MyTech Myanmar
  • သတင်း
  • ဗီဒီယိုများ
  • အမြန်နှုန်း
  • စမတ်ဖုန်းများ
ဝင်ရောက်ရန်သတိပေးချက်
မင်းသား ကင်ဆူဟျွန်း ကို AI သုံးပြီး သိက္ခာချခဲ့တယ်ဆိုတဲ့ စွဲချက်နဲ့ ယူကျုဘာ ကင်ဆဲအီ ကို တောင်ကိုရီးယားရဲတပ်ဖွဲ့ ဖမ်းဆီး
News
news၂၀၂၆ မေ ၃၀

မင်းသား ကင်ဆူဟျွန်း ကို AI သုံးပြီး သိက္ခာချခဲ့တယ်ဆိုတဲ့ စွဲချက်နဲ့ ယူကျုဘာ ကင်ဆဲအီ ကို တောင်ကိုရီးယားရဲတပ်ဖွဲ့ ဖမ်းဆီး

<p>တောင်ကိုရီးယား ထိပ်တန်းမင်းသား ကင်ဆူဟျွန်း (Kim Soo-hyun) အပေါ် မဟုတ်မမှန် စွပ်စွဲချက်တွေလုပ်ပြီး အနုပညာလမ်းကြောင်း ရပ်တန့်သွားအောင်</p>

တောင်ကိုရီးယား ထိပ်တန်းမင်းသား ကင်ဆူဟျွန်း (Kim Soo-hyun) အပေါ် မဟုတ်မမှန် စွပ်စွဲချက်တွေလုပ်ပြီး အနုပညာလမ်းကြောင်း ရပ်တန့်သွားအောင် လုပ်ခဲ့တယ်ဆိုတဲ့ စွဲချက်နဲ့ “Hover Lab” ယူကျုချန်နယ်ပိုင်ရှင် ကင်ဆဲအီ (Kim Se-ui) ကို တောင်ကိုရီးယားအာဏာပိုင်တွေက ဖမ်းဆီးလိုက်ပါတယ်။

အဲဒီယူကျုဘာဟာ မင်းသား ကင်ဆူဟျွန်းက ကွယ်လွန်သူ မင်းသမီး ကင်ဆဲရွန် (Kim Sae-ron) မိုင်နာ (အရွယ်မရောက်သေးသူ) ဖြစ်စဉ်ကတည်းက တွဲခဲ့တာပါဆိုပြီး အသံဖိုင်တွေ၊ မက်ဆေ့ခ်ျ Screenshot တွေကို AI နည်းပညာသုံးပြီး လုပ်ကြံဖန်တီးကာ အများပြည်သူ အထင်အမြင်လွဲအောင် ဝါဒဖြန့်ခဲ့တယ်လို့  ထုတ်ပြန်ခဲ့ပါတယ်။

ဆိုးလ်ဗဟိုခရိုင်တရားရုံးကတော့ အဲဒီယူကျုဘာဟာ သက်သေတွေကို ဖျက်ဆီးတာ ဒါမှမဟုတ် ထွက်ပြေးတာမျိုး လုပ်မှာစိုးလို့ အင်္ဂါနေ့မှာ ဖမ်းဝရမ်းထုတ်ပေးခဲ့တာ ဖြစ်ပါတယ်။

Kim Soo-hyun emotionally denies dating Kim Sae-ron when she was a minor

အဲဒီစွပ်စွဲချက်တွေကြောင့် မင်းသား ကင်ဆူဟျွန်ဟာ လူမှုပတ်ဝန်းကျင်မှာရော စီးပွားရေးလုပ်ငန်းတွေမှာပါ အကြီးအကျယ် ထိခိုက်ခဲ့ရပြီး အခုထက်ထိ စိတ်ကျန်းမာရေးကုသမှု ခံယူနေရတုန်းပဲလို့ ရဲတပ်ဖွဲ့ရဲ့ မှတ်တမ်းတွေမှာ ဖော်ပြထားပါတယ်။

