MyTech Myanmar
  • သတင်း
  • ဗီဒီယိုများ
  • အမြန်နှုန်း
  • စမတ်ဖုန်းများ
ဝင်ရောက်ရန်သတိပေးချက်
AI ကြောင့် အလုပ်ပြုတ်မှာကို စိုးရိမ်နေပါသလား – Sam Altman ရဲ့ အဖြေကတော့ မဟုတ်ပါဘူးတဲ့
News
news၂၀၂၆ မေ ၃

AI ကြောင့် အလုပ်ပြုတ်မှာကို စိုးရိမ်နေပါသလား – Sam Altman ရဲ့ အဖြေကတော့ မဟုတ်ပါဘူးတဲ့

<p>OpenAI ရဲ့ အမှုဆောင်အရာရှိချုပ် Sam Altman က AI နည်းပညာကြောင့် လူတွေ အလုပ်လက်မဲ့ဖြစ်ကုန်မယ်ဆိုတဲ့</p>

OpenAI ရဲ့ အမှုဆောင်အရာရှိချုပ် Sam Altman က AI နည်းပညာကြောင့် လူတွေ အလုပ်လက်မဲ့ဖြစ်ကုန်မယ်ဆိုတဲ့ စိုးရိမ်မှုတွေဟာ ရေရှည်မှာ ကြည့်ရင် အလွန်အမင်း အဆိုးမြင်လွန်းရာ ရောက်တယ်လို့ ပြောလိုက်ပါတယ်။

OpenAI ရဲ့ ရည်မှန်းချက်ဟာ လူတွေရဲ့ လုပ်ဆောင်နိုင်စွမ်းကို ပိုမိုမြင့်မားလာအောင် ကူညီပေးမယ့် AI Tools တွေ ဖန်တီးဖို့သာ ဖြစ်ပြီး လူသားတွေရဲ့ နေရာမှာ အစားထိုးဖို့ မဟုတ်ဘူးလို့ သူက ဆိုပါတယ်။

ဒါပေမဲ့ လက်ရှိမှာတော့ အမေရိကန်အပါအဝင် လုပ်ငန်းကဏ္ဍ အတော်များများမှာ AI ကြောင့် အလုပ်ထုတ်မှုတွေ ရှိနေတာကြောင့် စိုးရိမ်မှုတွေက မြင့်တက်နေတာပါ။

ဥပမာအားဖြင့် Candy Crush ဂိမ်းထုတ်လုပ်တဲ့ King ကုမ္ပဏီမှာ AI က ဂိမ်းအဆင့်တွေကို ဖန်တီးပေးနိုင်လာတဲ့အတွက် ဝန်ထမ်းအချို့ကို အလုပ်ထုတ်ခဲ့တာတွေ ရှိခဲ့ပါတယ်။

ဒါ့အပြင် နောက်ထပ် ၆ လကနေ ၁၂ လအတွင်းမှာ AI က ကုဒ်တွေကို အကုန်ရေးနိုင်တော့မယ်လို့ တခြားနည်းပညာကျွမ်းကျင်သူတွေက ခန့်မှန်းနေကြတာဟာလည်း လူထုကြားထဲမှာ ထိတ်လန့်စရာ ဖြစ်နေပါတယ်။

OpenAI's Sam Altman Urges Congress to Regulate Powerful New AI Technology - Bloomberg

ဒီအပေါ်မှာ Sam Altman ကတော့ AI ဟာ အလုပ်အကိုင်ပုံစံတွေကို ပြောင်းလဲပစ်မှာ မှန်ပေမဲ့ လူသားတွေရဲ့ အခန်းကဏ္ဍကိုတော့ ပျောက်ကွယ်သွားအောင် လုပ်မှာမဟုတ်ဘူးလို့ ယုံကြည်နေပါတယ်။

အနာဂတ်မှာ လူတွေဟာ ပိုပြီး အဓိပ္ပာယ်ရှိတဲ့ အလုပ်တွေဆီ ကူးပြောင်းလုပ်ကိုင်လာရမှာဖြစ်ပြီး AI က ပင်ပန်းခက်ခဲတဲ့ အလုပ်တွေကို လျှော့ချပေးမှာ ဖြစ်တဲ့အတွက် လူသားတွေဟာ ပိုမိုလွတ်လပ်ပြီး စိတ်ကျေနပ်မှုရှိတဲ့ ဘဝတွေကို ပိုင်ဆိုင်လာနိုင်မယ်လို့ သူက အပြုသဘောနဲ့ သုံးသပ်ထားပါတယ်။

Ref: Gizmochina

ဆက်စပ်သတင်းများ

ဥရောပမှာ မျက်မမြင်တွေ စာပြန်ဖတ်နိုင်အောင် ကူညီပေးနိုင်မယ့် ထူးဆန်းတဲ့ မျက်စိစက်ပစ္စည်း ပေါ်ထွက်လာ

8/2/2026

အမေရိကန်မှာ AI ဒေတာစင်တာတွေကို ကာကွယ်ဖို့ ဒေါ်လာ ၃ သိန်းတန် စက်ရုပ်ခွေးများ စတင်တာဝန်ယူ

8/2/2026

Tesla ကို အလဲထိုးဖို့ ပြင်ဆင်လာတဲ့ BYD ရဲ့ ပထမဆုံး လူတူစက်ရုပ်တွေ သြဂုတ်လမှာ စတင် မြင်တွေ့ရမယ်

8/2/2026

  • ပင်မ
  • သတင်း
  • ဗီဒီယိုများ
  • စမတ်ဖုန်းများ
MyTech Myanmar

နည်းပညာ၊ ဖုန်း နှင့် Gadget သတင်းများ | Reviews & Updates

ဆောင်းပါးကဏ္ဍ

သတင်းဗီဒီယိုများ

ဈေးနှုန်းကဏ္ဍ

ဖုန်းအားလုံးဈေးနှုန်းကျဆင်းမှုအကောင်းဆုံးဈေးနှုန်းဖုန်းနှိုင်းယှဉ်ရန်ဖုန်းဆိုင်များ

ဆက်သွယ်ရန်

FacebookYouTubeInstagramTikTok

© 2026 MyTech Myanmar. မူပိုင်ခွင့်အားလုံး ထိန်းသိမ်းထားသည်။

mytechmyanmar.com