MyTech Myanmar
  • သတင်း
  • ဗီဒီယိုများ
  • အမြန်နှုန်း
  • စမတ်ဖုန်းများ
ဝင်ရောက်ရန်သတိပေးချက်
တူရကီနိုင်ငံမှာ နိုင်ငံသားစာရင်းဝင် ပထမဆုံး လူတူစက်ရုပ် အစည်းအဝေးတက်ရောက်
News
news၂၀၂၆ မေ ၁၂

တူရကီနိုင်ငံမှာ နိုင်ငံသားစာရင်းဝင် ပထမဆုံး လူတူစက်ရုပ် အစည်းအဝေးတက်ရောက်

<p>တူရကီနိုင်ငံမှာ ထူးထူးခြားခြားပဲ နိုင်ငံသားစာရင်း တရားဝင်သွင်းထားတဲ့ ပထမဆုံး လူတူစက်ရုပ်ဟာ မြူနီစီပယ်ကောင်စီ အစည်းအဝေးကို တက်ရောက်ပြီး ကောင်စီဝင်တွေရဲ့</p>

တူရကီနိုင်ငံမှာ ထူးထူးခြားခြားပဲ နိုင်ငံသားစာရင်း တရားဝင်သွင်းထားတဲ့ ပထမဆုံး လူတူစက်ရုပ်ဟာ မြူနီစီပယ်ကောင်စီ အစည်းအဝေးကို တက်ရောက်ပြီး ကောင်စီဝင်တွေရဲ့ မေးခွန်းတွေကို ဖြေကြားခဲ့ပါတယ်။ CANIKMAN လို့ အမည်ပေးထားတဲ့ အဲဒီစက်ရုပ်ဟာ မေလ ၅ ရက်နေ့က ဆမ်ဆန်းမြို့မှာ ကျင်းပခဲ့တဲ့ ကာနစ်မြူနီစီပယ်ကောင်စီ ဖွင့်ပွဲအစည်းအဝေးကို တရားဝင် ကိုယ်စားလှယ်တစ်ယောက်လို တက်ရောက်ခဲ့တာ ဖြစ်ပါတယ်။

Humanoid Robot CANIKMAN Türkiye's First Registered Robot

အစည်းအဝေးအတွင်းမှာ CANIKMAN ဟာ တာဝန်ရှိသူတွေနဲ့ အပြန်အလှန် စကားပြောတာ၊ ဆွေးနွေးမှုတွေကို နားထောင်တာတွေအပြင် ကောင်စီဝင်တွေရဲ့ မေးခွန်းတွေကိုလည်း လူတစ်ယောက်လို ပြန်လည်ဖြေကြားခဲ့ပါတယ်။ အစည်းအဝေး မှတ်တမ်းဓာတ်ပုံတွေထဲမှာဆိုရင် CANIKMAN ဟာ ကောင်စီဝင်တွေရှေ့မှာ ရပ်နေတာ၊ ခန်းမထဲ လမ်းလျှောက်နေတာတွေအပြင် မဲခွဲဆုံးဖြတ်မှုတွေ လုပ်တဲ့အချိန်မှာ တာဝန်ရှိသူတွေနဲ့အတူ ဘေးချင်းယှဉ် ထိုင်နေတာကိုပါ တွေ့ရတာကြောင့် အဲဒီစက်ရုပ်ဟာ အနာဂတ်ရဲ့ အုပ်ချုပ်ရေးယန္တရားမှာ AI ရဲ့ အခန်းကဏ္ဍ ဘယ်လောက်အထိ ပါဝင်လာမလဲဆိုတာကို ပြသနေပါတယ်။

Humanoid Robot CANIKMAN Türkiye's First Registered Robot

Ref: Technology Innovation

ဆက်စပ်သတင်းများ

AI က လူသားမျိုးနွယ်တစ်ခုလုံးကို ဘယ်လို သတ်နိုင်သလဲ?

9/23/2026

တရုတ် စက်ရုပ်အကအဖွဲ့ America's Got Talent ဗိုလ်လုပွဲကို တက်လှမ်း

9/23/2026

AI စည်းမျဉ်းသစ်တွေကို ပိတ်ပင်ဖို့ နည်းပညာအကျော်အမော်တွေဖြစ်တဲ့ Musk နဲ့ Zuckerberg တို့ Trump နဲ့ သွားရောက်တွေ့ဆုံ

9/23/2026

  • ပင်မ
  • သတင်း
  • ဗီဒီယိုများ
  • စမတ်ဖုန်းများ
MyTech Myanmar

နည်းပညာ၊ ဖုန်း နှင့် Gadget သတင်းများ | Reviews & Updates

ဆောင်းပါးကဏ္ဍ

သတင်းဗီဒီယိုများ

ဈေးနှုန်းကဏ္ဍ

ဖုန်းအားလုံးဈေးနှုန်းကျဆင်းမှုအကောင်းဆုံးဈေးနှုန်းဖုန်းနှိုင်းယှဉ်ရန်ဖုန်းဆိုင်များ

ဆက်သွယ်ရန်

FacebookYouTubeInstagramTikTok

© 2026 MyTech Myanmar. မူပိုင်ခွင့်အားလုံး ထိန်းသိမ်းထားသည်။

mytechmyanmar.com