မင်းသားဟာ ၂၀၂၅ ခုနှစ် မတ်လတုန်းက မျက်ရည်စက်လက်နဲ့ သတင်းစာရှင်းလင်းပွဲလုပ်ပြီး အဲဒီမင်းသမီးနဲ့ တွဲခဲ့တာမှန်ပေမယ့် အရွယ်ရောက်ပြီးမှ တွဲခဲ့တာဖြစ်ကြောင်းနဲ့ မဟုတ်မမှန် စွပ်စွဲချက်တွေကို တရားဥပဒေအတိုင်း သက်သေပြသွားမယ့်အကြောင်း ပြောကြားခဲ့ပြီး အဲဒီယူကျုဘာကို တရားစွဲဆိုခဲ့တာ ဖြစ်ပါတယ်။

Kim Sae-Ron, South Korean Actress, Dead at Age 24

အခုလို ဖမ်းဆီးလိုက်ပြီးတဲ့နောက် မင်းသား ကင်ဆူဟျွန်ရဲ့ အေဂျင်စီကနေ ဗုဒ္ဓဟူးနေ့မှာ ထုတ်ပြန်ချက်တစ်ခု ထုတ်ပြန်ခဲ့ပြီး “အမှန်တရားကို သက်သေပြနိုင်ခဲ့ပြီ” လို့ ပြောဆိုလိုက်ပါတယ်။

Hover Lab ရဲ့ စွပ်စွဲချက်တွေအားလုံးဟာ အခြေအမြစ်မရှိကြောင်း စုံစမ်းစစ်ဆေးမှုမှာ ပေါ်ပေါက်ခဲ့ပြီး မင်းသား ကင်ဆူဟျွန်အနေနဲ့ ပြီးခဲ့တဲ့ တစ်နှစ်ပတ်လုံးမှာ သူ့ကိုယ်သူ အပြစ်မရှိကြောင်း သက်သေပြမယ်ဆိုတဲ့ ကတိအတိုင်း ကြိုးစားခဲ့တာဖြစ်တယ်လို့ ထည့်သွင်းပြောကြားရင်း အနားမှာ ရပ်တည်ပေးခဲ့ကြတဲ့ ပရိသတ်တွေကို ကျေးဇူးတင်စကား ပြောထားပါတယ်။

အဖမ်းခံရတဲ့ ယူကျုဘာ ကင်ဆဲအီကတော့ သူ့အပေါ် စွပ်စွဲချက်တွေကို ငြင်းဆိုထားပြီး ရဲနဲ့ အစိုးရရှေ့နေတွေကို ပြန်လည်တိုင်ကြားသွားမယ်လို့ ပြောပါတယ်။

Ref: BBC

ဆက်စပ်သတင်းများ

ဥရောပမှာ မျက်မမြင်တွေ စာပြန်ဖတ်နိုင်အောင် ကူညီပေးနိုင်မယ့် ထူးဆန်းတဲ့ မျက်စိစက်ပစ္စည်း ပေါ်ထွက်လာ

8/2/2026

အမေရိကန်မှာ AI ဒေတာစင်တာတွေကို ကာကွယ်ဖို့ ဒေါ်လာ ၃ သိန်းတန် စက်ရုပ်ခွေးများ စတင်တာဝန်ယူ

8/2/2026

Tesla ကို အလဲထိုးဖို့ ပြင်ဆင်လာတဲ့ BYD ရဲ့ ပထမဆုံး လူတူစက်ရုပ်တွေ သြဂုတ်လမှာ စတင် မြင်တွေ့ရမယ်

8/2/2026

  • ပင်မ
  • သတင်း
  • ဗီဒီယိုများ
  • စမတ်ဖုန်းများ
MyTech Myanmar

နည်းပညာ၊ ဖုန်း နှင့် Gadget သတင်းများ | Reviews & Updates

ဆောင်းပါးကဏ္ဍ

သတင်းဗီဒီယိုများ

ဈေးနှုန်းကဏ္ဍ

ဖုန်းအားလုံးဈေးနှုန်းကျဆင်းမှုအကောင်းဆုံးဈေးနှုန်းဖုန်းနှိုင်းယှဉ်ရန်ဖုန်းဆိုင်များ

ဆက်သွယ်ရန်

FacebookYouTubeInstagramTikTok

© 2026 MyTech Myanmar. မူပိုင်ခွင့်အားလုံး ထိန်းသိမ်းထားသည်။

mytechmyanmar.com