ကလေးသူငယ် လိင်ပိုင်းဆိုင်ရာ ပို့စ်ကို Facebook မှာ ဖော်ပြမိလို့ အိန္ဒိယအစိုးရကို Meta CEO မတ်ဇူကာဘတ် တောင်းပန်
<p>Meta ကုမ္ပဏီရဲ့ CEO မတ်ဇူကာဘတ်က Facebook နဲ့ Instagram လို ပလက်ဖောင်းတွေပေါ်မှာ ကလေးသူငယ်</p>
Meta ကုမ္ပဏီရဲ့ CEO မတ်ဇူကာဘတ်က Facebook နဲ့ Instagram လို ပလက်ဖောင်းတွေပေါ်မှာ ကလေးသူငယ် လိင်ပိုင်းဆိုင်ရာ အလွဲသုံးစားလုပ်မှု အကြောင်းအရာတွေနဲ့ deepfake ကိစ္စတွေ ပါဝင်နေတဲ့အတွက် အိန္ဒိယအစိုးရကို တောင်းပန်လိုက်ပါတယ်။ ပြီးခဲ့တဲ့ အင်္ဂါနေ့က Meta အကြီးအကဲတွေနဲ့ အိန္ဒိယအစိုးရ တာဝန်ရှိသူတွေ တွေ့ဆုံတဲ့ အစည်းအဝေးမှာ တောင်းပန်ခဲ့တာ ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ ဇူလိုင်လက အိန္ဒိယအစိုးရက Instagram ပေါ်က ကလေးသူငယ် လိင်ပိုင်းဆိုင်ရာ အလွဲသုံးစားလုပ်မှုကို အားပေးအားမြှောက်လုပ်တဲ့ ကြော်ငြာတွေနဲ့ အကြောင်းအရာတွေကို ဖယ်ရှားဖို့ Meta ကို အမိန့်ပေးခဲ့ပါတယ်။ ဒါ့အပြင် အဲဒီလို အကြောင်းအရာတွေကို သူတို့ရဲ့ ပလက်ဖောင်းပေါ်မှာ ဘယ်လိုကြောင့် ခွင့်ပြုထားသလဲဆိုတာကို ခုနစ်ရက်အတွင်း ရှင်းလင်းချက်ပေးဖို့လည်း အစိုးရက တောင်းဆိုခဲ့ပါတယ်။

တခြားဖြစ်ရပ်တစ်ခုမှာတော့ ဝန်ကြီးချုပ် နရင်ဒရာမိုဒီရဲ့ ပို့စ်တစ်ခုကို မှားယွင်းပြီး ကန့်သတ်မိခဲ့တဲ့အတွက် Meta ရဲ့ ကမ္ဘာလုံးဆိုင်ရာရေးရာ အကြီးအကဲက အိန္ဒိယ နည်းပညာဝန်ကြီးကို တောင်းပန်ခဲ့ပါတယ်။ အိန္ဒိယနိုင်ငံမှာ မကြာသေးမီက ဒစ်ဂျစ်တယ် အကြောင်းအရာဆိုင်ရာ စည်းမျဉ်းတွေကို ပိုမိုတင်းကျပ်ထားပြီး တရားမဝင်တဲ့ အကြောင်းအရာတွေကို ဖယ်ရှားရမယ့်အချိန်ကို ၃၆ နာရီကနေ သုံးနာရီအတွင်း ဖယ်ရှားဖို့ လျှော့ချသတ်မှတ်ထားသလို မလိုက်နာရင် တရားဥပဒေအရ အကာအကွယ်ပေးမှုတွေကို ရုပ်သိမ်းခံရမှာ ဖြစ်ပါတယ်။
Ref : South China Morning Post




