MyTech Myanmar
  • သတင်း
  • ဗီဒီယိုများ
  • အမြန်နှုန်း
  • စမတ်ဖုန်းများ
ဝင်ရောက်ရန်သတိပေးချက်
Samsung လိုပဲ Flagship ဖုန်းတွေမှာ Privacy Display ထည့်မယ့် Xiaomi
News
news၂၀၂၆ ဩဂုတ် ၃၁

Samsung လိုပဲ Flagship ဖုန်းတွေမှာ Privacy Display ထည့်မယ့် Xiaomi

<p>Xiaomi ရဲ့ လာမယ့် flagship ဖုန်းတွေမှာ Samsung နဲ့ ဆင်တူတဲ့ “Smart privacy</p>

Xiaomi ရဲ့ လာမယ့် flagship ဖုန်းတွေမှာ Samsung နဲ့ ဆင်တူတဲ့ “Smart privacy display” ဆိုတဲ့ feature အသစ် ပါဝင်လာဖို့ ရှိနေပါတယ်။ အဲဒီ feature ဟာ hardware ပိုင်းကနေ အလုပ်လုပ်တာဖြစ်ပြီး ဘေးနားကလူတွေ ဖုန်းစခရင်ကို မြင်ရခက်သွားအောင် ကြည့်ရှုနိုင်တဲ့ ထောင့်ကျဉ်းသွားအောင် လုပ်ဆောင်ပေးမှာ ဖြစ်ပါတယ်။

Xiaomi HyperOS global ROM ကို စမ်းသပ်သူတစ်ဦးက အဲဒီ feature ကို တွေ့ရှိခဲ့တာ ဖြစ်ပါတယ်။ ဒါ့အပြင် သုံးစွဲသူတွေအနေနဲ့ ကိုယ်တိုင် သတ်မှတ်ထားတဲ့ app တွေကို ဖွင့်လိုက်တာနဲ့ privacy display အလိုအလျောက် အလုပ်လုပ်စေမယ့် “App privacy display” ဆိုတဲ့ feature လည်း ပါဝင်လာမှာ ဖြစ်ပါတယ်။

Xiaomi's Smart Privacy Display Leaks, and It Looks Smarter Than Expected

ဒါ့အပြင် app တွေကို အုပ်စုဖွဲ့ပြီး အဲဒီ app တွေအားလုံးအတွက် privacy display ကို တစ်ပြိုင်နက်တည်း အဖွင့်အပိတ် လုပ်နိုင်မယ့် feature ကိုလည်း Xiaomi က စမ်းသပ်နေပါတယ်။ လောလောဆယ်မှာတော့ App privacy display နဲ့ app အုပ်စုဖွဲ့တဲ့ feature တွေကို HyperOS China ROM တွေမှာပဲ ရနိုင်သေးပြီး လာမယ့်လမှာ ထွက်ရှိမယ့် Xiaomi 18 Series နဲ့အတူ ပါဝင်လာနိုင်ချေရှိတယ်လို့ ခန့်မှန်းရပါတယ်။

Ref : yugatech

ဆက်စပ်သတင်းများ

AI က လူသားမျိုးနွယ်တစ်ခုလုံးကို ဘယ်လို သတ်နိုင်သလဲ?

9/23/2026

တရုတ် စက်ရုပ်အကအဖွဲ့ America's Got Talent ဗိုလ်လုပွဲကို တက်လှမ်း

9/23/2026

AI စည်းမျဉ်းသစ်တွေကို ပိတ်ပင်ဖို့ နည်းပညာအကျော်အမော်တွေဖြစ်တဲ့ Musk နဲ့ Zuckerberg တို့ Trump နဲ့ သွားရောက်တွေ့ဆုံ

9/23/2026

  • ပင်မ
  • သတင်း
  • ဗီဒီယိုများ
  • စမတ်ဖုန်းများ
MyTech Myanmar

နည်းပညာ၊ ဖုန်း နှင့် Gadget သတင်းများ | Reviews & Updates

ဆောင်းပါးကဏ္ဍ

သတင်းဗီဒီယိုများ

ဈေးနှုန်းကဏ္ဍ

ဖုန်းအားလုံးဈေးနှုန်းကျဆင်းမှုအကောင်းဆုံးဈေးနှုန်းဖုန်းနှိုင်းယှဉ်ရန်ဖုန်းဆိုင်များ

ဆက်သွယ်ရန်

FacebookYouTubeInstagramTikTok

© 2026 MyTech Myanmar. မူပိုင်ခွင့်အားလုံး ထိန်းသိမ်းထားသည်။

mytechmyanmar.com