MyTech Myanmar
  • သတင်း
  • ဗီဒီယိုများ
  • အမြန်နှုန်း
  • စမတ်ဖုန်းများ
ဝင်ရောက်ရန်သတိပေးချက်
Xiaomi စမတ်ဖုန်းမိတ်ဆက်ပွဲမှာ လူတူစက်ရုပ်က 17T Pro ကို ကိုင်ပြီး ဓာတ်ပုံရိုက်ပြသ
News
news၂၀၂၆ ဇွန် ၁၁

Xiaomi စမတ်ဖုန်းမိတ်ဆက်ပွဲမှာ လူတူစက်ရုပ်က 17T Pro ကို ကိုင်ပြီး ဓာတ်ပုံရိုက်ပြသ

<p>Xiaomi ရဲ့ နောက်ဆုံးပေါ်  Xiaomi 17T နဲ့ 17T Pro စမတ်ဖုန်း မိတ်ဆက်ပွဲမှာ</p>

Xiaomi ရဲ့ နောက်ဆုံးပေါ်  Xiaomi 17T နဲ့ 17T Pro စမတ်ဖုန်း မိတ်ဆက်ပွဲမှာ ထူးထူးခြားခြား ဖြစ်ရပ်တစ်ခုအနေနဲ့ ကုမ္ပဏီရဲ့ မျိုးဆက်သစ် လူတူစက်ရုပ် (Humanoid Robot) ကို စင်ပေါ်တင်ပြီး စွမ်းဆောင်ရည် ပြသသွားခဲ့ပါတယ်။

အဲဒီလူတူစက်ရုပ်ဟာ သူ့ရဲ့ ဇီဝလက်ချောင်းတွေ (Bionic Hand) ကို သုံးပြီး စင်ပေါ်က Xiaomi 17T Pro ဖုန်းကို ကောက်ကိုင်ကာ အသံချဲ့ခလုတ်ကနေတစ်ဆင့် Zoom ဆွဲပြီး ပရိသတ်တွေကို ဓာတ်ပုံရိုက်ပြသွားခဲ့တာ ဖြစ်ပါတယ်။

ဒါဟာ အချိန်တိုအတွင်း သရုပ်ပြသမှု ဖြစ်ပေမယ့်လည်း Xiaomi ရဲ့ ရိုဘော့တစ်နည်းပညာဟာ လက်ရှိမှာ စက်ပစ္စည်းတွေကို လူသားတစ်ဦးလိုပဲ ကျွမ်းကျင်ပိုင်နိုင်စွာ ကိုင်တွယ်ထိန်းချုပ်နိုင်တဲ့ အဆင့်ကို ရောက်နေပြီဆိုတာကို သက်သေပြလိုက်တာ ဖြစ်ပါတယ်။

Xiaomi humanoid robot 2026

Xiaomi ဥက္ကဋ္ဌ Lei Jun က လာမယ့် ၅ နှစ်အတွင်းမှာ သူတို့ရဲ့ စက်ရုံတွေထဲ လူတူစက်ရုပ်တွေကို အများအပြား အစားထိုး နေရာချသွားဖို့ ရည်မှန်းထားပြီး အနောက်ပိုင်းမှာလည်း အလုပ်တွေကို တစိုက်မတ်မတ် လုပ်ဆောင်နေပါတယ်။

အခုနှစ်ဆန်းပိုင်းမှာတင် ကားစက်ရုံတစ်ခုရဲ့ ဝက်အူရိုက်စတေရှင်မှာ အဲဒီစက်ရုပ်တွေကို ၃ နာရီကြာ ဆက်တိုက် အဆိုင်းလိုက် အလုပ်လုပ်ခိုင်းခဲ့ရာ လုပ်ငန်းခွင်ရဲ့ သတ်မှတ်အချိန်အတိုင်း ကပ်လိုက်နိုင်ပြီး အောင်မြင်မှုနှုန်း ၉၀.၂ ရာခိုင်နှုန်းအထိ ရှိခဲ့တယ်လို့ အတည်ပြုထားပါတယ်။

