MyTech Myanmar
  • သတင်း
  • ဗီဒီယိုများ
  • အမြန်နှုန်း
  • စမတ်ဖုန်းများ
ဝင်ရောက်ရန်သတိပေးချက်
Meta က ထိုင်းပေါ့ပ်ကြယ်ပွင့် Lisa ရဲ့ အထူးထုတ် စမတ်မျက်မှန်တွေကို မိတ်ဆက်
News
news၂၀၂၆ စက်တင်ဘာ ၂၅

Meta က ထိုင်းပေါ့ပ်ကြယ်ပွင့် Lisa ရဲ့ အထူးထုတ် စမတ်မျက်မှန်တွေကို မိတ်ဆက်

<p>နည်းပညာကုမ္ပဏီ Meta (မတ်တာ)က  Meta Glasses by LISA စမတ်မျက်မှန်အမျိုးအစားသစ်တွေကို မိတ်ဆက်ပေးခဲ့ပါတယ်။ ဒီဒီဇိုင်းမှာ</p>

နည်းပညာကုမ္ပဏီ Meta (မတ်တာ)က  Meta Glasses by LISA စမတ်မျက်မှန်အမျိုးအစားသစ်တွေကို မိတ်ဆက်ပေးခဲ့ပါတယ်။ ဒီဒီဇိုင်းမှာ မတ်တာရဲ့ နောက်ဆုံးပေါ် အေအိုင်နည်းပညာတွေနဲ့အတူ LISA ရဲ့ ကိုယ်ပိုင်ဟန်တွေကို ပေါင်းစပ်ဖန်တီးထားတာဖြစ်ပါတယ်။ အဲဒီ အထူးဒီဇိုင်းမှာ Meta Adventurer LISA Edition နဲ့ Meta Capri LISA Edition ဆိုပြီး ပုံစံနှစ်မျိုး ပါဝင်ပါတယ်။

SaveClip.App 817198075 18796257934001321 7624423785359044186 n

အဲဒီ စမတ်မျက်မှန်တွေမှာ LISA  ရဲ့ အမှတ်သင်္ကေတ ကြယ်ပုံစံဒီဇိုင်းတွေကို မျက်မှန်ကိုင်းနဲ့ အားသွင်းဘူးတွေမှာ ထည့်သွင်းပေးထားပါတယ်။ ဒါ့အပြင် သူ့ရဲ့ အိမ်မွေးတိရစ္ဆာန်လေးတွေဆီက အိုင်ဒီယာယူထားတဲ့ ချိတ်ဆွဲပစ္စည်းလေးတွေနဲ့ မျက်မှန်ကနေတစ်ဆင့် ရယူနိုင်မယ့် ဒစ်ဂျစ်တယ် ဖိုတိုကတ် စုဆောင်းမှုတွေလည်း ပါဝင်ပါတယ်။ နည်းပညာပိုင်းအနေနဲ့ 12MP ကင်မရာ၊ 3K ဗီဒီယိုရိုက်ကူးနိုင်စွမ်း၊ စပီကာနဲ့ မိုက်ခရိုဖုန်းတို့ ပါဝင်ပြီး ဘက်ထရီသက်တမ်း ၈ နာရီအထိ အသုံးပြုနိုင်ပါတယ်။

SaveClip.App 818122865 18796257913001321 2093822924008320625 n

ဒီစမတ်မျက်မှန်တွေကို စတင်ရောင်းချမယ့်ဈေးနှုန်းကတော့ အမေရိကန်ဒေါ်လာ ၃၉၉ ဒေါ်လာ (ထိုင်းဘတ်ငွေ ၁၃,၃၀၀ ခန့်) ဖြစ်ပါတယ်။ Meta  အနေနဲ့ အရင်က Kylie Jenner နဲ့ ပူးပေါင်းခဲ့ဖူးသလို ခုလို ကမ္ဘာကျော် အာရှပေါ့ပ်စတား LISA  နဲ့ ပူးပေါင်းလိုက်တာဟာ စမတ်မျက်မှန်နည်းပညာကို လူတိုင်းရဲ့ နေ့စဉ်လူနေမှုဘဝနဲ့ ဖက်ရှင်လောကထဲ ပိုမိုတွဲဖက်နေရာယူလာနိုင်အောင် လုပ်ဆောင်လိုက်တာပဲဖြစ်ပါတယ်။

Ref : Khaosod

ဆက်စပ်သတင်းများ

Meta က Muse AI စနစ်သုံး Charm အမည်ရှိ ကိရိယာသစ်နှင့် VR မျက်မှန်များကို မိတ်ဆက်

9/25/2026

AI နဲ့ နေ့စဉ်ပြဿနာတွေကို ဖြေရှင်းပြီး ကြည့်ရှုသူ သန်း ၂၀ ရဲ့ အားပေးမှုရထားတဲ့ ၁၃ နှစ်အရွယ် တရုတ်ကျောင်းသား

9/25/2026

iPhone 18 Pro Max ဘက်ထရီပမာဏ နည်းနေရတဲ့ လျှို့ဝှက်ချက်

9/25/2026

  • ပင်မ
  • သတင်း
  • ဗီဒီယိုများ
  • စမတ်ဖုန်းများ
MyTech Myanmar

နည်းပညာ၊ ဖုန်း နှင့် Gadget သတင်းများ | Reviews & Updates

ဆောင်းပါးကဏ္ဍ

သတင်းဗီဒီယိုများ

ဈေးနှုန်းကဏ္ဍ

ဖုန်းအားလုံးဈေးနှုန်းကျဆင်းမှုအကောင်းဆုံးဈေးနှုန်းဖုန်းနှိုင်းယှဉ်ရန်ဖုန်းဆိုင်များ

ဆက်သွယ်ရန်

FacebookYouTubeInstagramTikTok

© 2026 MyTech Myanmar. မူပိုင်ခွင့်အားလုံး ထိန်းသိမ်းထားသည်။

mytechmyanmar.com