MyTech Myanmar
  • သတင်း
  • ဗီဒီယိုများ
  • အမြန်နှုန်း
  • စမတ်ဖုန်းများ
ဝင်ရောက်ရန်သတိပေးချက်
Virgin Galactic က အာကာသခရီးစဉ် လက်မှတ်တွေကို တစ်စောင် ဒေါ်လာ ၇ သိန်းခွဲနဲ့ ပြန်လည်ရောင်းချ
News
news၂၀၂၆ ဧပြီ ၇

Virgin Galactic က အာကာသခရီးစဉ် လက်မှတ်တွေကို တစ်စောင် ဒေါ်လာ ၇ သိန်းခွဲနဲ့ ပြန်လည်ရောင်းချ

<p>Virgin Galactic ကုမ္ပဏီဟာ သူတို့ရဲ့ အာကာသခရီးစဉ်တွေအတွက် ကန့်သတ်ချက်နဲ့ လက်မှတ်တွေကို ပြန်ရောင်းပေးနေပြီး အခုဆိုရင် ထိုင်ခုံတစ်ခုံကို</p>

Virgin Galactic ကုမ္ပဏီဟာ သူတို့ရဲ့ အာကာသခရီးစဉ်တွေအတွက် ကန့်သတ်ချက်နဲ့ လက်မှတ်တွေကို ပြန်ရောင်းပေးနေပြီး အခုဆိုရင် ထိုင်ခုံတစ်ခုံကို အမေရိကန်ဒေါ်လာ ၇၅၀,၀၀၀ (ခုနစ်သိန်းငါးသောင်း) ထိ ဈေးသတ်မှတ်ထားပါတယ်။

Virgin Galactic is booking space trips at $750,000 apiece – The Mercury News

ကုမ္ပဏီရဲ့ CEO Michael Colglazier က အခုလို လက်မှတ်ပြန်ရောင်းတာဟာ သူတို့ရဲ့ ပထမဆုံး SpaceShip အာကာသယာဉ်အသစ် တည်ဆောက်မှု ပြီးစီးလုနီးပါး ဖြစ်နေတာကြောင့်လို့ ဆိုပါတယ်။ အဲဒီယာဉ်ကို မကြာခင်မှာ မြေပြင်စမ်းသပ်မှုတွေ စတင်တော့မှာပါ။

Virgin Galactic raises ticket prices to $750,000 ahead of relaunch | Engineering and Technology Magazine

အခုသတ်မှတ်လိုက်တဲ့ လက်မှတ်ဈေးဟာ လွန်ခဲ့တဲ့ နှစ်နှစ်နီးပါးက ခရီးစဉ်တွေ ခေတ္တရပ်နားထားခင် ရှိခဲ့တဲ့ ဈေးနှုန်းထက် ဒေါ်လာ တစ်သိန်းလောက် ပိုများလာတာ ဖြစ်ပါတယ်။

Virgin Galactic ဟာ ခရီးသည် ၆ ဦးအထိ တင်ဆောင်နိုင်ပြီး ခရီးစဉ်တွေကို အကြိမ်ရေများများ ပျံသန်းနိုင်မယ့် Delta-class အာကာသယာဉ်အသစ်တွေကို တည်ဆောက်နေတာပါ။

လုပ်ငန်းတွေ အရှိန်အဟုန်နဲ့ ပြန်စတင်နေတာကြောင့် နောက်ထပ် အာကာသယာဉ်သစ်ကို ၂၀၂၆ ခုနှစ်နှောင်းပိုင်း ဒါမှမဟုတ် ၂၀၂၇ ခုနှစ်အစောပိုင်းမှာ စတင်အသုံးပြုနိုင်မယ်လို့ ကုမ္ပဏီဘက်က မျှော်လင့်ထားပါတယ်။

Ref: Fossbytes

ဆက်စပ်သတင်းများ

AI က လူသားမျိုးနွယ်တစ်ခုလုံးကို ဘယ်လို သတ်နိုင်သလဲ?

9/23/2026

တရုတ် စက်ရုပ်အကအဖွဲ့ America's Got Talent ဗိုလ်လုပွဲကို တက်လှမ်း

9/23/2026

AI စည်းမျဉ်းသစ်တွေကို ပိတ်ပင်ဖို့ နည်းပညာအကျော်အမော်တွေဖြစ်တဲ့ Musk နဲ့ Zuckerberg တို့ Trump နဲ့ သွားရောက်တွေ့ဆုံ

9/23/2026

  • ပင်မ
  • သတင်း
  • ဗီဒီယိုများ
  • စမတ်ဖုန်းများ
MyTech Myanmar

နည်းပညာ၊ ဖုန်း နှင့် Gadget သတင်းများ | Reviews & Updates

ဆောင်းပါးကဏ္ဍ

သတင်းဗီဒီယိုများ

ဈေးနှုန်းကဏ္ဍ

ဖုန်းအားလုံးဈေးနှုန်းကျဆင်းမှုအကောင်းဆုံးဈေးနှုန်းဖုန်းနှိုင်းယှဉ်ရန်ဖုန်းဆိုင်များ

ဆက်သွယ်ရန်

FacebookYouTubeInstagramTikTok

© 2026 MyTech Myanmar. မူပိုင်ခွင့်အားလုံး ထိန်းသိမ်းထားသည်။

mytechmyanmar.com