AI နဲ့ နေ့စဉ်ပြဿနာတွေကို ဖြေရှင်းပြီး ကြည့်ရှုသူ သန်း ၂၀ ရဲ့ အားပေးမှုရထားတဲ့ ၁၃ နှစ်အရွယ် တရုတ်ကျောင်းသား
<p>တရုတ်နိုင်ငံအရှေ့ပိုင်း ဇေကျန်းပြည်နယ်၊ ဟန်းကျှိုးမြို့က အရပ် ၁ ဒသမ ၉ မီတာ (၆ ပေ</p>
တရုတ်နိုင်ငံအရှေ့ပိုင်း ဇေကျန်းပြည်နယ်၊ ဟန်းကျှိုးမြို့က အရပ် ၁ ဒသမ ၉ မီတာ (၆ ပေ ၃ လက်မ) မြင့်တဲ့ အသက် ၁၃ နှစ်အရွယ် အလယ်တန်းကျောင်းသား Yang Xizhe ရဲ့ AI နည်းပညာအသုံးပြုပုံတွေဟာ အွန်လိုင်းပေါ်မှာ ရေပန်းစားနေပါတယ်။ နည်းပညာလုပ်ငန်းတွေ ထွန်းကားတဲ့ အဓိက မြို့ကြီးမှာ ကြီးပြင်းလာတာကြောင့် မိမိကိုယ်ကို “AI native” လို့ တင်စားထားပြီး AI ဟာ သူတို့မျိုးဆက်အတွက် လေနဲ့ ရေလိုပဲ မရှိမဖြစ် အရေးပါလာပြီလို့ သူက ယူဆထားပါတယ်။

ပြီးခဲ့တဲ့နှစ် ဖေဖော်ဝါရီလတုန်းက အင်္ဂလိပ်စာ ဝေါဟာရတွေကို AI အသုံးပြုပြီး ကျက်မှတ်တဲ့ နည်းလမ်း ဗီဒီယိုကို ရိုက်ကူးမျှဝေခဲ့ရာမှာ ကြည့်ရှုသူ သန်း ၂၀ ထိ ရှိခဲ့ပါတယ်။ သူဟာ ကျက်ရမယ့် ဝေါဟာရစာရင်း ဓာတ်ပုံကို Doubao Chatbot ထံ တင်ပြပြီး စိတ်ဝင်စားစရာ ပုံပြင်တွေနဲ့ လေ့ကျင့်ခန်းတွေ ဖန်တီးခိုင်းတဲ့ နည်းလမ်းကို သုံးခဲ့တာပါ။ ဒီနည်းလမ်းဟာ မိဘတွေနဲ့ ဆရာ/မတွေကြားမှာတင် မဟုတ်ဘဲ ကျောင်းသားတွေရဲ့ လေ့လာလိုစိတ်ကိုပါ အကြီးအကျယ် လှုံ့ဆော်ပေးနိုင်ခဲ့ပါတယ်။

လက်ရှိမှာတော့ သူဟာ အွန်လိုင်းကနေ လေ့လာရုံတင် မဟုတ်တော့ဘဲ ပရိုဂရမ်မင်း ပြိုင်ပွဲတွေ (Hackathons) မှာ အသင်းဖွဲ့ပါဝင်ပြီး နည်းပညာဆိုင်ရာ ပရောဂျက်တွေကို လက်တွေ့ဖန်တီးနေပါတယ်။ အနာဂတ်မှာ ပရိုဂရမ်မာ သို့မဟုတ် AI သုတေသနပညာရှင် တစ်ယောက်ဖြစ်လာဖို့ ရည်မှန်းထားပြီး ကမ္ဘာပေါ်မှာ သူ့ရဲ့ လက်ရာတစ်ခု ကျန်ရစ်ခဲ့အောင် ကြိုးစားသွားမယ်လို့ ဆိုပါတယ်။
Ref : South China Morning Post




