MyTech Myanmar
  • သတင်း
  • ဗီဒီယိုများ
  • အမြန်နှုန်း
  • စမတ်ဖုန်းများ
ဝင်ရောက်ရန်သတိပေးချက်
အိန္ဒိယ အထည်ချုပ်အလုပ်သမားများ ဦးခေါင်း ကင်မရာတပ်ဆင်ထားမှုအပေါ် AI ဖြင့် အစားထိုးခံရမည်ကို စိုးရိမ်နေကြ
News
news၂၀၂၆ ဧပြီ ၂၁

အိန္ဒိယ အထည်ချုပ်အလုပ်သမားများ ဦးခေါင်း ကင်မရာတပ်ဆင်ထားမှုအပေါ် AI ဖြင့် အစားထိုးခံရမည်ကို စိုးရိမ်နေကြ

<p>အိန္ဒိယနိုင်ငံရှိ အထည်ချုပ်စက်ရုံများတွင် အလုပ်သမားများက ခေါင်းပေါ်တွင် ကင်မရာအသေးစားလေးများ တပ်ဆင်ပြီး အထည်ချုပ်လုပ်ငန်းများကို ပုံမှန်အတိုင်း လုပ်ကိုင်နေကြသည့် ဗီဒီယိုဖိုင်များ</p>

အိန္ဒိယနိုင်ငံရှိ အထည်ချုပ်စက်ရုံများတွင် အလုပ်သမားများက ခေါင်းပေါ်တွင် ကင်မရာအသေးစားလေးများ တပ်ဆင်ပြီး အထည်ချုပ်လုပ်ငန်းများကို ပုံမှန်အတိုင်း လုပ်ကိုင်နေကြသည့် ဗီဒီယိုဖိုင်များ Instagram၊ X နှင့် Reddit တို့တွင် ပျံ့နှံ့နေပါတယ်။

အဆိုပါ ဗီဒီယိုများသည် သရုပ်ပြရိုက်ကူးထားခြင်းမျိုးမဟုတ်ဘဲ အမှန်တကယ် လုပ်ငန်းခွင်အတွင်းမှ ရိုက်ကူးထားခြင်းဖြစ်ပုံရပြီး အနာဂတ်တွင် လုပ်ငန်းခွင်၌ AI နှင့် စက်ရုပ်များကို အစားထိုးအသုံးပြုလာမည့်အရေးနှင့် ပတ်သက်၍ အွန်လိုင်းတွင် အငြင်းပွားမှုများ ပြင်းထန်နေပါတယ်။

Training their replacements?': Indian workers use head-mounted cameras to record every move for AI systems

သတင်းအချို့၏ ဖော်ပြချက်အရ ဤသို့ရိုက်ကူးခြင်းသည် အလုပ်သမားများ၏ လက်လှုပ်ရှားမှုနှင့် ခန္ဓာကိုယ်လှုပ်ရှားမှုဆိုင်ရာ အချက်အလက်များကို စုဆောင်းနေခြင်းဖြစ်ပြီး လူသားများ၏ လုပ်အားကို အတုယူလုပ်ဆောင်နိုင်မည့် AI စနစ်များ သို့မဟုတ် စက်ရုပ်များကို လေ့ကျင့်ပေးရန်အတွက် ဖြစ်နိုင်တယ်လို့ ဆိုကြပါတယ်။

ပညာရှင်များကလည်း လူသားတို့၏ လှုပ်ရှားမှုဒေတာများကို စုဆောင်းခြင်းဖြင့် စက်ပစ္စည်းများကို ကိုယ်ကာယဆိုင်ရာ လုပ်ငန်းဆောင်တာများ သင်ကြားပေးသည့် နည်းပညာမှာ အမှန်တကယ် ရှိနေပြီးသားဖြစ်ကြောင်း ပြောဆိုကြပါတယ်။ သို့သော်လည်း အဆိုပါစက်ရုံများဘက်ကတော့ ဤအချက်ကို တစ်စုံတစ်ရာ အတည်ပြုထားခြင်း မရှိသေးပါဘူး။

Why are Indian factory workers wearing head-mounted cameras? Viral clips trigger automation fears

အဆိုပါ ဗီဒီယိုဖိုင်များကြောင့် အလုပ်သမားများသည် မိမိတို့ကိုယ်တိုင် မသိလိုက်ဘဲ နောင်တစ်ချိန်တွင် မိမိတို့၏ အလုပ်အကိုင်များကို အစားထိုးသွားမည့် နည်းပညာဖွံ့ဖြိုးရေးအတွက် ကူညီပေးနေရသလို ဖြစ်နေမှာကို အွန်လိုင်းအသုံးပြုသူများက စိုးရိမ်နေကြပါတယ်။ သို့သော်လည်း အထောက်အထား ခိုင်ခိုင်လုံလုံ မရှိသေးသည့်အတွက် ယခုထွက်ပေါ်နေသည့် သတင်းများမှာ ခန့်မှန်းချက်များသာ ဖြစ်နိုင်သေးကြောင်း ကျွမ်းကျင်သူများက သတိပေးထားပါတယ်။

Ref: Technology Innovation

ဆက်စပ်သတင်းများ

ဥရောပမှာ မျက်မမြင်တွေ စာပြန်ဖတ်နိုင်အောင် ကူညီပေးနိုင်မယ့် ထူးဆန်းတဲ့ မျက်စိစက်ပစ္စည်း ပေါ်ထွက်လာ

8/2/2026

အမေရိကန်မှာ AI ဒေတာစင်တာတွေကို ကာကွယ်ဖို့ ဒေါ်လာ ၃ သိန်းတန် စက်ရုပ်ခွေးများ စတင်တာဝန်ယူ

8/2/2026

Tesla ကို အလဲထိုးဖို့ ပြင်ဆင်လာတဲ့ BYD ရဲ့ ပထမဆုံး လူတူစက်ရုပ်တွေ သြဂုတ်လမှာ စတင် မြင်တွေ့ရမယ်

8/2/2026

  • ပင်မ
  • သတင်း
  • ဗီဒီယိုများ
  • စမတ်ဖုန်းများ
MyTech Myanmar

နည်းပညာ၊ ဖုန်း နှင့် Gadget သတင်းများ | Reviews & Updates

ဆောင်းပါးကဏ္ဍ

သတင်းဗီဒီယိုများ

ဈေးနှုန်းကဏ္ဍ

ဖုန်းအားလုံးဈေးနှုန်းကျဆင်းမှုအကောင်းဆုံးဈေးနှုန်းဖုန်းနှိုင်းယှဉ်ရန်ဖုန်းဆိုင်များ

ဆက်သွယ်ရန်

FacebookYouTubeInstagramTikTok

© 2026 MyTech Myanmar. မူပိုင်ခွင့်အားလုံး ထိန်းသိမ်းထားသည်။

mytechmyanmar.com