MyTech Myanmar
  • သတင်း
  • ဗီဒီယိုများ
  • အမြန်နှုန်း
  • စမတ်ဖုန်းများ
ဝင်ရောက်ရန်သတိပေးချက်
ဂျာမနီစက်ရုံတွေမှာ  ကမ္ဘာ့အကြီးမားဆုံး လူတူစက်ရုပ်အုပ်စုကြီး သုံးတော့မည်
News
news၂၀၂၆ မေ ၁၇

ဂျာမနီစက်ရုံတွေမှာ  ကမ္ဘာ့အကြီးမားဆုံး လူတူစက်ရုပ်အုပ်စုကြီး သုံးတော့မည်

<p>ဗြိတိန်အခြေစိုက် စက်ရုပ် ကုမ္ပဏီဖြစ်တဲ့ ‘Humanoid’ ဟာ ၎င်းတို့ရဲ့ ဘီးတပ်လူတူစက်ရုပ် (Wheeled humanoid robot)</p>

ဗြိတိန်အခြေစိုက် စက်ရုပ် ကုမ္ပဏီဖြစ်တဲ့ ‘Humanoid’ ဟာ ၎င်းတို့ရဲ့ ဘီးတပ်လူတူစက်ရုပ် (Wheeled humanoid robot) အစီးရေ ထောင်နဲ့ချီကို ကမ္ဘာတစ်ဝန်းက စက်ရုံတွေမှာ ဖြန့်ကြက်အသုံးပြုဖို့အတွက် ဂျာမနီနိုင်ငံရဲ့ မော်တော်ယာဉ်အစိတ်အပိုင်း ထောက်ပံ့ရေးကုမ္ပဏီကြီးဖြစ်တဲ့ Schaeffler နဲ့ အဓိကသဘောတူညီချက်တစ်ရပ် လက်မှတ်ရေးထိုးလိုက်ပါတယ်။

ဒီအစီအစဉ်အရ ပထမဆုံး လူတူစက်ရုပ်အုပ်စုကို ၂၀၂၆ ခုနှစ် ကုန်ပိုင်းမှာ ဂျာမနီနိုင်ငံရှိ Schaeffler ရဲ့ စက်ရုံနှစ်ရုံမှာ စတင်တာဝန်ပေးအပ်မှာဖြစ်ပြီး ၂၀၂၇ ခုနှစ်နဲ့ နောက်ပိုင်းနှစ်တွေမှာတော့ လုပ်ငန်းခွင်တစ်ခုလုံးကို အပြည့်အဝ ဖြန့်ကြက်သွားမှာ ဖြစ်ပါတယ်။

၎င်းတို့ရဲ့ ရေရှည်စီမံကိန်းအရ ၂၀၃၂ ခုနှစ်အရောက်မှာ လူတူစက်ရုပ်အရေအတွက်ကို လေးဂဏန်းအထိ တိုးမြှင့်ချထားဖို့ ရည်မှန်းထားတဲ့အတွက် ဒါဟာ လက်ရှိအချိန်အထိ ကြေညာထားသမျှထဲမှာ အကြီးမားဆုံး လူတူစက်ရုပ် ဖြန့်ကြက်မှုတစ်ခု ဖြစ်လာမှာ ဖြစ်ပါတယ်။

Humanoid to deploy up to 2,000 robots at Schaeffler plants | Reuters

အဆိုပါ လူတူစက်ရုပ်တွေထဲက အချို့ကို Herzogenaurach စက်ရုံရဲ့ ကုန်ထုတ်လုပ်မှု ကဏ္ဍတွေထဲမှာ ကုန်သေတ္တာတွေ ရွှေ့ပြောင်းတဲ့ လုပ်ငန်းတွေကို တိုက်ရိုက်လုပ်ကိုင်စေမှာဖြစ်ပြီး Schweinfurt စက်ရုံမှာတော့ စက်မှုလုပ်ငန်းခွင်တွေထဲ ပိုမိုကျယ်ကျယ်ပြန့်ပြန့် အသုံးမပြုခင် စမ်းသပ်စစ်ဆေးမှုတွေကို အရင်ဆုံး လုပ်ဆောင်သွားမှာ ဖြစ်ပါတယ်။

