MyTech Myanmar
  • သတင်း
  • ဗီဒီယိုများ
  • အမြန်နှုန်း
  • စမတ်ဖုန်းများ
ဝင်ရောက်ရန်သတိပေးချက်
YouTube App မှာ တိုက်ရိုက်မက်ဆေ့ခ်ျပို့နိုင်တဲ့စနစ်ကို အမေရိကန်အပါအဝင် နိုင်ငံအများအပြားမှာ တိုးချဲ့ပေးလိုက်ပြီ
News
news၂၀၂၆ ဇွန် ၁၃

YouTube App မှာ တိုက်ရိုက်မက်ဆေ့ခ်ျပို့နိုင်တဲ့စနစ်ကို အမေရိကန်အပါအဝင် နိုင်ငံအများအပြားမှာ တိုးချဲ့ပေးလိုက်ပြီ

<p>ပြီးခဲ့တဲ့ နိုဝင်ဘာလမှာ YouTube ဟာ သူ့ရဲ့မိုဘိုင်းလ် App အတွင်းမှာပဲ တခြားသူတွေနဲ့ စကားပြောဆိုနိုင်မယ့် လုပ်ဆောင်ချက်တစ်ခုကို</p>

ပြီးခဲ့တဲ့ နိုဝင်ဘာလမှာ YouTube ဟာ သူ့ရဲ့မိုဘိုင်းလ် App အတွင်းမှာပဲ တခြားသူတွေနဲ့ စကားပြောဆိုနိုင်မယ့် လုပ်ဆောင်ချက်တစ်ခုကို စမ်းသပ်လုပ်ဆောင်ခဲ့ပါတယ်၊၊ ဒါပေမဲ့ အဲဒီတုန်းက အိုင်ယာလန်နဲ့ ပိုလန်နိုင်ငံတွေမှာပဲ ရနိုင်ခဲ့တာပါ၊၊ အဲဒီလုပ်ဆောင်ချက်ကို မတ်လမှာ ဥရောပနိုင်ငံအချို့ဆီ တိုးချဲ့ပေးခဲ့ပြီး အခုအခါမှာတော့ အမေရိကန်၊ ဗြိတိန်၊ ဘရာဇီးနဲ့ စင်ကာပူနိုင်ငံတွေအပါအဝင် နိုင်ငံတကာ ဈေးကွက်တွေဆီ ပိုမိုတိုးချဲ့ပေးနေပြီဖြစ်ပါတယ်၊၊

YouTube's direct messaging feature expands to more countries, including the US

App အတွင်း မက်ဆေ့ခ်ျပို့နိုင်ရုံတင်မကဘဲ ဒီလုပ်ဆောင်ချက်ကနေတစ်ဆင့် ဗီဒီယိုတွေ (ပုံမှန်ဗီဒီယိုအရှည်တွေ၊ Shorts တွေနဲ့ Live လွှင့်ချက်တွေ) ကိုပါ မျှဝေနိုင်မှာဖြစ်ပါတယ်၊၊ App အတွင်း ဗီဒီယိုမျှဝေတာနဲ့ မက်ဆေ့ခ်ျပို့တာတွေကို သုံးနိုင်ဖို့အတွက် အသက် ၁၈ နှစ် ပြည့်ပြီးသူဖြစ်ရမှာဖြစ်ပြီး YouTube ချန်နယ်ထဲကို Sign in ဝင်ထားရမယ့်အပြင် မိမိတို့ဖုန်းမှာ နောက်ဆုံးထွက် YouTube App ကို ထည့်သွင်းထားရမှာဖြစ်ပါတယ်၊၊ ဒီစနစ်ကို အန်းဒရွိုက်ဖုန်းတွေအပြင် အိုင်ဖုန်းနဲ့ အိုင်ပက်တွေမှာပါ အသုံးပြုနိုင်မှာဖြစ်ပါတယ်၊၊

YouTube's DMs feature now available in more countries

ဒီမက်ဆေ့ခ်ျပို့စနစ်မှာ ပို့လိုက်တဲ့စာကို ဖိနှိပ်ထားပြီး “Unsend” ကို နှိပ်တာနဲ့ ပြန်ဖျက်နိုင်တဲ့ လုပ်ဆောင်ချက်လည်း ပါဝင်ပါတယ်၊၊ ဒါ့အပြင် ပြောဆိုထားတဲ့စာတွေကို (မိမိဘက်ကနေပဲဖြစ်ဖြစ်) ဖျက်ပစ်နိုင်သလို အဲဒီလူကို Block တာမျိုးလည်း လုပ်လို့ရပါတယ်၊၊

Ref : gsmarena

ဆက်စပ်သတင်းများ

ဥရောပမှာ မျက်မမြင်တွေ စာပြန်ဖတ်နိုင်အောင် ကူညီပေးနိုင်မယ့် ထူးဆန်းတဲ့ မျက်စိစက်ပစ္စည်း ပေါ်ထွက်လာ

8/2/2026

အမေရိကန်မှာ AI ဒေတာစင်တာတွေကို ကာကွယ်ဖို့ ဒေါ်လာ ၃ သိန်းတန် စက်ရုပ်ခွေးများ စတင်တာဝန်ယူ

8/2/2026

Tesla ကို အလဲထိုးဖို့ ပြင်ဆင်လာတဲ့ BYD ရဲ့ ပထမဆုံး လူတူစက်ရုပ်တွေ သြဂုတ်လမှာ စတင် မြင်တွေ့ရမယ်

8/2/2026

  • ပင်မ
  • သတင်း
  • ဗီဒီယိုများ
  • စမတ်ဖုန်းများ
MyTech Myanmar

နည်းပညာ၊ ဖုန်း နှင့် Gadget သတင်းများ | Reviews & Updates

ဆောင်းပါးကဏ္ဍ

သတင်းဗီဒီယိုများ

ဈေးနှုန်းကဏ္ဍ

ဖုန်းအားလုံးဈေးနှုန်းကျဆင်းမှုအကောင်းဆုံးဈေးနှုန်းဖုန်းနှိုင်းယှဉ်ရန်ဖုန်းဆိုင်များ

ဆက်သွယ်ရန်

FacebookYouTubeInstagramTikTok

© 2026 MyTech Myanmar. မူပိုင်ခွင့်အားလုံး ထိန်းသိမ်းထားသည်။

mytechmyanmar.com