MyTech Myanmar
  • သတင်း
  • ဗီဒီယိုများ
  • အမြန်နှုန်း
  • စမတ်ဖုန်းများ
ဝင်ရောက်ရန်သတိပေးချက်
Vertu က သိန်း ၁,၃၀၀ ကျော်တန်တဲ့ AlphaFold ကို မိတ်ဆက်
News
news၂၀၂၆ ဇွန် ၃

Vertu က သိန်း ၁,၃၀၀ ကျော်တန်တဲ့ AlphaFold ကို မိတ်ဆက်

<p>Vertu ဟာ Quantum Flip ပြီးနောက်မှာတော့ သူတို့ရဲ့ ပထမဆုံး စာအုပ်ပုံစံခေါက်ဖုန်း AlphaFold ကို</p>

Vertu ဟာ Quantum Flip ပြီးနောက်မှာတော့ သူတို့ရဲ့ ပထမဆုံး စာအုပ်ပုံစံခေါက်ဖုန်း AlphaFold ကို ကမ္ဘာအနှံ့မှာ စတင်ရောင်းချလိုက်ပါတယ်။ ဒီဖုန်းဟာ သာမန်တန်ဖိုးကြီးဖုန်းတွေလို ပရီမီယံပစ္စည်းတွေ သုံးထားရုံတင်မကဘဲ Hermes AI စနစ်ကို အဓိကထည့်သွင်းပေးထားတာကြောင့် စာချုပ်တွေကို စိစစ်တာ၊ အချက်အလက်တွေကို အကျဉ်းချုပ်တာနဲ့ အက်ပ်ပေါင်း ၇၀ ကျော်ကို စီမံခန့်ခွဲတာမျိုးတွေအထိ လုပ်ဆောင်ပေးနိုင်ပါတယ်။

ဒါ့အပြင် သီးသန့်လုံခြုံရေး A5 Chip ပါဝင်တဲ့အပြင် လိုင်းမမိတဲ့နေရာတွေမှာပါ အသုံးပြုနိုင်ဖို့ ဂြိုဟ်တုကနေတစ်ဆင့် ဆက်သွယ်နိုင်တဲ့စနစ်နဲ့ ၂၄ နာရီပတ်လုံး ဝန်ဆောင်မှုပေးမယ့် Concierge စနစ်လည်း ပါဝင်ပါတယ်။

Vertu unveils AlphaFold, its first book-style foldable and boasts about its Hermes AI agent

နည်းပညာပိုင်းမှာတော့ အဆင့်မြင့် Snapdragon 8 Elite Processor ကို သုံးထားပြီး လုပ်ငန်းခွင်မှာ ၂၈ နာရီအထိ အသုံးခံမယ့် 6,500mAh ဘက်ထရီနဲ့ မိနစ် ၂၀ အတွင်း အား ၅၀ ရာခိုင်နှုန်းအထိ ပြည့်စေမယ့် 65W အားသွင်းစနစ် ပါဝင်ပါတယ်။

ဖုန်းမျက်နှာပြင်ကို အပြင်ဘက် ၆.၅၃ လက်မနဲ့ အတွင်းဘက် ၈.၀၅ လက်မအထိ ကျယ်ကျယ်ဝန်းဝန်း သုံးနိုင်မှာဖြစ်ပြီး အနောက်ဘက်မှာ 50MP ပင်မကင်မရာအပါအဝင် ကင်မရာသုံးလုံး တပ်ဆင်ထားပါတယ်။

ဖုန်းရဲ့ကိုယ်ထည်ပိုင်းကိုတော့ နွားသားရေ၊ မိကျောင်းသားရေတွေအပြင် ၁၈ ကာရက်ရွှေနဲ့ အရည်အသွေးမြင့်စိန်တွေကိုပါ စိတ်ကြိုက်ရွေးချယ် မှာယူနိုင်မှာပါ။

Vertu unveils AlphaFold, its first book-style foldable and boasts about its Hermes AI agent

Vertu AlphaFold ကို အခုဆိုရင် တရားဝင်ဝဘ်ဆိုက်မှာ တိုက်ရိုက်ဝယ်ယူနိုင်ပြီဖြစ်ပြီး အခြေခံမော်ဒယ်အတွက်တင် ဈေးနှုန်းဟာ အမေရိကန်ဒေါ်လာ ၆,၈၈၀ (မြန်မာငွေ သိန်းရာချီ) ရှိမှာဖြစ်ပါတယ်။

စိန်၊ ရွှေနဲ့ မိကျောင်းသားရေတွေ အပြည့်အစုံပါဝင်မယ့် အမြင့်ဆုံးမော်ဒယ် (Alligator Skin Gold & Diamond) အတွက်ဆိုရင်တော့ ဈေးနှုန်းဟာ အမေရိကန်ဒေါ်လာ ၃၄,၂၀၀ (မြန်မာကျပ်ငွေ သိန်း ၁,၃၀၀ ကျော်)အထိ ရှိမှာဖြစ်ပါတယ်။

Vertu unveils AlphaFold, its first book-style foldable and boasts about its Hermes AI agent

Ref: gsmarena

ဆက်စပ်သတင်းများ

ဥရောပမှာ မျက်မမြင်တွေ စာပြန်ဖတ်နိုင်အောင် ကူညီပေးနိုင်မယ့် ထူးဆန်းတဲ့ မျက်စိစက်ပစ္စည်း ပေါ်ထွက်လာ

8/2/2026

အမေရိကန်မှာ AI ဒေတာစင်တာတွေကို ကာကွယ်ဖို့ ဒေါ်လာ ၃ သိန်းတန် စက်ရုပ်ခွေးများ စတင်တာဝန်ယူ

8/2/2026

Tesla ကို အလဲထိုးဖို့ ပြင်ဆင်လာတဲ့ BYD ရဲ့ ပထမဆုံး လူတူစက်ရုပ်တွေ သြဂုတ်လမှာ စတင် မြင်တွေ့ရမယ်

8/2/2026

  • ပင်မ
  • သတင်း
  • ဗီဒီယိုများ
  • စမတ်ဖုန်းများ
MyTech Myanmar

နည်းပညာ၊ ဖုန်း နှင့် Gadget သတင်းများ | Reviews & Updates

ဆောင်းပါးကဏ္ဍ

သတင်းဗီဒီယိုများ

ဈေးနှုန်းကဏ္ဍ

ဖုန်းအားလုံးဈေးနှုန်းကျဆင်းမှုအကောင်းဆုံးဈေးနှုန်းဖုန်းနှိုင်းယှဉ်ရန်ဖုန်းဆိုင်များ

ဆက်သွယ်ရန်

FacebookYouTubeInstagramTikTok

© 2026 MyTech Myanmar. မူပိုင်ခွင့်အားလုံး ထိန်းသိမ်းထားသည်။

mytechmyanmar.com
Vertu က သိန်း ၁,၃၀၀ ကျော်တန်တဲ့ AlphaFold ကို မိတ်ဆက် | MyTech Myanmar