Xiaomi Humanoid robot with Xiaomi 17T Pro

အခုလို စွမ်းဆောင်ရည် တက်လာတာဟာ စက်ရုပ်ရဲ့ ဟာ့ဒ်ဝဲပိုင်းကို အကြီးအကျယ် မွမ်းမံထားလို့ ဖြစ်ပါတယ်။ စက်ရုပ်ရဲ့ လက်ဖဝါးအရွယ်အစားကို ၆၀ ရာခိုင်နှုန်းအထိ သေးငယ်အောင် လုပ်ထားတာကြောင့် လူသားတစ်ယောက်ရဲ့ လက်အရွယ်အစားအတိုင်း ဖြစ်သွားပြီး လှုပ်ရှားနိုင်စွမ်း ဒီဂရီကိုလည်း ၆၄ ရာခိုင်နှုန်းအထိ မြှင့်တင်ထားပါတယ်။

ဒါ့အပြင် လက်ဖဝါးအပြည့် အာရုံခံစနစ်၊ အကြိမ်ရေ ၁ သိန်းခွဲကျော် ဆုပ်ကိုင်နိုင်စွမ်းနဲ့ ရေရှည်အလုပ်လုပ်ရင် အပူဒဏ်ခံနိုင်ဖို့ ဇီဝချွေးဂလင်းစနစ် (Bionic Sweat Gland) ကိုပါ ထည့်သွင်းပေးထားပါတယ်။

ဥက္ကဋ္ဌ Lei Jun ကတော့ Xiaomi ရိုဘော့တစ်အဖွဲ့ဟာ နိုင်ငံတကာပြိုင်ပွဲတွေမှာ ပထမဆုတွေ သိမ်းပိုက်ထားနိုင်ပြီး သူတို့ရဲ့ အဓိက ရည်မှန်းချက်က စမ်းသပ်ခန်းထဲမှာတင် မဟုတ်ဘဲ တကယ့်လက်တွေ့ ကမ္ဘာထဲမှာ အလုပ်လုပ်ပေးနိုင်မယ့် လူတူစက်ရုပ်တွေ ဖြစ်လာစေဖို့လို့ ပြောထားပါတယ်။

Ref: Gizmochina

ဆက်စပ်သတင်းများ

ဥရောပမှာ မျက်မမြင်တွေ စာပြန်ဖတ်နိုင်အောင် ကူညီပေးနိုင်မယ့် ထူးဆန်းတဲ့ မျက်စိစက်ပစ္စည်း ပေါ်ထွက်လာ

8/2/2026

အမေရိကန်မှာ AI ဒေတာစင်တာတွေကို ကာကွယ်ဖို့ ဒေါ်လာ ၃ သိန်းတန် စက်ရုပ်ခွေးများ စတင်တာဝန်ယူ

8/2/2026

Tesla ကို အလဲထိုးဖို့ ပြင်ဆင်လာတဲ့ BYD ရဲ့ ပထမဆုံး လူတူစက်ရုပ်တွေ သြဂုတ်လမှာ စတင် မြင်တွေ့ရမယ်

8/2/2026

  • ပင်မ
  • သတင်း
  • ဗီဒီယိုများ
  • စမတ်ဖုန်းများ
MyTech Myanmar

နည်းပညာ၊ ဖုန်း နှင့် Gadget သတင်းများ | Reviews & Updates

ဆောင်းပါးကဏ္ဍ

သတင်းဗီဒီယိုများ

ဈေးနှုန်းကဏ္ဍ

ဖုန်းအားလုံးဈေးနှုန်းကျဆင်းမှုအကောင်းဆုံးဈေးနှုန်းဖုန်းနှိုင်းယှဉ်ရန်ဖုန်းဆိုင်များ

ဆက်သွယ်ရန်

FacebookYouTubeInstagramTikTok

© 2026 MyTech Myanmar. မူပိုင်ခွင့်အားလုံး ထိန်းသိမ်းထားသည်။

mytechmyanmar.com