ဒီပူးပေါင်းဆောင်ရွက်မှုဟာ Robot-as-a-Service (RaaS) လို့ခေါ်တဲ့ ဝန်ဆောင်မှုစနစ်နဲ့ လုပ်ဆောင်တာဖြစ်တဲ့အတွက် လူတူစက်ရုပ်တွေရဲ့ လည်ပတ်မှု၊ ဆော့ဖ်ဝဲလ်မြှင့်တင်မှု၊ ပြုပြင်ထိန်းသိမ်းမှုနဲ့ ၂၄ နာရီပတ်လုံး နည်းပညာပံ့ပိုးမှု အားလုံးကို Humanoid ကုမ္ပဏီကပဲ တာဝန်ယူ စီမံခန့်ခွဲပေးသွားမှာ ဖြစ်ပါတယ်။

Humanoid to deploy up to 2,000 robots at Schaeffler plants | Reuters

ဒါ့အပြင် ကုမ္ပဏီနှစ်ခုဟာ ၅ နှစ် သက်တမ်းရှိတဲ့ မိတ်ဖက်ပူးပေါင်းဆောင်ရွက်မှု တစ်ရပ်ကိုပါ သဘောတူညီခဲ့ကြပြီး Schaeffler ကုမ္ပဏီဘက်ကလည်း Humanoid ရဲ့ လူတူစက်ရုပ်တွေအတွက် အဓိကလိုအပ်တဲ့ Actuators လို့ခေါ်တဲ့ စက်ရုပ်လှုပ်ရှားမှု အစိတ်အပိုင်းတွေကို ပြန်လည်ပံ့ပိုး ထောက်ပံ့ပေးသွားမှာ ဖြစ်ပါတယ်။

အခုလို လူတူစက်ရုပ်တွေကို စက်မှုကုန်ထုတ်လုပ်ငန်းခွင်တွေထဲ အများအပြား အစားထိုး အသုံးပြုလာတာဟာ ကမ္ဘာ့စက်ရုံလည်ပတ်မှု ပုံစံတွေကို နည်းပညာနဲ့ အရှိန်အဟုန်မြှင့် ပြောင်းလဲပစ်ဖို့ ပြင်ဆင်လာတဲ့ ထူးခြားတဲ့ ခြေလှမ်းတစ်ရပ်လည်း ဖြစ်ပါတယ်။

Ref: Technology Innovation

ဆက်စပ်သတင်းများ

AI က လူသားမျိုးနွယ်တစ်ခုလုံးကို ဘယ်လို သတ်နိုင်သလဲ?

9/23/2026

တရုတ် စက်ရုပ်အကအဖွဲ့ America's Got Talent ဗိုလ်လုပွဲကို တက်လှမ်း

9/23/2026

AI စည်းမျဉ်းသစ်တွေကို ပိတ်ပင်ဖို့ နည်းပညာအကျော်အမော်တွေဖြစ်တဲ့ Musk နဲ့ Zuckerberg တို့ Trump နဲ့ သွားရောက်တွေ့ဆုံ

9/23/2026

  • ပင်မ
  • သတင်း
  • ဗီဒီယိုများ
  • စမတ်ဖုန်းများ
MyTech Myanmar

နည်းပညာ၊ ဖုန်း နှင့် Gadget သတင်းများ | Reviews & Updates

ဆောင်းပါးကဏ္ဍ

သတင်းဗီဒီယိုများ

ဈေးနှုန်းကဏ္ဍ

ဖုန်းအားလုံးဈေးနှုန်းကျဆင်းမှုအကောင်းဆုံးဈေးနှုန်းဖုန်းနှိုင်းယှဉ်ရန်ဖုန်းဆိုင်များ

ဆက်သွယ်ရန်

FacebookYouTubeInstagramTikTok

© 2026 MyTech Myanmar. မူပိုင်ခွင့်အားလုံး ထိန်းသိမ်းထားသည်။

mytechmyanmar.com