MyTech Myanmar
  • သတင်း
  • ဗီဒီယိုများ
  • အမြန်နှုန်း
  • စမတ်ဖုန်းများ
ဝင်ရောက်ရန်သတိပေးချက်
ပါဝါဘန့် လား ဖုန်းလား မသဲကွဲတော့ဘူး။ 10,200mAh ဘက်ထရီပါတဲ့ vivo Y600 Pro လာပြီ
News
news၂၀၂၆ ဧပြီ ၂၉

ပါဝါဘန့် လား ဖုန်းလား မသဲကွဲတော့ဘူး။ 10,200mAh ဘက်ထရီပါတဲ့ vivo Y600 Pro လာပြီ

<p>vivo ဟာ သူတို့ရဲ့ Y-series Pro ဖုန်းတွေမှာ ဘက်ထရီပမာဏကို သိသိသာသာ တိုးမြှင့်လိုက်ပြီး အခုနောက်ဆုံးထွက်ရှိလာတဲ့</p>

vivo ဟာ သူတို့ရဲ့ Y-series Pro ဖုန်းတွေမှာ ဘက်ထရီပမာဏကို သိသိသာသာ တိုးမြှင့်လိုက်ပြီး အခုနောက်ဆုံးထွက်ရှိလာတဲ့ Y600 Pro မှာတော့ 10,200mAh Si-C ဘက်ထရီကြီးကို ထည့်သွင်းပေးလိုက်ပါတယ်။

ဒီဘက်ထရီဟာ စွမ်းအင်သိပ်သည်းဆ မြင့်မားတဲ့ စတုတ္ထမျိုးဆက် Silicon Anode နည်းပညာကို အသုံးပြုထားတာကြောင့် ဖုန်းကိုယ်ထည်ကို အရမ်းကြီး ထူမသွားစေဘဲ 8.25mm သာ ရှိပါတယ်။

တစ်ခါအားသွင်းထားရင် ဖုန်းပြောချိန် ၄၇ နာရီ ဒါမှမဟုတ် ဗီဒီယိုကြည့်ချိန် ၂၈ နာရီအထိ အသုံးခံမှာဖြစ်သလို ၆ နှစ်ကြာတဲ့အထိ ဘက်ထရီကျန်းမာရေး ၈၀ ရာခိုင်နှုန်း ထိန်းထားနိုင်မယ်လို့ ကုမ္ပဏီက ဆိုထားပါတယ်။

vivo Y600 Pro arrives with 10,200mAh Si-C battery and Dimensity 7300e

စွမ်းဆောင်ရည်ပိုင်းအနေနဲ့ Dimensity 7300e chipset ကို ကမ္ဘာ့ပထမဆုံး အသုံးပြုထားတဲ့ ဖုန်းဖြစ်ပြီး ပါဝါစားသက်သာအောင် အထူးပြုလုပ်ထားပါတယ်။ မျက်နှာပြင်ကတော့ ၆.၈၃ လက်မရှိတဲ့ AMOLED (FHD+ 120Hz) အမျိုးအစားဖြစ်ပြီး 32MP ရှေ့ကင်မရာနဲ့ မျက်နှာပြင်အောက် လက်ဗွေဖတ်စနစ် ပါဝင်ပါတယ်။ ဒါ့အပြင် ရေနဲ့ ဖုန်ဒဏ်ခံနိုင်တဲ့ IP68 နဲ့ IP69 rating တွေ ရရှိထားတာကြောင့် အကြမ်းခံမယ့် ဖုန်းတစ်လုံးလည်း ဖြစ်ပါတယ်။

vivo Y600 Pro arrives with 10,200mAh Si-C battery and Dimensity 7300e

ကင်မရာပိုင်းမှာ OIS ပါဝင်တဲ့ 50MP ပင်မကင်မရာကို အသုံးပြုထားပြီး Android 16 အခြေခံ OriginOS 6 နဲ့ မောင်းနှင်မှာပါ။ အားသွင်းစနစ်အတွက် 90W အမြန်အားသွင်းစနစ် ပါဝင်တဲ့အပြင် တခြားဖုန်းတွေကိုလည်း Powerbank လို ပြန်အားသွင်းပေးနိုင်တဲ့ စနစ်လည်း ပါပါတယ်။ လက်ရှိမှာတော့ တရုတ်နိုင်ငံမှာ စတင်ရောင်းချနေပြီး ဈေးနှုန်းကတော့ 8/128GB version ကို ယွမ် ၂,၀၉၉ (အမေရိကန်ဒေါ်လာ ၃၀၇ ခန့်) ကနေ စတင်သတ်မှတ်ထားပါတယ်။

vivo Y600 Pro arrives with 10,200mAh Si-C battery and Dimensity 7300e

vivo Y600 Pro arrives with 10,200mAh Si-C battery and Dimensity 7300e

Ref: gsmarena 

ဆက်စပ်သတင်းများ

ဥရောပမှာ မျက်မမြင်တွေ စာပြန်ဖတ်နိုင်အောင် ကူညီပေးနိုင်မယ့် ထူးဆန်းတဲ့ မျက်စိစက်ပစ္စည်း ပေါ်ထွက်လာ

8/2/2026

အမေရိကန်မှာ AI ဒေတာစင်တာတွေကို ကာကွယ်ဖို့ ဒေါ်လာ ၃ သိန်းတန် စက်ရုပ်ခွေးများ စတင်တာဝန်ယူ

8/2/2026

Tesla ကို အလဲထိုးဖို့ ပြင်ဆင်လာတဲ့ BYD ရဲ့ ပထမဆုံး လူတူစက်ရုပ်တွေ သြဂုတ်လမှာ စတင် မြင်တွေ့ရမယ်

8/2/2026

  • ပင်မ
  • သတင်း
  • ဗီဒီယိုများ
  • စမတ်ဖုန်းများ
MyTech Myanmar

နည်းပညာ၊ ဖုန်း နှင့် Gadget သတင်းများ | Reviews & Updates

ဆောင်းပါးကဏ္ဍ

သတင်းဗီဒီယိုများ

ဈေးနှုန်းကဏ္ဍ

ဖုန်းအားလုံးဈေးနှုန်းကျဆင်းမှုအကောင်းဆုံးဈေးနှုန်းဖုန်းနှိုင်းယှဉ်ရန်ဖုန်းဆိုင်များ

ဆက်သွယ်ရန်

FacebookYouTubeInstagramTikTok

© 2026 MyTech Myanmar. မူပိုင်ခွင့်အားလုံး ထိန်းသိမ်းထားသည်။

mytechmyanmar.com