MyTech Myanmar
  • သတင်း
  • ဗီဒီယိုများ
  • အမြန်နှုန်း
  • စမတ်ဖုန်းများ
ဝင်ရောက်ရန်သတိပေးချက်
Tim Cook က  iPhone၊ iPad နဲ့ Mac တွေ ဈေးတက်မယ်လို့ အတည်ပြု
News
news၂၀၂၆ ဇွန် ၁၈

Tim Cook က  iPhone၊ iPad နဲ့ Mac တွေ ဈေးတက်မယ်လို့ အတည်ပြု

<p>ကမ္ဘာတစ်ဝန်းမှာ Memory ပြတ်လပ်မှုတွေ ဆက်တိုက်ဖြစ်ပေါ်နေတာကြောင့် Apple ကုမ္ပဏီအနေနဲ့ ထုတ်ကုန်ပစ္စည်းတွေရဲ့ ဈေးနှုန်းကို မြှင့်တင်ဖို့ ပြင်ဆင်နေပါတယ်။</p>

ကမ္ဘာတစ်ဝန်းမှာ Memory ပြတ်လပ်မှုတွေ ဆက်တိုက်ဖြစ်ပေါ်နေတာကြောင့် Apple ကုမ္ပဏီအနေနဲ့ ထုတ်ကုန်ပစ္စည်းတွေရဲ့ ဈေးနှုန်းကို မြှင့်တင်ဖို့ ပြင်ဆင်နေပါတယ်။

The Wall Street Journal နဲ့ အင်တာဗျူးမှာ Apple ရဲ့ CEO တင်မ်ကွတ်ခ် (Tim Cook) က အခုလို ဈေးနှုန်းမြှင့်တင်ဖို့ ဖြစ်လာရတာဟာ ရှောင်လွှဲလို့မရတဲ့ အခြေအနေဖြစ်တယ်လို့ ပြောကြားခဲ့ပါတယ်။

Apple အနေနဲ့ ကုန်ကျစရိတ်တွေ တက်လာတာကို စားသုံးသူတွေဆီ တိုက်ရိုက်မရောက်အောင် တတ်နိုင်သမျှ ကာကွယ်ပေးခဲ့ပေမယ့် လက်ရှိအခြေအနေမှာတော့ ဆက်ပြီးထိန်းထားဖို့ မဖြစ်နိုင်တော့ဘူးလို့ ဆိုပါတယ်။

Apple's Tim Cook: iPhone price increase 'unavoidable' | Mashable

အခုလို RAM ဈေးနှုန်းတွေ ထိုးတက်ကုန်ရတာဟာ AI ကုမ္ပဏီတွေက သူတို့ရဲ့ ဒေတာစင်တာတွေအတွက် မှတ်ဉာဏ်ပမာဏ အမြောက်အမြားကို အလုအယက် အော်ဒါမှာယူနေကြတာကြောင့် ဖြစ်ပါတယ်။

ထုတ်လုပ်တဲ့သူတွေဘက်ကလည်း လိုအပ်ချက်ကို ပြည့်မီအောင် မထုတ်လုပ်နိုင်တာကြောင့် RAM နဲ့ Storage ကုန်ကျစရိတ်တွေ မြင့်တက်လာပြီး ဂိမ်းစက်တွေ၊ လက်ပ်တော့ပ်တွေနဲ့ အခြားနည်းပညာပစ္စည်းတွေလည်း လိုက်ပြီးဈေးတက်ကုန်တာဖြစ်ပါတယ်။

တင်မ်ကွတ်ခ်က နည်းပညာထုတ်ကုန်တွေအတွက် Memory ဈေးနှုန်းနဲ့ ရရှိနိုင်မှုအခြေအနေဟာ သင့်တော်တဲ့ပမာဏတစ်ခုဆီ ပြန်ရောက်ဖို့ လိုအပ်နေပြီလို့ ထောက်ပြထားပါတယ်။

Mac, MacBook price hike a matter of time: Apple confirms sky-high memory costs, massive Mac shortages - Notebookcheck News

Apple ဟာ ဒီနှစ်နှောင်းပိုင်းမှာ ထွက်ရှိမယ့် iPhone အသစ်တွေမှာ ဈေးနှုန်းဘယ်လောက်အထိ ပြောင်းလဲသွားမလဲဆိုတာ အတိအကျ မပြောသေးပေမယ့် The Wall Street Journal ရဲ့ ခန့်မှန်းချက်တွေအရ နောက်ထွက်မယ့် iPhone 18 Pro ဟာ အရင်ထွက်ထားတဲ့ iPhone 17 Pro ရဲ့ ဈေးနှုန်း ၁,၀၉၉ ဒေါ်လာကနေ ၁,၂၉၉ ဒေါ်လာအထိ ဈေးတက်သွားနိုင်တယ်လို့ သိရပါတယ်။

Apple ဟာ ပြီးခဲ့တဲ့ မတ်လကတည်းက RAM 512GB ပါတဲ့ Mac Studio တွေကို ရောင်းချမှု ရပ်ဆိုင်းခဲ့သလို Mac Mini ရဲ့ အခြေခံဈေးနှုန်းကိုလည်း ၇၉၉ ဒေါ်လာအထိ မြှင့်တင်ခဲ့တာကြောင့် အခု RAM ပြတ်လပ်မှုဒဏ်ကို Apple ထုတ်ကုန်တွေမှာ သိသိသာသာ စတင်ခံစားနေရပြီ ဖြစ်ပါတယ်။

Ref: The Verge

ဆက်စပ်သတင်းများ

ဥရောပမှာ မျက်မမြင်တွေ စာပြန်ဖတ်နိုင်အောင် ကူညီပေးနိုင်မယ့် ထူးဆန်းတဲ့ မျက်စိစက်ပစ္စည်း ပေါ်ထွက်လာ

8/2/2026

အမေရိကန်မှာ AI ဒေတာစင်တာတွေကို ကာကွယ်ဖို့ ဒေါ်လာ ၃ သိန်းတန် စက်ရုပ်ခွေးများ စတင်တာဝန်ယူ

8/2/2026

Tesla ကို အလဲထိုးဖို့ ပြင်ဆင်လာတဲ့ BYD ရဲ့ ပထမဆုံး လူတူစက်ရုပ်တွေ သြဂုတ်လမှာ စတင် မြင်တွေ့ရမယ်

8/2/2026

  • ပင်မ
  • သတင်း
  • ဗီဒီယိုများ
  • စမတ်ဖုန်းများ
MyTech Myanmar

နည်းပညာ၊ ဖုန်း နှင့် Gadget သတင်းများ | Reviews & Updates

ဆောင်းပါးကဏ္ဍ

သတင်းဗီဒီယိုများ

ဈေးနှုန်းကဏ္ဍ

ဖုန်းအားလုံးဈေးနှုန်းကျဆင်းမှုအကောင်းဆုံးဈေးနှုန်းဖုန်းနှိုင်းယှဉ်ရန်ဖုန်းဆိုင်များ

ဆက်သွယ်ရန်

FacebookYouTubeInstagramTikTok

© 2026 MyTech Myanmar. မူပိုင်ခွင့်အားလုံး ထိန်းသိမ်းထားသည်။

mytechmyanmar.com