MyTech Myanmar
  • သတင်း
  • ဗီဒီယိုများ
  • အမြန်နှုန်း
  • စမတ်ဖုန်းများ
ဝင်ရောက်ရန်သတိပေးချက်
စမတ်မျက်မှန်သုံးပြီး အမျိုးသမီးတွေကို လျှို့ဝှက်ဗီဒီယိုရိုက်ကာ ငွေညှစ်မှုများဖြစ်ပွားနေ
News
news၂၀၂၆ မေ ၁၀

စမတ်မျက်မှန်သုံးပြီး အမျိုးသမီးတွေကို လျှို့ဝှက်ဗီဒီယိုရိုက်ကာ ငွေညှစ်မှုများဖြစ်ပွားနေ

<p>လန်ဒန်မြို့က ဈေးဝယ်စင်တာတစ်ခုမှာ လမ်းလျှောက်နေတဲ့ အမျိုးသမီးတစ်ယောက်ဟာ သူမမသိလိုက်ဘဲ စမတ်မျက်မှန်  နဲ့ လျှို့ဝှက်ဗီဒီယိုရိုက်ကူးတာကို ခံခဲ့ရပါတယ်။ အဲဒီအမျိုးသားဟာ</p>

လန်ဒန်မြို့က ဈေးဝယ်စင်တာတစ်ခုမှာ လမ်းလျှောက်နေတဲ့ အမျိုးသမီးတစ်ယောက်ဟာ သူမမသိလိုက်ဘဲ စမတ်မျက်မှန်  နဲ့ လျှို့ဝှက်ဗီဒီယိုရိုက်ကူးတာကို ခံခဲ့ရပါတယ်။

အဲဒီအမျိုးသားဟာ သူမနောက်ကို တကောက်ကောက်လိုက်ပြီး စကားပြောဆိုခဲ့တာကို လူမှုကွန်ရက်ပေါ်မှာ Dating Advice (ရည်းစားရနည်း လမ်းညွှန်) ဆိုတဲ့ ခေါင်းစဉ်နဲ့ တင်ခဲ့တာပါ။

ဗီဒီယိုကြည့်ရှုသူ ၄၀,၀၀၀ ကျော်သွားတဲ့အထိ သူမကိုယ်တိုင် မသိရှိခဲ့ဘဲ သူငယ်ချင်းဖြစ်သူက ဗီဒီယိုပို့ပေးမှသာ အံ့ဩတုန်လှုပ်ဖွယ် သိရှိခဲ့ရတာ ဖြစ်ပါတယ်။

What are smart glasses and who should use them?

ပိုပြီးဆိုးရွားတာကတော့ အဲဒီဗီဒီယိုကို ပြန်ဖြုတ်ပေးဖို့ တောင်းဆိုတဲ့အခါမှာ အဲဒီအမျိုးသားက အလကားမဖြုတ်ပေးဘဲ အခကြေးငွေပေးမှသာ ဖြုတ်ပေးမယ်လို့ တုံ့ပြန်ခဲ့တာပါ။

ဒါဟာ ပုဂ္ဂိုလ်ရေးလွတ်လပ်ခွင့်ကို ချိုးဖောက်ရုံတင်မကဘဲ နည်းပညာကို အသုံးချပြီး အမျိုးသမီးတွေအပေါ် ငွေညှစ်အမြတ်ထုတ်တဲ့ လုပ်ရပ်ဖြစ်တယ်လို့ ဝေဖန်ခံနေရပါတယ်။

အဲဒီအမျိုးသားကတော့ သူဟာ ရယ်စရာမောစရာ အနေနဲ့ပဲ ရိုက်ကူးတာလို့ ဆင်ခြေပေးခဲ့ပေမဲ့ TikTok ကတော့ သူ့ရဲ့အကောင့်ကို အနိုင်ကျင့်စော်ကားမှုဆိုင်ရာ စည်းမျဉ်းတွေနဲ့ ပိတ်ပင်လိုက်ပြီ ဖြစ်ပါတယ်။

Best Smart Glasses 2025 - Top Smart Glasses You NEED to See in 2025

အခုလို စမတ်မျက်မှန်တွေကို အသုံးချပြီး အန္တရာယ်ရှိတဲ့ အကြောင်းအရာတွေ ဖန်တီးနေတာဟာ ကြီးမားတဲ့ ခြိမ်းခြောက်မှုတစ်ခု ဖြစ်လာနေပါတယ်။

ဥပဒေပညာရှင်တွေကတော့ ဒါဟာ သာမန်ခြိမ်းခြောက်ငွေတောင်းတာထက် ပိုမိုနက်နဲတဲ့ နည်းပညာသုံး ရာဇဝတ်မှုဖြစ်တယ်လို့ သတ်မှတ်ထားကြပါတယ်။

အစိုးရအနေနဲ့လည်း ၂၀၂၅ ခုနှစ် အမျိုးသမီးများအပေါ် အကြမ်းဖက်မှု တိုက်ဖျက်ရေး မဟာဗျူဟာအရ နည်းပညာသုံး အလွဲသုံးစားလုပ်သူတွေကို ထိရောက်စွာ အရေးယူဖို့ ပြင်ဆင်နေပြီး အွန်လိုင်းပေါ်က ပုံရိပ်တွေကနေ တဆင့် ငွေရှာနေတဲ့ လမ်းကြောင်းတွေကို အမြစ်ပြတ်တားဆီးဖို့ ကြိုးပမ်းနေပါတယ်။

Ref: bbc

ဆက်စပ်သတင်းများ

ဥရောပမှာ မျက်မမြင်တွေ စာပြန်ဖတ်နိုင်အောင် ကူညီပေးနိုင်မယ့် ထူးဆန်းတဲ့ မျက်စိစက်ပစ္စည်း ပေါ်ထွက်လာ

8/2/2026

အမေရိကန်မှာ AI ဒေတာစင်တာတွေကို ကာကွယ်ဖို့ ဒေါ်လာ ၃ သိန်းတန် စက်ရုပ်ခွေးများ စတင်တာဝန်ယူ

8/2/2026

Tesla ကို အလဲထိုးဖို့ ပြင်ဆင်လာတဲ့ BYD ရဲ့ ပထမဆုံး လူတူစက်ရုပ်တွေ သြဂုတ်လမှာ စတင် မြင်တွေ့ရမယ်

8/2/2026

  • ပင်မ
  • သတင်း
  • ဗီဒီယိုများ
  • စမတ်ဖုန်းများ
MyTech Myanmar

နည်းပညာ၊ ဖုန်း နှင့် Gadget သတင်းများ | Reviews & Updates

ဆောင်းပါးကဏ္ဍ

သတင်းဗီဒီယိုများ

ဈေးနှုန်းကဏ္ဍ

ဖုန်းအားလုံးဈေးနှုန်းကျဆင်းမှုအကောင်းဆုံးဈေးနှုန်းဖုန်းနှိုင်းယှဉ်ရန်ဖုန်းဆိုင်များ

ဆက်သွယ်ရန်

FacebookYouTubeInstagramTikTok

© 2026 MyTech Myanmar. မူပိုင်ခွင့်အားလုံး ထိန်းသိမ်းထားသည်။

mytechmyanmar.com