iPhone 18 Pro Max ဘက်ထရီပမာဏ နည်းနေရတဲ့ လျှို့ဝှက်ချက်
<p>သစ်လွင်တောက်ပြောင်တဲ့ iPhone 18 Pro Max ကို ဘူးဖွင့်လိုက်ချိန်မှာ ကြော်ငြာထားတာထက် ဘက်ထရီပမာဏ နည်းနေတာကို</p>
သစ်လွင်တောက်ပြောင်တဲ့ iPhone 18 Pro Max ကို ဘူးဖွင့်လိုက်ချိန်မှာ ကြော်ငြာထားတာထက် ဘက်ထရီပမာဏ နည်းနေတာကို သတိပြုမိရင်တော့ မအံ့ဩပါနဲ့နဲ့။ အမေရိကန်ရဲ့ သယ်ယူပို့ဆောင်ရေး ဥပဒေအရ 20 Wh ထက်ကျော်တဲ့ လီသီယမ်အိုင်ယွန်း ဘက်ထရီတွေကို “အန္တရာယ်ရှိ ပစ္စည်း” အဖြစ် သတ်မှတ်ထားတာမို့ Apple အနေနဲ့ စက်ရုံကနေ ပို့ဆောင်စဉ်မှာ ဘက်ထရီပမာဏကို စည်းမျဉ်းနဲ့အညီ လျှော့ချထားရတာ ဖြစ်ပါတယ်။

ဒါပေမဲ့ စိတ်ပူစရာမလိုပါဘူး၊ ဒီပြဿနာကို ဖြေရှင်းဖို့ Apple က “Prepare to Ship” ဆိုတဲ့ ဖန်းဝဲစနစ်သစ်ကို ပါးနပ်စွာ ထည့်သွင်းပေးထားပါတယ်။ သယ်ယူပို့ဆောင်နေချိန်မှာ ဘက်ထရီကို 20 Wh အောက် လျှော့ပေးထားပြီး သုံးစွဲသူဆီ ရောက်လို့ ဖုန်းကို စတင် ပါဝါဖွင့်လိုက်တာနဲ့ မူလကြော်ငြာထားတဲ့ ဘက်ထရီပမာဏ အပြည့်အတိုင်း အလိုအလျောက် ပြန်လည်ပြောင်းလဲပေးသွားမှာ ဖြစ်ပါတယ်။

အကယ်၍ မိမိရဲ့ဖုန်းကို ပြန်ပြင်ဖို့၊ အလဲအထပ်လုပ်ဖို့ ဒါမှမဟုတ် ချစ်ခင်ရသူတွေဆီ စာတိုက်ကနေတစ်ဆင့် ပို့ဆောင်တော့မယ်ဆိုရင်လည်း ဒီဥပဒေနဲ့ ငြိစွန်းမှုမရှိအောင် Settings ထဲက Transfer or Reset iPhone စနစ်သို့သွားပြီး Prepare to Ship ကို ကိုယ်တိုင် ဖွင့်ပေးရမှာဖြစ်ပါတယ်။ အဲဒီလို လုပ်ဆောင်နေစဉ်မှာ အားသွင်းကြိုး ဖြုတ်ထားရင် လုပ်ဆောင်ချက် ပိုမိုမြန်ဆန်မယ်လို့လည်း သိရပါတယ်။
Ref : uniladtech




