MyTech Myanmar
  • သတင်း
  • ဗီဒီယိုများ
  • အမြန်နှုန်း
  • စမတ်ဖုန်းများ
ဝင်ရောက်ရန်သတိပေးချက်
ဓာတ်ခွဲခန်းထဲမှာ လူ့သုတ်ပိုးကို ပထမဆုံးအကြိမ် အောင်မြင်စွာ မွေးမြူနိုင်ပြီ
News
news၂၀၂၆ ဧပြီ ၂၇

ဓာတ်ခွဲခန်းထဲမှာ လူ့သုတ်ပိုးကို ပထမဆုံးအကြိမ် အောင်မြင်စွာ မွေးမြူနိုင်ပြီ

<p>အမေရိကန်နိုင်ငံ၊ Utah ပြည်နယ်အခြေစိုက် Paterna Biosciences ကုမ္ပဏီက ဓာတ်ခွဲခန်းသုံး ပန်းကန်ပြားထဲမှာ လူ့သုတ်ပိုးတွေကို ပထမဆုံးအကြိမ်အဖြစ်</p>

အမေရိကန်နိုင်ငံ၊ Utah ပြည်နယ်အခြေစိုက် Paterna Biosciences ကုမ္ပဏီက ဓာတ်ခွဲခန်းသုံး ပန်းကန်ပြားထဲမှာ လူ့သုတ်ပိုးတွေကို ပထမဆုံးအကြိမ်အဖြစ် အောင်မြင်စွာ မွေးမြူနိုင်ခဲ့ပြီလို့ ကြေညာလိုက်တာကြောင့် သိပ္ပံလောကမှာ ဟိုးလေးတကျော် ဖြစ်သွားပါတယ်။ အဆိုပါ ဓာတ်ခွဲခန်းထွက် သုတ်ပိုးတွေကို အသုံးပြုပြီး ကျန်းမာသန်စွမ်းတဲ့ သန္ဓေသားလောင်းတွေကိုပါ ဖန်တီးနိုင်ခဲ့တာ ဖြစ်ပေမယ့် ဒီတွေ့ရှိချက်ကိုတော့တခြားပညာရှင်တွေက ထပ်မံစစ်ဆေး အတည်ပြုတာမျိုးတော့ မလုပ်ရသေးပါဘူး။

ကုမ္ပဏီရဲ့ CEO ဖြစ်သူ Alexander Pastuszak ရဲ့ ပြောကြားချက်အရ သုတ်ပိုးထုတ်လုပ်ပေးတဲ့ ပင်မဆဲလ် (Stem Cells) တွေကို ခန္ဓာကိုယ်ပြင်ပမှာ မွေးမြူပြီး ရင့်ကျက်တဲ့ သုတ်ပိုးတွေ ဖြစ်လာအောင် ကွန်ပျူတာ မော်ဒယ်တွေရဲ့ အကူအညီနဲ့ လိုအပ်တဲ့ ဓာတုဗေဒ အချက်ပြမှုတွေကို တိတိကျကျ တွက်ချက်ဖန်တီးခဲ့တာ ဖြစ်ပါတယ်။ “ပင်မဆဲလ်တွေကို ပုံမှန်ရင့်ကျက်တဲ့ သုတ်ပိုးတွေအဖြစ် ပြောင်းလဲပေးနိုင်မယ့် လမ်းညွှန်ချက်တွေကို ကျွန်တော်တို့ ရှာဖွေတွေ့ရှိသွားတာပါ” လို့ ၎င်းက ဆိုပါတယ်။

Healthy Lab-Grown Sperm? This Startup Thinks It’s Done It

ဒီနည်းပညာဟာ ကလေးမရနိုင်တဲ့ အမျိုးသားတွေထဲက သုတ်ပိုး လုံးဝမထုတ်လုပ်နိုင်တဲ့ ပြဿနာ (Azoospermia) နဲ့ ရင်ဆိုင်နေရတဲ့ ၁၀ ရာခိုင်နှုန်းကနေ ၁၅ ရာခိုင်နှုန်းသော အမျိုးသားတွေအတွက် မျှော်လင့်ချက်အသစ် ဖြစ်လာမှာပါ။ ၎င်းတို့မှာ လိုအပ်တဲ့ ပင်မဆဲလ်တွေ ရှိနေပေမယ့် ခန္ဓာကိုယ်ရဲ့ ဇီဝပတ်ဝန်းကျင် အခြေအနေကြောင့် သုတ်ပိုးအဖြစ် မပြောင်းလဲနိုင်တာကို ဓာတ်ခွဲခန်းထဲမှာ အစားထိုး လုပ်ဆောင်ပေးမှာ ဖြစ်ပါတယ်။ Paterna ကုမ္ပဏီအနေနဲ့ ဒီနည်းပညာနဲ့ ကုသပေးမှုအတွက် တစ်ကြိမ်ကို အမေရိကန်ဒေါ်လာ ၅,၀၀၀ ကနေ ၁၂,၀၀၀ ကြား (မြန်မာငွေ သိန်းရာချီ) ကျသင့်နိုင်တယ်လို့ ခန့်မှန်းထားပါတယ်။

Ref: Fossbytes

ဆက်စပ်သတင်းများ

AI က လူသားမျိုးနွယ်တစ်ခုလုံးကို ဘယ်လို သတ်နိုင်သလဲ?

9/23/2026

တရုတ် စက်ရုပ်အကအဖွဲ့ America's Got Talent ဗိုလ်လုပွဲကို တက်လှမ်း

9/23/2026

AI စည်းမျဉ်းသစ်တွေကို ပိတ်ပင်ဖို့ နည်းပညာအကျော်အမော်တွေဖြစ်တဲ့ Musk နဲ့ Zuckerberg တို့ Trump နဲ့ သွားရောက်တွေ့ဆုံ

9/23/2026

  • ပင်မ
  • သတင်း
  • ဗီဒီယိုများ
  • စမတ်ဖုန်းများ
MyTech Myanmar

နည်းပညာ၊ ဖုန်း နှင့် Gadget သတင်းများ | Reviews & Updates

ဆောင်းပါးကဏ္ဍ

သတင်းဗီဒီယိုများ

ဈေးနှုန်းကဏ္ဍ

ဖုန်းအားလုံးဈေးနှုန်းကျဆင်းမှုအကောင်းဆုံးဈေးနှုန်းဖုန်းနှိုင်းယှဉ်ရန်ဖုန်းဆိုင်များ

ဆက်သွယ်ရန်

FacebookYouTubeInstagramTikTok

© 2026 MyTech Myanmar. မူပိုင်ခွင့်အားလုံး ထိန်းသိမ်းထားသည်။

mytechmyanmar.com