MyTech Myanmar
  • သတင်း
  • ဗီဒီယိုများ
  • အမြန်နှုန်း
  • စမတ်ဖုန်းများ
ဝင်ရောက်ရန်သတိပေးချက်
အကြိမ်ကြိမ်ရက်ရွှေ့ခဲ့ရတဲ့ ဒေါ်နယ်ထရန့် စမတ်ဖုန်း ထွက်ပြီ
News
news၂၀၂၆ မေ ၁၄

အကြိမ်ကြိမ်ရက်ရွှေ့ခဲ့ရတဲ့ ဒေါ်နယ်ထရန့် စမတ်ဖုန်း ထွက်ပြီ

<p>Trump Mobile ကုမ္ပဏီကနေ ပြီးခဲ့တဲ့ ဇွန်လကတည်းက ကြေညာခဲ့တဲ့ T1 Phone တွေဟာ အခုအပတ်နှောင်းပိုင်းမှာတော့</p>

Trump Mobile ကုမ္ပဏီကနေ ပြီးခဲ့တဲ့ ဇွန်လကတည်းက ကြေညာခဲ့တဲ့ T1 Phone တွေဟာ အခုအပတ်နှောင်းပိုင်းမှာတော့ ဝယ်ယူသူတွေဆီ တကယ်ပဲ စတင်ရောက်ရှိတော့မှာ ဖြစ်ပါတယ်။

ဒီသတင်းကို ကုမ္ပဏီ CEO Pat O’Brien က အတည်ပြုလိုက်တာဖြစ်ပြီး ဖုန်းရဲ့ပုံရိပ်တွေနဲ့ ဗီဒီယိုအချို့ကိုလည်း ထုတ်ဖော်ပြသခဲ့ပါတယ်။ တကယ်တော့ အဲဒီ T1 Phone ဟာ ပြီးခဲ့တဲ့နှစ် သြဂုတ်လကတည်းက ထွက်ရှိရမှာဖြစ်ပေမဲ့ အကြောင်းအမျိုးမျိုးကြောင့် အကြိမ်ကြိမ် ရက်ရွှေ့ဆိုင်းခဲ့ရတာ ဖြစ်ပါတယ်။

Trump T1 Phone is shipping later this week, says company CEO

ထူးခြားချက်တစ်ခုကတော့ အဲဒီဖုန်းကို အစောပိုင်းမှာ အမေရိကန်နိုင်ငံမှာပဲ ထုတ်လုပ်မယ်လို့ ကြွေးကြော်ခဲ့ပေမဲ့ အခုအခါမှာတော့ တခြားနိုင်ငံမှာပဲ ထုတ်လုပ်တာဖြစ်ကြောင်း အတည်ပြုလိုက်တာပဲ ဖြစ်ပါတယ်။

CEO ကတော့ ဖုန်းထွက်ဖို့ ကြန့်ကြာခဲ့ပေမဲ့ အကောင်းဆုံးထုတ်ကုန်တစ်ခု ဖြစ်လာမှာမို့ စောင့်ရကျိုးနပ်တယ်လို့ ဆိုပါတယ်။ ဒါပေမဲ့ နည်းပညာလေ့လာသူတွေကတော့ အဲဒီဖုန်းရဲ့ ပုံပန်းသဏ္ဍာန်နဲ့ Specs တွေဟာ လွန်ခဲ့တဲ့ နှစ်နှစ်နီးပါးက ထွက်ခဲ့တဲ့ HTC U24 Pro နဲ့ အတော်လေး တူညီနေတာကို သတိပြုမိနေကြပါတယ်။

Trump T1 Phone is shipping later this week, says company CEO

T1 Phone ကို အမေရိကန်ဒေါ်လာ ၄၉၉ နဲ့ ရောင်းချမှာဖြစ်ပြီး လက်ရှိဖုန်းအသစ်တွေနဲ့မတူဘဲ ဖုန်းဘူးထဲမှာ အားသွင်းခေါင်း၊ USB-C ကြိုးနဲ့ ဆီလီကွန်ကာဗာ (Case) တို့ကို တစ်ခါတည်း ထည့်ပေးထားမှာ ဖြစ်ပါတယ်။

ဖုန်းအတွင်းပိုင်းမှာ ဘယ်လို Chipset အမျိုးအစားကို အသုံးပြုထားလဲဆိုတာကိုတော့ အခုထိ လျှို့ဝှက်ထားဆဲဖြစ်ပြီး ပထမဆုံးဝယ်ယူထားတဲ့ “ကံကောင်းသူ” တွေဆီ ဖုန်းရောက်သွားတဲ့အခါမှာတော့ အဲဒီလျှို့ဝှက်ချက်တွေ ပေါ်ပေါက်လာတော့မှာ ဖြစ်ပါတယ်။

Ref: gsmarena

ဆက်စပ်သတင်းများ

ဥရောပမှာ မျက်မမြင်တွေ စာပြန်ဖတ်နိုင်အောင် ကူညီပေးနိုင်မယ့် ထူးဆန်းတဲ့ မျက်စိစက်ပစ္စည်း ပေါ်ထွက်လာ

8/2/2026

အမေရိကန်မှာ AI ဒေတာစင်တာတွေကို ကာကွယ်ဖို့ ဒေါ်လာ ၃ သိန်းတန် စက်ရုပ်ခွေးများ စတင်တာဝန်ယူ

8/2/2026

Tesla ကို အလဲထိုးဖို့ ပြင်ဆင်လာတဲ့ BYD ရဲ့ ပထမဆုံး လူတူစက်ရုပ်တွေ သြဂုတ်လမှာ စတင် မြင်တွေ့ရမယ်

8/2/2026

  • ပင်မ
  • သတင်း
  • ဗီဒီယိုများ
  • စမတ်ဖုန်းများ
MyTech Myanmar

နည်းပညာ၊ ဖုန်း နှင့် Gadget သတင်းများ | Reviews & Updates

ဆောင်းပါးကဏ္ဍ

သတင်းဗီဒီယိုများ

ဈေးနှုန်းကဏ္ဍ

ဖုန်းအားလုံးဈေးနှုန်းကျဆင်းမှုအကောင်းဆုံးဈေးနှုန်းဖုန်းနှိုင်းယှဉ်ရန်ဖုန်းဆိုင်များ

ဆက်သွယ်ရန်

FacebookYouTubeInstagramTikTok

© 2026 MyTech Myanmar. မူပိုင်ခွင့်အားလုံး ထိန်းသိမ်းထားသည်။

mytechmyanmar.com