MyTech Myanmar
  • သတင်း
  • ဗီဒီယိုများ
  • အမြန်နှုန်း
  • စမတ်ဖုန်းများ
ဝင်ရောက်ရန်သတိပေးချက်
အမှိုက်ပစ်ရတဲ့ ဒုက္ခကို သက်သာစေမယ့် စမတ် အမှိုက်သိမ်း စက်ရုပ် HARR-E
News
news၂၀၂၆ ဇူလိုင် ၁၄

အမှိုက်ပစ်ရတဲ့ ဒုက္ခကို သက်သာစေမယ့် စမတ် အမှိုက်သိမ်း စက်ရုပ် HARR-E

<p>အမှိုက် သွားပစ်ရတဲ့ အလုပ်ဟာ နောက်ပိုင်းမှာ လုပ်စရာမလိုတဲ့ အရာတစ်ခု ဖြစ်လာတော့မှာပါ။ အမေရိကန်အခြေစိုက် Oshkosh ကုမ္ပဏီဟာ</p>

အမှိုက် သွားပစ်ရတဲ့ အလုပ်ဟာ နောက်ပိုင်းမှာ လုပ်စရာမလိုတဲ့ အရာတစ်ခု ဖြစ်လာတော့မှာပါ။ အမေရိကန်အခြေစိုက် Oshkosh ကုမ္ပဏီဟာ အမှိုက်သိမ်းဆည်းရေး လုပ်ငန်းတွေကို ပိုမိုလွယ်ကူ လျင်မြန်စေဖို့အတွက် HARR-E လို့ အမည်ပေးထားတဲ့ ဘက်ထရီသုံး အလိုအလျောက် သွားလာနိုင်တဲ့ စက်ရုပ်ကို တီထွင်ဖန်တီးနေပါတယ်။ အသုံးပြုသူတွေအနေနဲ့ အမှိုက်ပုံးတွေကို အမှိုက်ပုံအထိ သယ်သွားစရာမလိုဘဲ ဖုန်းအက်ပလီကေးရှင်း ဒါမှမဟုတ် အသံနဲ့ ခိုင်းစေပြီး အမှိုက်လာသိမ်းဖို့ တောင်းဆိုနိုင်မှာ ဖြစ်ပါတယ်။

The future of trash collection: Self-driving cans and noiseless EV garbage  trucks

ဒီ စက်ရုပ်ဟာ သတ်မှတ်ထားတဲ့ နေရာကို ကိုယ်တိုင်လာရောက် အမှိုက်ကောက်ယူပြီး ပင်မ အမှိုက်စုပုံရာနေရာဆီ ပို့ဆောင်ပေးမှာဖြစ်ကာ ပြီးရင်တော့ အားပြန်သွင်းဖို့ သူ့နေရာသူ ပြန်သွားမှာ ဖြစ်ပါတယ်။ လူတွေနဲ့ အတားအဆီးတွေကို ရှောင်ကွင်းနိုင်ဖို့အတွက် AI စနစ်၊ ကင်မရာတွေနဲ့ ဆင်ဆာတွေကို တပ်ဆင်ထားတာကြောင့် တိုက်ခန်းတွေ၊ ရုံးဝင်းတွေနဲ့ တက္ကသိုလ်နယ်မြေတွေလို နေရာမျိုးမှာ သုံးဖို့ သင့်တော်ပါတယ်။

Oshkosh wins CES Picks Award with refuse robot

အသံဆူညံမှုကို လျှော့ချပေးနိုင်ပြီး သုံးရလွယ်ကူတဲ့ ဒီ စက်ရုပ်ဟာ အမှိုက်ကားကြီးတွေ သုံးစွဲမှုကိုနည်းပါးစေမှာမို့ မီးခိုးငွေ့ ထုတ်လွှတ်မှုကိုလည်း လျှော့ချပေးနိုင်မှာ ဖြစ်ပါတယ်။ လက်ရှိမှာ စမ်းသပ်အဆင့်မှာပဲ ရှိသေးပြီး ဈေးကွက်ထဲ မရောက်သေးပေမဲ့ AI နဲ့ စက်ရုပ်နည်းပညာက အနာဂတ် အမှိုက်သိမ်း စနစ်ကို ဘယ်လို ပြောင်းလဲပေးနိုင်မလဲဆိုတာကို ပြသနေတာ ဖြစ်ပါတယ်။

Ref : Technology Innovation

ဆက်စပ်သတင်းများ

ဥရောပမှာ မျက်မမြင်တွေ စာပြန်ဖတ်နိုင်အောင် ကူညီပေးနိုင်မယ့် ထူးဆန်းတဲ့ မျက်စိစက်ပစ္စည်း ပေါ်ထွက်လာ

8/2/2026

အမေရိကန်မှာ AI ဒေတာစင်တာတွေကို ကာကွယ်ဖို့ ဒေါ်လာ ၃ သိန်းတန် စက်ရုပ်ခွေးများ စတင်တာဝန်ယူ

8/2/2026

Tesla ကို အလဲထိုးဖို့ ပြင်ဆင်လာတဲ့ BYD ရဲ့ ပထမဆုံး လူတူစက်ရုပ်တွေ သြဂုတ်လမှာ စတင် မြင်တွေ့ရမယ်

8/2/2026

  • ပင်မ
  • သတင်း
  • ဗီဒီယိုများ
  • စမတ်ဖုန်းများ
MyTech Myanmar

နည်းပညာ၊ ဖုန်း နှင့် Gadget သတင်းများ | Reviews & Updates

ဆောင်းပါးကဏ္ဍ

သတင်းဗီဒီယိုများ

ဈေးနှုန်းကဏ္ဍ

ဖုန်းအားလုံးဈေးနှုန်းကျဆင်းမှုအကောင်းဆုံးဈေးနှုန်းဖုန်းနှိုင်းယှဉ်ရန်ဖုန်းဆိုင်များ

ဆက်သွယ်ရန်

FacebookYouTubeInstagramTikTok

© 2026 MyTech Myanmar. မူပိုင်ခွင့်အားလုံး ထိန်းသိမ်းထားသည်။

mytechmyanmar.com
အမှိုက်ပစ်ရတဲ့ ဒုက္ခကို သက်သာစေမယ့် စမတ် အမှိုက်သိမ်း စက်ရုပ် HARR-E | MyTech Myanmar