားလုံးဈေးနှုန်းကျဆင်းမှုအကောင်းဆုံးဈေးနှုန်းဖုန်းနှိုင်းယှဉ်ရန်ဖုန်းဆိုင်များ

ဆက်သွယ်ရန်

FacebookYouTubeInstagramTikTok

© 2026 MyTech Myanmar. မူပိုင်ခွင့်အားလုံး ထိန်းသိမ်းထားသည်။

mytechmyanmar.com