MyTech Myanmar
  • သတင်း
  • ဗီဒီယိုများ
  • အမြန်နှုန်း
  • စမတ်ဖုန်းများ
ဝင်ရောက်ရန်သတိပေးချက်
ပင်လယ်လှိုင်းကနေ လျှပ်စစ်စွမ်းအင်ထုတ်မယ့် ကမ္ဘာ့ပထမဆုံး ရေပေါ် AI ဒေတာစင်တာ
News
news၂၀၂၆ ဇွန် ၂၃

ပင်လယ်လှိုင်းကနေ လျှပ်စစ်စွမ်းအင်ထုတ်မယ့် ကမ္ဘာ့ပထမဆုံး ရေပေါ် AI ဒေတာစင်တာ

<p>ကုန်းမြေပေါ်က ဒေတာစင်တာတွေဟာ လျှပ်စစ်နဲ့ ရေချိုတွေကို ဘီလီယံနဲ့ချီပြီး သုံးစွဲနေလို့ သဘာဝပတ်ဝန်းကျင်အတွက် ခေါင်းခဲစရာ ဖြစ်လာနေချိန်မှာ အမေရိကန်</p>

ကုန်းမြေပေါ်က ဒေတာစင်တာတွေဟာ လျှပ်စစ်နဲ့ ရေချိုတွေကို ဘီလီယံနဲ့ချီပြီး သုံးစွဲနေလို့ သဘာဝပတ်ဝန်းကျင်အတွက် ခေါင်းခဲစရာ ဖြစ်လာနေချိန်မှာ အမေရိကန် Startup တစ်ခုဖြစ်တဲ့ Panthalassa ကတော့ အဲဒီပြဿနာကို ဖြေရှင်းနေပါတယ်။ အဲဒီအရာကတော့ ပင်လယ်လှိုင်းတွေရဲ့ အရှိန်ကိုသုံးပြီး စွမ်းအင်ကိုယ်တိုင်ထုတ်လုပ်မယ့် ရေပေါ် AI ဒေတာစင်တာတွေပဲဖြစ်ပါတယ်။

ဒီပလက်ဖောင်းတွေဟာ သမုဒ္ဒရာလှိုင်းတွေရဲ့ အတက်အကျလှုပ်ရှားမှုကနေ လျှပ်စစ်ဓာတ်အားကို တိုက်ရိုက်ထုတ်လုပ်မှာဖြစ်ပြီး ပတ်ပတ်လည်က ပင်လယ်ရေကို သဘာဝအတိုင်း အသုံးပြုပြီး ဆာဗာတွေကို အအေးခံသွားမှာပါ။

AI ရဲ့ ကြီးမားလှတဲ့ တွက်ချက်မှုလုပ်ငန်းစဉ်တွေကိုလည်း ပင်လယ်ပြင်ထဲက ဒီပလက်ဖောင်းပေါ်မှာတင် ချက်ချင်းလုပ်ဆောင်ပြီး ရလဒ်တွေကိုတော့ ဂြိုဟ်တုကတစ်ဆင့် ကမ္ဘာ့ဆီ ပြန်လည်ပေးပို့သွားမှာဖြစ်ပါတယ်။

US firm's floating data centers to meet power demand using wave energy

ဒီလိုဆန်းသစ်တဲ့ နည်းပညာဟာ စက္ကူပေါ်က စိတ်ကူးသက်သက်တင် မဟုတ်တော့ပါဘူး။ ကုမ္ပဏီဟာ နမူနာပုံစံငယ်တွေကို အောင်အောင်မြင်မြင် တည်ဆောက်စမ်းသပ်ပြီးစီးခဲ့ပြီဖြစ်ပြီး သမုဒ္ဒရာထဲမှာ အကြီးစားထုတ်လုပ်မှုတွေနဲ့ စတင်အသုံးပြုနိုင်ဖို့အတွက် ၂၀၂၆ ခုနှစ်မှာ ရန်ပုံငွေ အမေရိကန်ဒေါ်လာ ၁၄၀ သန်းအထိ ရရှိထားပါတယ်။

လက်ရှိမှာ အကြီးစားစီးပွားဖြစ် လုပ်ငန်းလည်ပတ်မှုတွေ မစတင်ရသေးပေမဲ့ ကမ္ဘာ့ပထမဆုံး ရှေ့ပြေးစီမံကိန်းတွေကိုတော့ ရဲရဲဝံ့ဝံ့ စတင်အကောင်အထည်ဖော်နေပြီဖြစ်ပါတယ်။

Forget Elon's Data Centers In Space. This Startup Wants To Float Them At Sea

အပြာရောင်သမုဒ္ဒရာထဲမှာ လွင့်မျောနေမယ့် ဒီဒေတာစင်တာတစ်ခုချင်းစီဟာ အလျား ၈၅ မီတာခန့်ရှိတဲ့ သံမဏိဒီဇိုင်းဖြစ်ပြီး ရေအောက်နက်ရှိုင်းတဲ့အထိ ရှည်လျားတဲ့ ဒေါင်လိုက်ပြွန်ကြီးတစ်ခု ပါဝင်တဲ့ မျောတုံးပုံစံမျိုး ဒီဇိုင်းထုတ်ထားတာပါ။

ပိုပြီးလန်းတာကတော့ ဒီပလတ်ဖောင်းတွေဟာ သူတို့အလိုအလျောက် ရွေ့လျားမောင်းနှင်နိုင်တဲ့အပြင် ပင်လယ်ပြင်ထဲမှာ ရေရှည်ခံပြီး စိတ်ချရစေဖို့ ပျက်စီးလွယ်တဲ့ ရွေ့လျားအစိတ်အပိုင်းတွေကို အနည်းငယ်သာ ထည့်သွင်းတည်ဆောက်ထားတာပဲဖြစ်ပါတယ်။

ဒီဆန်းသစ်မှုဟာ နေ့ညမပြတ် ရေလှိုင်းတွေဆီကရမယ့် စွမ်းအင်နဲ့ သဘာဝပင်လယ်ရေကိုပဲ အသုံးချမှာဖြစ်လို့ AI ရဲ့ လျှပ်စစ်ငတ်မွတ်မှုကို ဖြေရှင်းပေးနိုင်မယ့်အပြင် ကုန်းပေါ်က လျှပ်စစ်ဓာတ်အားလိုင်းတွေနဲ့ အဖိုးတန်ရေချိုအရင်းအမြစ်တွေအပေါ် မှီခိုနေရမှုကိုပါ အပြီးတိုင် လျှော့ချပေးနိုင်တော့မှာဖြစ်ပါတယ်။

Ref: Technology Innovation

ဆက်စပ်သတင်းများ

ဥရောပမှာ မျက်မမြင်တွေ စာပြန်ဖတ်နိုင်အောင် ကူညီပေးနိုင်မယ့် ထူးဆန်းတဲ့ မျက်စိစက်ပစ္စည်း ပေါ်ထွက်လာ

8/2/2026

အမေရိကန်မှာ AI ဒေတာစင်တာတွေကို ကာကွယ်ဖို့ ဒေါ်လာ ၃ သိန်းတန် စက်ရုပ်ခွေးများ စတင်တာဝန်ယူ

8/2/2026

Tesla ကို အလဲထိုးဖို့ ပြင်ဆင်လာတဲ့ BYD ရဲ့ ပထမဆုံး လူတူစက်ရုပ်တွေ သြဂုတ်လမှာ စတင် မြင်တွေ့ရမယ်

8/2/2026

  • ပင်မ
  • သတင်း
  • ဗီဒီယိုများ
  • စမတ်ဖုန်းများ
MyTech Myanmar

နည်းပညာ၊ ဖုန်း နှင့် Gadget သတင်းများ | Reviews & Updates

ဆောင်းပါးကဏ္ဍ

သတင်းဗီဒီယိုများ

ဈေးနှုန်းကဏ္ဍ

ဖုန်းအားလုံးဈေးနှုန်းကျဆင်းမှုအကောင်းဆုံးဈေးနှုန်းဖုန်းနှိုင်းယှဉ်ရန်ဖုန်းဆိုင်များ

ဆက်သွယ်ရန်

FacebookYouTubeInstagramTikTok

© 2026 MyTech Myanmar. မူပိုင်ခွင့်အားလုံး ထိန်းသိမ်းထားသည်။

mytechmyanmar.com